ယူနန်မှ မြန်မာငလျင်ဘေးအတွက် တရုတ်ယွမ် (၆၅၀,၀၀၀)ကျော်တန်ဖိုးရှိ ဆေးပစ္စည်းများ လှူဒါန်း

200

ချယ်ရီ(NP News)- ဧပြီ ၂၁
ယူနန်ပြည်နယ် (Yunnan Overseas Chinese Charity Foundation) မှ မြန်မာ့ငလျင်ဘေးအန္တရာယ်အတွက် တရုတ်ယွမ် (၆၅၈,၃၂၀)တန်ဖိုးရှိ ဆေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်(မတ်လ ၂၈ ရက်)က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မြို့ကြီးအချို့တွင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်အခြေအနေကြောင့် ငလျင်ဒဏ်သက်ရောက်ခဲ့သည့် နေရာများတွင် နေထိုင်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အတိဒုက္ခရောက်ရှိပြီး အဘက်ဘက်မှ လိုအပ်ချက်များ ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ ထိခိုက်ပျက်စီးမှုအပေါ် လူသားချင်းစာနာထောက်ထားသောအားဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ အဆိုပါသဘာဝဘေးဒဏ်သက်ရောက်သည့် ဒေသများကို ထောက်ပံ့ကူညီရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယူနန်ပြည်နယ် (Yunnan Overseas Chinese Charity Foundation) မှ မြန်မာနိုင်ငံ ငလျင်ဘေးအန္တရာယ်အတွက် တရုတ်ယွမ် (၆၅၈,၃၂၀) တန်ဖိုးရှိ ဆေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါလှူဒါန်းသည့် ဆေးပစ္စည်းများသည် လေကြောင်းမှတစ်ဆင့် တင်သွင်းခဲ့ရာ ယမန်နေ့(ဧပြီလ၂၀ရက်)က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး လှူဒါန်းသည့် ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ရှိသူများမှ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

Zawgyi Version:
ယူနန္မွ ျမန္မာငလ်င္ေဘးအတြက္ တ႐ုတ္ယြမ္ (၆၅၀,၀၀၀)ေက်ာ္တန္ဖိုးရွိ ေဆးပစၥည္းမ်ား လႉဒါန္း
ခ်ယ္ရီ(NP News)- ဧၿပီ ၂၁
ယူနန္ျပည္နယ္ (Yunnan Overseas Chinese Charity Foundation) မွ ျမန္မာ့ငလ်င္ေဘးအႏၲရာယ္အတြက္ တ႐ုတ္ယြမ္ (၆၅၈,၃၂၀)တန္ဖိုးရွိ ေဆးပစၥည္းမ်ား လႉဒါန္းခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္(မတ္လ ၂၈ ရက္)က လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမႏွင့္ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ ႀကီးမားေသာ ထိခိုက္ဆုံးရႈံးမႈျဖစ္ပြားခဲ့သည့္အေျခအေနေၾကာင့္ ငလ်င္ဒဏ္သက္ေရာက္ခဲ့သည့္ ေနရာမ်ားတြင္ ေနထိုင္သည့္ ျပည္သူမ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ အတိဒုကၡေရာက္ရွိၿပီး အဘက္ဘက္မွ လိုအပ္ခ်က္မ်ား ရွိေနခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါ ထိခိုက္ပ်က္စီးမႈအေပၚ လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ တ႐ုတ္-ျမန္မာ ပူးေပါင္းဆက္ဆံေရး ဗဟိုအသင္းမွ အဆိုပါသဘာဝေဘးဒဏ္သက္ေရာက္သည့္ ေဒသမ်ားကို ေထာက္ပံ့ကူညီရန္အတြက္ ေဆာင္႐ြက္ေပးလ်က္ရွိရာ ယူနန္ျပည္နယ္ (Yunnan Overseas Chinese Charity Foundation) မွ ျမန္မာႏိုင္ငံ ငလ်င္ေဘးအႏၲရာယ္အတြက္ တ႐ုတ္ယြမ္ (၆၅၈,၃၂၀) တန္ဖိုးရွိ ေဆးပစၥည္းမ်ား လႉဒါန္းခဲ့ေၾကာင္း ထုတ္ျပန္ထားခ်က္အရ သိရသည္။
အဆိုပါလႉဒါန္းသည့္ ေဆးပစၥည္းမ်ားသည္ ေလေၾကာင္းမွတစ္ဆင့္ တင္သြင္းခဲ့ရာ ယမန္ေန႔(ဧၿပီလ၂၀ရက္)က တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕မွတစ္ဆင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိခဲ့ၿပီး လႉဒါန္းသည့္ ေဆးပစၥည္းမ်ားကို က်န္းမာေရးဝန္ႀကီးဌာနသို႔ တ႐ုတ္-ျမန္မာ ပူးေပါင္းဆက္ဆံေရး ဗဟိုအသင္းမွ တာဝန္ရွိသူမ်ားမွ လႊဲေျပာင္းေပးအပ္လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။