ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ

 118

ရောင်နီ (NP News) - ဧပြီ ၂၃

ပါကစ္စတန်နိုင်ငံမှာ နိုင်ငံတစ်ဝန်း လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးအရေးပေါ်အခြေအနေ စိုးရိမ်မှုများဖြစ်ပေါ်နေပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ ပြုလုပ်နေရပါတယ်။

ပါကစ္စတန်ရဲ့ လူဦးရေအများဆုံးပြည်နယ် ပန်ဂျပ်မှာ အသက်ငါးနှစ်အောက်ကလေး (၁၁)သန်းကျော်ဟာ လေထုညစ်ညမ်းမှုကြောင့် အဆိပ်သင့်နေတဲ့လေကို နေ့စဉ်နဲ့အမျှ ထိတွေ့နေရတယ်လို့ ကုလ သမဂ္ဂက ဆိုပါတယ်။ ဆွစ်ဇာလန်လေထုအရည်အသွေးခြေရာခံ IQAir ရဲ့ဖော်ပြချက်အရ ပါကစ္စတန်နိုင်ငံ မြို့တော်မှာ မကြာခဏဆိုသလို ကမ္ဘာ့လေထုအရည်အသွေး အညွှန်းကိန်း (၁၀၀)ထက်ကျော်လွန်နေလေ့ရှိပြီး ကျန်းမာရေးကို ထိခိုက်စေတဲ့ PM2.5 ပမာဏဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၄ နာရီလေထုအရည်အသွေး လမ်းညွှန်ချက်တွေထက် (၁၅)မိုက်ခရိုဂရမ် ကျော်လွန်နေပါတယ်။ ဒီလေထုညစ်ညမ်းမှုဟာ ကလေးတွေရဲ့ ကျန်းမာရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

လေထုညစ်ညမ်းမှုဟာ ကျောင်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေရုံသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေတာကိုလည်း တွေ့ရှိရပါတယ်။ Trinity School Lahore မှ ကျောင်းအုပ် တိုင်မာဘန်ဒေရဲ့ဖော်ပြချက်အရ ကျောင်းသားတွေဟာ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုတို့ကြောင့် ကျောင်းရဲ့ကျန်းမာရေးအတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ပါ ဆွေးနွေးအကြံပြုချက် ရယူနေရတယ်လို့ သိရပါတယ်။

zawgyi version
ပါကစၥတန္မွာ ေလထုညစ္ညမ္းမႈေၾကာင့္ ကေလးမ်ား ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရး ထိခိုက္လ်က္ရွိ
ေရာင္နီ (NP News) - ဧၿပီ ၂၃

ပါကစၥတန္ႏိုင္ငံမွာ ႏိုင္ငံတစ္ဝန္း ေလထုညစ္ညမ္းမႈေၾကာင့္ က်န္းမာေရးအေရးေပၚအေျခအေန စိုးရိမ္မႈမ်ားျဖစ္ေပၚေနၿပီး ကိုင္တြယ္ေျဖရွင္းဖို႔ ႀကိဳးပမ္းေဆာင္႐ြက္မႈေတြ ျပဳလုပ္ေနရပါတယ္။

ပါကစၥတန္ရဲ႕ လူဦးေရအမ်ားဆုံးျပည္နယ္ ပန္ဂ်ပ္မွာ အသက္ငါးႏွစ္ေအာက္ကေလး (၁၁)သန္းေက်ာ္ဟာ ေလထုညစ္ညမ္းမႈေၾကာင့္ အဆိပ္သင့္ေနတဲ့ေလကို ေန႔စဥ္နဲ႔အမွ် ထိေတြ႕ေနရတယ္လို႔ ကုလ သမဂၢက ဆိုပါတယ္။ ဆြစ္ဇာလန္ေလထုအရည္အေသြးေျခရာခံ IQAir ရဲ႕ေဖာ္ျပခ်က္အရ ပါကစၥတန္ႏိုင္ငံ ၿမိဳ႕ေတာ္မွာ မၾကာခဏဆိုသလို ကမာၻ႔ေလထုအရည္အေသြး အၫႊန္းကိန္း (၁၀၀)ထက္ေက်ာ္လြန္ေနေလ့ရွိၿပီး က်န္းမာေရးကို ထိခိုက္ေစတဲ့ PM2.5 ပမာဏဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ၂၄ နာရီေလထုအရည္အေသြး လမ္းၫႊန္ခ်က္ေတြထက္ (၁၅)မိုက္ခ႐ိုဂရမ္ ေက်ာ္လြန္ေနပါတယ္။ ဒီေလထုညစ္ညမ္းမႈဟာ ကေလးေတြရဲ႕ က်န္းမာေရးအတြက္ အႀကီးမားဆုံးၿခိမ္းေျခာက္မႈတစ္ခုလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕က ဆိုပါတယ္။

ေလထုညစ္ညမ္းမႈဟာ ေက်ာင္းသားေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ထိခိုက္ေစ႐ုံသာမက စိတ္က်န္းမာေရးကိုပါ ထိခိုက္ေစတာကိုလည္း ေတြ႕ရွိရပါတယ္။ Trinity School Lahore မွ ေက်ာင္းအုပ္ တိုင္မာဘန္ေဒရဲ႕ေဖာ္ျပခ်က္အရ ေက်ာင္းသားေတြဟာ စိုးရိမ္ပူပန္မႈ၊ စိတ္ဓာတ္က်မႈတို႔ေၾကာင့္ ေက်ာင္းရဲ႕က်န္းမာေရးအတိုင္ပင္ခံပုဂၢိဳလ္ေတြနဲ႔ပါ ေဆြးေႏြးအႀကံျပဳခ်က္ ရယူေနရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.