ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားရှိ ပြစ်မှုကျူးလွန်ထားသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးလွှဲပြောင်းပေးရန် ရဲချုပ်မှ နိုင်ငံအလိုက် တွေ့ဆုံဆွေးနွေး

 911

NP News - အောက်တိုဘာ ၂၅

ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ ပြစ်မှုကျူးလွန်ထားသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးလွှဲပြောင်းပေးရန် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က နိုင်ငံအလိုက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထဲရေးဒုဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ပြီးခဲ့သော ရက်ပိုင်းအတွင်း အိန္ဒိ ယနိုင်ငံ၊ နယူးဒေလီမြို့၌ကျင်းပသည့် အကြိမ်(၉ဝ)မြောက် အင်တာပိုလ်အထွေ ထွေညီလာခံအတွင်း နိုင်ငံအလိုက် ရဲချုပ်များနှင့်တွေ့ဆုံကာ အထက်ပါကဲ့သို့ ဆွေး နွေးခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အင်တာပိုလ်ညီလာခံသို့ တက်ရောက်စဉ်ကာလအတွင်း ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်သည် မလေးရှားနိုင်ငံ CID ညွှန်ကြားရေးမှူးချုပ် ရဲဗိုလ်ချုပ် Kamarudin BINMP DIW နှင့် အင်ဒိုနီးရှားနိုင်ငံရဲအဖွဲ့ အင်တာပိုလ်အတွင်းရေးမှူး ရဲမှူးချုပ် Amur Chandra Juli Buana တို့ကို သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာ၌ နယ်စပ်ဒေသမှ မြန်မာနိုင်ငံသို့ တရားမဝင်ခိုးဝင်နေသည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးတို့ကို ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က ဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရောက်ရှိနေသည့် ပြစ်မှုကျူးလွန်နေသူ မြန်မာနိုင်ငံသားများအား ဖမ်းဆီးလွှဲပြောင်းပေးရေး၊ နှစ်နိုင်ငံတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရေးနှင့် ရဲတပ်ဖွဲ့အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထွေထွေညီလာခံကာလအတွင်း အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ကတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏အ ကြမ်းဖက်မှုတိုက်ဖျက်ရေး၌ အင်တာပိုလ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်ပနိုင်ငံများတွင် ခိုအောင်းနေသည့် မြန်မာနိုင်ငံသားအကြမ်း ဖက်သမားများကို တည်ဆဲဥပဒေများနှင့်အညီ တားဆီးနှိမ်နင်းရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ချုပ်ဇင်မင်းထက်သည် ထိုင်းတော်ဝင်ရဲအဖွဲ့ ရဲဗိုလ်ချုပ် Khemmarin Hassiri နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တွင် တတိယနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေမှု၊ မြန်မာနိုင်ငံသား အကြမ်းဖက်သမားများ ထိုင်းနိုင်ငံနယ်စပ်တွင် ခို အောင်းနေမှုများကို ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖော်ထုတ်တား ဆီးအရေးယူရန် ဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ထိုင္း၊ မေလးရွားႏွင့္ အင္ဒိုနီးရွားရွိ ျပစ္မႈက်ဴးလြန္ထားေသာ ျမန္မာႏိုင္ငံသားမ်ားကို ဖမ္းဆီးလႊဲေျပာင္းေပးရန္ ရဲခ်ဳပ္မွ ႏိုင္ငံအလိုက္ ေတြ႕ဆုံေဆြးေႏြး
NP News - ေအာက္တိုဘာ ၂၅

ထိုင္း၊ မေလးရွားႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔ရွိ ျပစ္မႈက်ဴးလြန္ထားေသာ ျမန္မာႏိုင္ငံသားမ်ားကို ဖမ္းဆီးလႊဲေျပာင္းေပးရန္ ရဲခ်ဳပ္ ဗိုလ္ခ်ဳပ္ဇင္မင္းထက္က ႏိုင္ငံအလိုက္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

ျပည္ထဲေရးဒုဝန္ႀကီး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္က ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း အိႏၵိ ယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕၌က်င္းပသည့္ အႀကိမ္(၉ဝ)ေျမာက္ အင္တာပိုလ္အေထြ ေထြညီလာခံအတြင္း ႏိုင္ငံအလိုက္ ရဲခ်ဳပ္မ်ားႏွင့္ေတြ႕ဆုံကာ အထက္ပါကဲ့သို႔ ေဆြး ေႏြးခဲ့ျခင္းျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အင္တာပိုလ္ညီလာခံသို႔ တက္ေရာက္စဥ္ကာလအတြင္း ရဲခ်ဳပ္ဗိုလ္ခ်ဳပ္ဇင္မင္းထက္သည္ မေလးရွားႏိုင္ငံ CID ၫႊန္ၾကားေရးမႉးခ်ဳပ္ ရဲဗိုလ္ခ်ဳပ္ Kamarudin BINMP DIW ႏွင့္ အင္ဒိုနီးရွားႏိုင္ငံရဲအဖြဲ႕ အင္တာပိုလ္အတြင္းေရးမႉး ရဲမႉးခ်ဳပ္ Amur Chandra Juli Buana တို႔ကို သီးျခားစီေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာ၌ နယ္စပ္ေဒသမွ ျမန္မာႏိုင္ငံသို႔ တရားမဝင္ခိုးဝင္ေနသည့္ မေလးရွားႏွင့္ အင္ဒိုနီးရွားႏိုင္ငံသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးတို႔ကို ရဲခ်ဳပ္ဗိုလ္ခ်ဳပ္ဇင္မင္းထက္က ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ မေလးရွားႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔တြင္ ေရာက္ရွိေနသည့္ ျပစ္မႈက်ဴးလြန္ေနသူ ျမန္မာႏိုင္ငံသားမ်ားအား ဖမ္းဆီးလႊဲေျပာင္းေပးေရး၊ ႏွစ္ႏိုင္ငံတည္ဆဲဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ေပးေရးႏွင့္ ရဲတပ္ဖြဲ႕အခ်င္းခ်င္းပူးေပါင္း ေဆာင္႐ြက္မႈ တိုးျမႇင့္ေရးတို႔ကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အေထြေထြညီလာခံကာလအတြင္း အင္တာပိုလ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ Mr. Jurgen Stock အား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲခ်ဳပ္ကေတြ႕ဆုံခဲ့ၿပီး ျမန္မာႏိုင္ငံ၏အ ၾကမ္းဖက္မႈတိုက္ဖ်က္ေရး၌ အင္တာပိုလ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ပူးေပါင္း ေဆာင္႐ြက္ေရး၊ ျပည္ပႏိုင္ငံမ်ားတြင္ ခိုေအာင္းေနသည့္ ျမန္မာႏိုင္ငံသားအၾကမ္း ဖက္သမားမ်ားကို တည္ဆဲဥပေဒမ်ားႏွင့္အညီ တားဆီးႏွိမ္နင္းေရးတို႔ကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္ဇင္မင္းထက္သည္ ထိုင္းေတာ္ဝင္ရဲအဖြဲ႕ ရဲဗိုလ္ခ်ဳပ္ Khemmarin Hassiri ႏွင့္ေတြ႕ဆုံခဲ့ၿပီး ႏွစ္ႏိုင္ငံနယ္စပ္တြင္ တတိယႏိုင္ငံသားမ်ား တရားမဝင္ ဝင္ေရာက္ေနမႈ၊ ျမန္မာႏိုင္ငံသား အၾကမ္းဖက္သမားမ်ား ထိုင္းႏိုင္ငံနယ္စပ္တြင္ ခို ေအာင္းေနမႈမ်ားကို ရဲတပ္ဖြဲ႕အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ေဖာ္ထုတ္တား ဆီးအေရးယူရန္ ေဆြးေႏြးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.