၂ဝ၂၁-၂ဝ၂၂ ခုနှစ် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘန်ဇီမာ သိမ်းပိုက်

 434

ဖြိုးခန့် (NP News) - အောက်တိုဘာ ၁၈

ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သော တိုက်စစ်မှူး ဘန်ဇီမာသည် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ကို ရရှိခဲ့သည်။

ဘန်ဇီမာသည် ပြီးခဲ့သည့်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဟက်ထရစ်သွင်းဂိုးနှစ်ကြိမ် အပါအဝင် ခုနစ်ပွဲတွင် (၁ဝ)ဂိုး အထိ သွင်းယူနိုင်ခဲ့သည်။ ဘန်ဇီမာသည် ပြီးခဲ့သည့်နှစ်က တစ်နှစ်တာကမ္ဘာအကောင်းဆုံးကစားသမားစာရင်း၏ ထိပ်ဆုံး သုံးယောက်ထဲတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်းသိရသည်။

အဆိုပါဆုကို ရရှိပြီးနောက် ဘန်ဇီမာကဒီဆုက “ကျွန်တော့်ရှေ့မှာရှိနေတာက တကယ်ကို ဂုဏ်ယူစရာပါပဲ။ ကျွန်တော်ငယ်ငယ်တည်းက ဘယ်တော့မှလက်လျော့ခြင်းမရှိခဲ့ပါဘူး။ ဒီဆုဟာ တကယ်ကို ငယ်ဘဝ အိမ်မက်ပါပဲ၊၊ ကျွန်တော့်ဘဝမှာ စံနမူနာယူခဲ့တဲ့ လူနှစ်ဦးရှိပါတယ်။ ဇီဒန်းနဲ့ စီရော်နယ်ဒိုတို့ပါပဲ။ အရာအားလုံးဟာ ဖြစ်နိုင်တယ် ဆိုတဲ့ ကျွန်တော်ရဲ့စိတ်ကူးထဲမှာ ဒီအိမ်မက်က အမြဲတမ်းရှိခဲ့ပါတယ်။ ပြင်သစ်ဘောလုံးအသင်းမှာ မပါဝင်ရတဲ့ အချိန်မှာ ခက်ခဲ့တဲ့ကာလတွေရှိခဲ့ပေမယ့် ကျွန်တော်ဘယ်တော့မှ ကြိုးစားခြင်းကို မရပ်တန့်ခဲ့ပါဘူး။ ကျွန်တော် ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပါဘူး။ ကျွန်တော် အမြဲတမ်းခေါင်းထဲမှာ ဒီအကြောင်းပဲတွေးပြီး ဘောလုံးကို အကောင်းဆုံးကစားခဲ့တာပါ” ဟုပြောဆိုခဲ့သည်။

ဘန်ဇီမာသည် အဆိုပါဆုကို အသက်(၃၄)နှစ်အရွယ်မှ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးဆု ရယူနိုင်သူများထဲ အသက်အကြီးဆုံး ဆွတ်ခူးနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

ဘန်ဇီမာသည် ပြီးခဲ့သည့်ရာသီတွင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံကစားကာ သွင်းဂိုး(၄၄)ဂိုး၊ ဂိုးဖန်တီး မှု(၁၅)ကြိမ်ပြုလုပ်ခဲ့ပြီး တစ်နှစ်တာ ကမ္ဘာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဘန်ဇီမာ သည် (၁၉၉၈)ခုနှစ် ဇီဒန်းနောက်ပိုင်း တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သော ပထမဆုံး ပြင်သစ်ကစားသမားတစ်ဦးဖြစ်သည်။

Zawgyi Version;
၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ တစ္ႏွစ္တာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို ရီးရဲလ္မက္ဒရစ္အသင္းတိုက္စစ္မႉး ဘန္ဇီမာ သိမ္းပိုက္
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၁၈

ရီးရဲလ္မက္ဒရစ္အသင္းႏွင့္အတူ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ေသာ တိုက္စစ္မႉး ဘန္ဇီမာသည္ တစ္ႏွစ္တာ ကမာၻ႔အေကာင္းဆုံးကစားသမားဆု ကို ရရွိခဲ့သည္။

ဘန္ဇီမာသည္ ၿပီးခဲ့သည့္ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲတြင္ ဟက္ထရစ္သြင္းဂိုးႏွစ္ႀကိမ္ အပါအဝင္ ခုနစ္ပြဲတြင္ (၁ဝ)ဂိုး အထိ သြင္းယူႏိုင္ခဲ့သည္။ ဘန္ဇီမာသည္ ၿပီးခဲ့သည့္ႏွစ္က တစ္ႏွစ္တာကမာၻအေကာင္းဆုံးကစားသမားစာရင္း၏ ထိပ္ဆုံး သုံးေယာက္ထဲတြင္ ပါဝင္ခဲ့ျခင္းမရွိေၾကာင္းသိရသည္။

အဆိုပါဆုကို ရရွိၿပီးေနာက္ ဘန္ဇီမာကဒီဆုက “ကြၽန္ေတာ့္ေရွ႕မွာရွိေနတာက တကယ္ကို ဂုဏ္ယူစရာပါပဲ။ ကြၽန္ေတာ္ငယ္ငယ္တည္းက ဘယ္ေတာ့မွလက္ေလ်ာ့ျခင္းမရွိခဲ့ပါဘူး။ ဒီဆုဟာ တကယ္ကို ငယ္ဘဝ အိမ္မက္ပါပဲ၊၊ ကြၽန္ေတာ့္ဘဝမွာ စံနမူနာယူခဲ့တဲ့ လူႏွစ္ဦးရွိပါတယ္။ ဇီဒန္းနဲ႔ စီေရာ္နယ္ဒိုတို႔ပါပဲ။ အရာအားလုံးဟာ ျဖစ္ႏိုင္တယ္ ဆိုတဲ့ ကြၽန္ေတာ္ရဲ႕စိတ္ကူးထဲမွာ ဒီအိမ္မက္က အၿမဲတမ္းရွိခဲ့ပါတယ္။ ျပင္သစ္ေဘာလုံးအသင္းမွာ မပါဝင္ရတဲ့ အခ်ိန္မွာ ခက္ခဲ့တဲ့ကာလေတြရွိခဲ့ေပမယ့္ ကြၽန္ေတာ္ဘယ္ေတာ့မွ ႀကိဳးစားျခင္းကို မရပ္တန႔္ခဲ့ပါဘူး။ ကြၽန္ေတာ္ ဘယ္တုန္းကမွ လက္မေလွ်ာ့ခဲ့ပါဘူး။ ကြၽန္ေတာ္ အၿမဲတမ္းေခါင္းထဲမွာ ဒီအေၾကာင္းပဲေတြးၿပီး ေဘာလုံးကို အေကာင္းဆုံးကစားခဲ့တာပါ” ဟုေျပာဆိုခဲ့သည္။

ဘန္ဇီမာသည္ အဆိုပါဆုကို အသက္(၃၄)ႏွစ္အ႐ြယ္မွ ရယူႏိုင္ခဲ့ျခင္းျဖစ္ၿပီး တစ္ႏွစ္တာ ကမာၻ႔အေကာင္းဆုံးဆု ရယူႏိုင္သူမ်ားထဲ အသက္အႀကီးဆုံး ဆြတ္ခူးႏိုင္သူအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ေၾကာင္းသိရသည္။

ဘန္ဇီမာသည္ ၿပီးခဲ့သည့္ရာသီတြင္ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၿပိဳင္ပြဲစုံကစားကာ သြင္းဂိုး(၄၄)ဂိုး၊ ဂိုးဖန္တီး မႈ(၁၅)ႀကိမ္ျပဳလုပ္ခဲ့ၿပီး တစ္ႏွစ္တာ ကမာၻအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။ ဘန္ဇီမာ သည္ (၁၉၉၈)ခုႏွစ္ ဇီဒန္းေနာက္ပိုင္း တစ္ႏွစ္တာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ေသာ ပထမဆုံး ျပင္သစ္ကစားသမားတစ္ဦးျဖစ္သည္။

Related news

© 2021. All rights reserved.