"နှစ်ပေါင်း (၅ဝဝ)အတွင်း အိမ်ငှားခ တစ်ပြားမှ မတက်တဲ့ တစ်ခုတည်းသောနေရာ" (ထူးခြားသုတဆောင်းပါး)

 761

ဝတီ (NP News) - အောက်တိုဘာ ၁၈

လူအများစုရဲ့ ဝင်ငွေထဲက ထက်ဝက်နီးပါးဟာ တစ်လတစ်လ အိမ်ငှားခ ပေးရတာနဲ့ပဲ ကုန်သွားရပါတော့တယ်။ အိမ်ငှားခအဆက်မပြတ်တက်တဲ့ဒဏ်ကို ဝင်ငွေနည်း လူတန်းစားကပဲ ခါးစည်းခံနေကြရတာပါ။ ငွေကြေးဖောင်းပွလာပြီး ငွေတန်ဖိုး ကျလာတာ၊ အိမ်ခြံမြေဈေးနှုန်း တက်လာတာ၊ နယ်ကနေ မြို့တက်လာတဲ့လူတွေများ လာပြီး အိမ်ငှားချင်တဲ့လူတွေ များသထက် ပိုများလာတာစတဲ့အချက်တွေဟာ အိမ်ငှားခတက်ရတဲ့ အဓိက အကြောင်းရင်းတွေပါပဲ။ မြန်မာနိုင်ငံတစ်ခုတည်းမှာမှ မဟုတ်ဘဲ ကမ္ဘာပေါ်မှာလည်း လူအများစုဟာ အိမ် မပိုင်ကြပါဘူး။ အခုလို စီးပွား ရေးအခြေအနေမျိုးမှာတော့ အိမ်ပိုင်ရှိတဲ့လူတွေ ပိုလို့တောင် နည်းလာနေပါသတဲ့။ ငွေကြေး ဖောင်းပွပြီး အိမ်ငှားခတွေ တက်သထက် တက်လာတော့ အိမ်ငှားဘဝကနေ အိမ်ပိုင် ဘဝရောက်ဖို့ဆိုတာ ပိုလို့တောင် ခက်သွားပြီမဟုတ်လား။

တစ်ကမ္ဘာလုံးလိုလိုမှာ အိမ်ငှားခတွေ တပြိုင်နက်တည်း တက်နေကြပေမယ့် အိမ် ငှားခ တစ်ပြားမှ မတက်တာ နှစ်ပေါင်း ၅ဝဝ တောင်ရှိနေပြီဆိုတဲ့ နေရာတစ်ခု ရှိပါတယ်။ ပြီးတော့ သူ့အိမ်ငှားခကလည်း ကြားရသူတိုင်း မယုံနိုင်လောက်အောင်ကို နည်းပါတယ်။ ဟုတ်ပါတယ်။ အဲဒီမှာဆိုရင် အိမ်ငှားခက တစ်နှစ်ပတ်လုံးကိုမှ တစ်ဒေါ်လာပဲ ပေးရတာပါ။ အဲဒီနေရာလေးကတော့ ဂျာမနီနိုင်ငံ၊ အပ်ဂ်ဘာ့ဂ်မြို့ (Augsburg) စွန်ဘက်မှာ တည်ရှိပါတယ်။ မြို့စွန်မှာ ဖတ်ဂါရီ (Fuggerei) ဆိုတဲ့ ရွာလေးရှိပြီး အဲဒီမှာ လူမှုအိမ်ရာတစ်ခု ရှိတယ်လေ။ အဲဒီအိမ်ရာမှာ ငှားနေတဲ့လူတွေ
အိမ်ငှားခ တစ်ပြားမှ တိုးမပေးရတာ အိမ်ရာ စတင်တည်ထောင်ခဲ့တဲ့ ၁၅၂၁ ခုနှစ်ကတည်းကပါပဲတဲ့။ ကဲ..ဘယ်လောက်အထိ အံ့သြဖို့ ကောင်းလိုက်သလဲနော်။ ဒီအိမ်ရာကို သက်တမ်း အရင့်ဆုံးရှေးဟောင်း အဆောက်အအုံလို့လည်း ယူဆလို့ရပါတယ်။

အဲဒီအိမ်ရာကို ဂျေးကော့ဘ်ဖတ်ဂါ (Jakob Fugger)ဆိုတဲ့ သူဋ္ဌေးကြီးက တည် ဆောက်ပေးခဲ့တာပါ။ ဆင်းရဲနွမ်းပါးတွေအတွက်ရည်ရွယ်ပြီး သူဋ္ဌေးကြီးက အဲဒီလို ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါသတဲ့။ အိမ်ရာမှာ လာနေချင်သူတွေအတွက် သတ်မှတ်ထားတဲ့အချက်တွေကလည်း ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝ က အတိုင်းပါပဲ။ အဲဒီအိမ်ရာမှာ လာနေချင်တယ်ဆိုရင် ကိုယ့်ငွေကြေးအခြေအနေမှန်ရယ်၊ အ ကြွေး ကင်းစင်ကြောင်းရယ်ပဲ ပြဖို့လိုတာလေ။ အိမ်ရာမှာ တိုက်ပေါင်း ၆၇ လုံး ရှိပြီး အဲဒီတိုက်တွေကို တိုက်ခန်းပေါင်း ၁၄၇ ခန်းနဲ့ထပ်ဆင့်ခွဲထားပါတယ်။ အဲဒီထဲက တိုက်တစ်လုံးကိုတော့ အလယ်ခေတ် လူနေမှုပုံစံ နမူနာအဖြစ် ပြထားချင်တာကြောင့် ဘာမှ ပြင်ဆင်မွမ်းမံမထားပါဘူး။ အိမ်ရာမှာ လက်ရှိ နေထိုင်သူအများစုဟာ ပင်စင်လစာ နည်းနည်းလေးပဲရတဲ့ သက်ကြီးရွယ်အိုတွေပဲ ဖြစ်ပါတယ်။

အိမ်ရာဟာနှစ်ပေါင်း ၅ဝဝ အတွင်းမှာ ပျက်စီးတဲ့ဒဏ်တွေ အကြိမ်ကြိမ်ခံခဲ့ရတောင်
အိမ်လခ တစ်ပြားမှ တိုးမကောက်တာ အံ့သြဖို့ကောင်းလှပါတယ်။ နှစ်ပေါင်း ၅ဝဝ ကာလအတွင်းမှာ စစ်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာဆိုတော့ အိမ်ရာဟာ နှစ်ပေါင်း ၅ဝဝ သမိုင်းတစ်လျှောက်မှာ အကြိမ်ကြိမ်ပျက်စီးသွားခဲ့ရပြီး အဲဒီထဲမှာ သုံးကြိမ်ကျော်ကတော့ ဆိုးဆိုးဝါးဝါးကို ပျက်စီးသွားခဲ့ရတာပါ။ အဆိုးတကာ့ အဆိုးဆုံးကတော့ ဒုတိယကမ္ဘာစစ်တုန်းကပေါ့။ အဲဒီတုန်းကဆိုရင် အိမ်ရာရဲ့ ၇ဝ ရာခိုင်နှုန်းဟာဗုံးကြောင့် ပျက်စီးသွားခဲ့ရတာပါ။ ဒါပေမဲ့ အိမ်ရာကို ပြန်ပြင်တိုင်း မူလလက်ရာ အတိုင်းပဲ ဖြစ်အောင် လုပ်ပါတယ်။ တိုက်ခန်းရဲ့အတွင်းပိုင်းတွေကိုတော့ ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ပေမယ့်အပြင်ပိုင်းကိုတော့ မူလပုံစံအတိုင်းပဲ ထိန်းသိမ်းထားပါတယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝ တုန်းကဆိုရင် ပေါင်မုန့်တစ်လုံးကို ၂ ဆင့် (၂ ပြား)ပဲရှိပေမယ့် အခုအချိန်မှာတော့ ပေါင်မုန့်တစ်လုံးကို ၁ ဒေါ်လာဝန်းကျင် ရှိပါတယ်။ ဒီအိမ် ရာကို လာလေ့လာချင်တယ်ဆိုရင်တော့ ဝင်ကြေးအဖြစ် အိမ်ငှားခ ငါးနှစ်စာ ပေးရပါမယ်။ ဟုတ်ပါတယ်။ အိမ်ငှားခ ငါးနှစ်စာဆိုတော့ ငါးဒေါ်လာပါ။ ဒီနေရာအ ကြောင်းကို ဒီနေ့ခေတ်လူအများစု မကြားဖူးကြတော့ဘူးဆိုပေမယ့် တစ်ခေတ်တစ်ခါတုန်းကတော့ သူလည်း အတော်လူသိများထင်ရှားခဲ့ပါတယ်။ ဒီအိမ်ရာမှာ ကမ္ဘာကျော် မိုးဇက် (Mozart)ရဲ့ ဘီတစ်ယောက် နေထိုင်သွားခဲ့ဖူးတယ်လေ။ ဒါကြောင့်ဒီနေရာဟာ တစ်ခေတ်တစ်ခါတုန်းကတော့ အတော် နာမည်ကြီးလိုက်သေးတာပေါ့။ ဒီအိမ်ရာအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ ထူးခြားတဲ့အချက်ကတော့ ဒီမှာနေတဲ့လူတွေက တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီလေ့ရှိတာပါပဲ။ ပြီးတော့ လာလေ့လာတဲ့ လူတွေကိုလည်းသူတို့ကနွေးနွေးထွေးထွေး၊ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြလေ့ရှိပါတယ်။ လာလေ့လာတဲ့လူတွေကလည်း အိမ်ရာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာပါ။

zawgyi version
"ႏွစ္ေပါင္း (၅ဝဝ)အတြင္း အိမ္ငွားခ တစ္ျပားမွ မတက္တဲ့ တစ္ခုတည္းေသာေနရာ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေအာက္တိုဘာ ၁၈

လူအမ်ားစုရဲ႕ ဝင္ေငြထဲက ထက္ဝက္နီးပါးဟာ တစ္လတစ္လ အိမ္ငွားခ ေပးရတာနဲ႔ပဲ ကုန္သြားရပါေတာ့တယ္။ အိမ္ငွားခအဆက္မျပတ္တက္တဲ့ဒဏ္ကို ဝင္ေငြနည္း လူတန္းစားကပဲ ခါးစည္းခံေနၾကရတာပါ။ ေငြေၾကးေဖာင္းပြလာၿပီး ေငြတန္ဖိုး က်လာတာ၊ အိမ္ၿခံေျမေဈးႏႈန္း တက္လာတာ၊ နယ္ကေန ၿမိဳ႕တက္လာတဲ့လူေတြမ်ား လာၿပီး အိမ္ငွားခ်င္တဲ့လူေတြ မ်ားသထက္ ပိုမ်ားလာတာစတဲ့အခ်က္ေတြဟာ အိမ္ငွားခတက္ရတဲ့ အဓိက အေၾကာင္းရင္းေတြပါပဲ။ ျမန္မာႏိုင္ငံတစ္ခုတည္းမွာမွ မဟုတ္ဘဲ ကမာၻေပၚမွာလည္း လူအမ်ားစုဟာ အိမ္ မပိုင္ၾကပါဘူး။ အခုလို စီးပြား ေရးအေျခအေနမ်ိဳးမွာေတာ့ အိမ္ပိုင္ရွိတဲ့လူေတြ ပိုလို႔ေတာင္ နည္းလာေနပါသတဲ့။ ေငြေၾကး ေဖာင္းပြၿပီး အိမ္ငွားခေတြ တက္သထက္ တက္လာေတာ့ အိမ္ငွားဘဝကေန အိမ္ပိုင္ ဘဝေရာက္ဖို႔ဆိုတာ ပိုလို႔ေတာင္ ခက္သြားၿပီမဟုတ္လား။

တစ္ကမာၻလုံးလိုလိုမွာ အိမ္ငွားခေတြ တၿပိဳင္နက္တည္း တက္ေနၾကေပမယ့္ အိမ္ ငွားခ တစ္ျပားမွ မတက္တာ ႏွစ္ေပါင္း ၅ဝဝ ေတာင္ရွိေနၿပီဆိုတဲ့ ေနရာတစ္ခု ရွိပါတယ္။ ၿပီးေတာ့ သူ႔အိမ္ငွားခကလည္း ၾကားရသူတိုင္း မယုံႏိုင္ေလာက္ေအာင္ကို နည္းပါတယ္။ ဟုတ္ပါတယ္။ အဲဒီမွာဆိုရင္ အိမ္ငွားခက တစ္ႏွစ္ပတ္လုံးကိုမွ တစ္ေဒၚလာပဲ ေပးရတာပါ။ အဲဒီေနရာေလးကေတာ့ ဂ်ာမနီႏိုင္ငံ၊ အပ္ဂ္ဘာ့ဂ္ၿမိဳ႕ (Augsburg) စြန္ဘက္မွာ တည္ရွိပါတယ္။ ၿမိဳ႕စြန္မွာ ဖတ္ဂါရီ (Fuggerei) ဆိုတဲ့ ႐ြာေလးရွိၿပီး အဲဒီမွာ လူမႈအိမ္ရာတစ္ခု ရွိတယ္ေလ။ အဲဒီအိမ္ရာမွာ ငွားေနတဲ့လူေတြ
အိမ္ငွားခ တစ္ျပားမွ တိုးမေပးရတာ အိမ္ရာ စတင္တည္ေထာင္ခဲ့တဲ့ ၁၅၂၁ ခုႏွစ္ကတည္းကပါပဲတဲ့။ ကဲ..ဘယ္ေလာက္အထိ အံ့ၾသဖို႔ ေကာင္းလိုက္သလဲေနာ္။ ဒီအိမ္ရာကို သက္တမ္း အရင့္ဆုံးေရွးေဟာင္း အေဆာက္အအုံလို႔လည္း ယူဆလို႔ရပါတယ္။

အဲဒီအိမ္ရာကို ေဂ်းေကာ့ဘ္ဖတ္ဂါ (Jakob Fugger)ဆိုတဲ့ သူေ႒းႀကီးက တည္ ေဆာက္ေပးခဲ့တာပါ။ ဆင္းရဲႏြမ္းပါးေတြအတြက္ရည္႐ြယ္ၿပီး သူေ႒းႀကီးက အဲဒီလို ေဆာက္လုပ္လႉဒါန္းခဲ့တာျဖစ္ပါသတဲ့။ အိမ္ရာမွာ လာေနခ်င္သူေတြအတြက္ သတ္မွတ္ထားတဲ့အခ်က္ေတြကလည္း ဟိုးလြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅ဝဝ က အတိုင္းပါပဲ။ အဲဒီအိမ္ရာမွာ လာေနခ်င္တယ္ဆိုရင္ ကိုယ့္ေငြေၾကးအေျခအေနမွန္ရယ္၊ အ ေႂကြး ကင္းစင္ေၾကာင္းရယ္ပဲ ျပဖို႔လိုတာေလ။ အိမ္ရာမွာ တိုက္ေပါင္း ၆၇ လုံး ရွိၿပီး အဲဒီတိုက္ေတြကို တိုက္ခန္းေပါင္း ၁၄၇ ခန္းနဲ႔ထပ္ဆင့္ခြဲထားပါတယ္။ အဲဒီထဲက တိုက္တစ္လုံးကိုေတာ့ အလယ္ေခတ္ လူေနမႈပုံစံ နမူနာအျဖစ္ ျပထားခ်င္တာေၾကာင့္ ဘာမွ ျပင္ဆင္မြမ္းမံမထားပါဘူး။ အိမ္ရာမွာ လက္ရွိ ေနထိုင္သူအမ်ားစုဟာ ပင္စင္လစာ နည္းနည္းေလးပဲရတဲ့ သက္ႀကီး႐ြယ္အိုေတြပဲ ျဖစ္ပါတယ္။

အိမ္ရာဟာႏွစ္ေပါင္း ၅ဝဝ အတြင္းမွာ ပ်က္စီးတဲ့ဒဏ္ေတြ အႀကိမ္ႀကိမ္ခံခဲ့ရေတာင္
အိမ္လခ တစ္ျပားမွ တိုးမေကာက္တာ အံ့ၾသဖို႔ေကာင္းလွပါတယ္။ ႏွစ္ေပါင္း ၅ဝဝ ကာလအတြင္းမွာ စစ္ပြဲေတြ အႀကိမ္ႀကိမ္ျဖစ္ခဲ့တာဆိုေတာ့ အိမ္ရာဟာ ႏွစ္ေပါင္း ၅ဝဝ သမိုင္းတစ္ေလွ်ာက္မွာ အႀကိမ္ႀကိမ္ပ်က္စီးသြားခဲ့ရၿပီး အဲဒီထဲမွာ သုံးႀကိမ္ေက်ာ္ကေတာ့ ဆိုးဆိုးဝါးဝါးကို ပ်က္စီးသြားခဲ့ရတာပါ။ အဆိုးတကာ့ အဆိုးဆုံးကေတာ့ ဒုတိယကမာၻစစ္တုန္းကေပါ့။ အဲဒီတုန္းကဆိုရင္ အိမ္ရာရဲ႕ ၇ဝ ရာခိုင္ႏႈန္းဟာဗုံးေၾကာင့္ ပ်က္စီးသြားခဲ့ရတာပါ။ ဒါေပမဲ့ အိမ္ရာကို ျပန္ျပင္တိုင္း မူလလက္ရာ အတိုင္းပဲ ျဖစ္ေအာင္ လုပ္ပါတယ္။ တိုက္ခန္းရဲ႕အတြင္းပိုင္းေတြကိုေတာ့ ေခတ္နဲ႔ေလ်ာ္ညီေအာင္ ျပင္ဆင္ေပမယ့္အျပင္ပိုင္းကိုေတာ့ မူလပုံစံအတိုင္းပဲ ထိန္းသိမ္းထားပါတယ္တဲ့။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅ဝဝ တုန္းကဆိုရင္ ေပါင္မုန႔္တစ္လုံးကို ၂ ဆင့္ (၂ ျပား)ပဲရွိေပမယ့္ အခုအခ်ိန္မွာေတာ့ ေပါင္မုန႔္တစ္လုံးကို ၁ ေဒၚလာဝန္းက်င္ ရွိပါတယ္။ ဒီအိမ္ ရာကို လာေလ့လာခ်င္တယ္ဆိုရင္ေတာ့ ဝင္ေၾကးအျဖစ္ အိမ္ငွားခ ငါးႏွစ္စာ ေပးရပါမယ္။ ဟုတ္ပါတယ္။ အိမ္ငွားခ ငါးႏွစ္စာဆိုေတာ့ ငါးေဒၚလာပါ။ ဒီေနရာအ ေၾကာင္းကို ဒီေန႔ေခတ္လူအမ်ားစု မၾကားဖူးၾကေတာ့ဘူးဆိုေပမယ့္ တစ္ေခတ္တစ္ခါတုန္းကေတာ့ သူလည္း အေတာ္လူသိမ်ားထင္ရွားခဲ့ပါတယ္။ ဒီအိမ္ရာမွာ ကမာၻေက်ာ္ မိုးဇက္ (Mozart)ရဲ႕ ဘီတစ္ေယာက္ ေနထိုင္သြားခဲ့ဖူးတယ္ေလ။ ဒါေၾကာင့္ဒီေနရာဟာ တစ္ေခတ္တစ္ခါတုန္းကေတာ့ အေတာ္ နာမည္ႀကီးလိုက္ေသးတာေပါ့။ ဒီအိမ္ရာအသိုင္းအဝိုင္းနဲ႔ ပတ္သက္လို႔ ထူးျခားတဲ့အခ်က္ကေတာ့ ဒီမွာေနတဲ့လူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ႐ိုင္းပင္းကူညီေလ့ရွိတာပါပဲ။ ၿပီးေတာ့ လာေလ့လာတဲ့ လူေတြကိုလည္းသူတို႔ကေႏြးေႏြးေထြးေထြး၊ လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုၾကေလ့ရွိပါတယ္။ လာေလ့လာတဲ့လူေတြကလည္း အိမ္ရာက သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာရမွာပါ။

Related news

© 2021. All rights reserved.