တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၄)ခုရှိ စစ်ဘေးရှောင်များကို ဆန်ရိက္ခာများ ANP ပါတီလှူဒါန်း

 664

မျိုးကြီး (NP News) - အောက်တိုဘာ ၂၆

တပ်မတော်နှင့် AA ကြား တစ်ကျော့ပြန်တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၄)ခုရှိ စစ်ဘေးရှောင်များကို ဆန်ရိက္ခာများ ရခိုင်အမျိုးသားပါတီ(ANP)မှ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ်(၃ဝ)၊ မောင်တောမြို့ နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆန်(၂၇)အိတ်၊ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ်(၃၉)အိတ်တို့ကို ရခိုင်အမျိုးသားပါတီက လှူဒါန်းထားကြောင်း သိရသည်။

ထို့ပြင် ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ်(၅ဝ)ကို လှူ ဒါန်းထားပြီး မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက်လည်း ဆန်အိတ်များလှူဒါန်းရန် စီစဉ်နေကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက NP News ကို ပြောသည်။

“ကျွန်တော်တို့ကတော့ လောလောဆယ် ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့အပေါ်မှာ တိုက်ပွဲရှောင်ပြည်သူတွေအတွက် လောလောဆယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ပါတီက နိုင်သလောက် ပါတီတာဝန်ရှိတဲ့သူတွေ၊ တစ်ချို့မိတ်ဆွေတွေက လှူဒါန်းတဲ့ ငွေတွေနဲ့လောလောဆယ်တော့ ဆန်ရိက္ခာ ပံ့ပိုးပေးနေတာတွေရှိတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

ရခိုင်ပြည်နယ်၌ ပြီးခဲ့သော သြဂုတ်လအတွင်းမှစ၍ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် တပ်မတော်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်အိမ်ကိုယ့်ယာကိုပစ်ပြီးမှ ဘာမှယူဆောင်လို့မရတဲ့အခြေအနေမှာ လိုအပ်တာကတော့ လူသုံးကုန်ပစ္စည်းနဲ့ အစားအစာကအစ၊ အဝတ်အစားကအစ နေရေးထိုင်ရေးက အကုန်လုံးလိုအပ်နေတာဖြစ်တယ်။ သူတို့က တိုက်ပွဲရှောင်လာတယ်ဆိုတာ ကိုယ့်အိမ်မှာ ဘာမှယူဆောင်ဖို့ အခွင့်အရေးမရခဲ့ဘဲနဲ့ အသက်ကို လုပြီးပြေးလာရတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့် လူတစ်ဦးတစ်ယောက်ချင်းမှာ အကုန်လုံးက လိုအပ်နေမှာဖြစ်တယ်လို့ ကျွန်တော်တို့က အဲဒီလို မြင်တယ်” ဟု ဦးသာထွန်းလှက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် အနည်းဆုံးစစ်ဘေးရှောင်ဦးရေမှာ သောင်းဂဏန်းကျော် ရှိနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထား သည်။

zawgyi version
တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္(၄)ခုရွိ စစ္ေဘးေရွာင္မ်ားကို ဆန္ရိကၡာမ်ား ANP ပါတီလႉဒါန္း
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၂၆

တပ္မေတာ္ႏွင့္ AA ၾကား တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားေၾကာင့္ စစ္ေရွာင္ေနရသည့္ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္(၄)ခုရွိ စစ္ေဘးေရွာင္မ်ားကို ဆန္ရိကၡာမ်ား ရခိုင္အမ်ိဳးသားပါတီ(ANP)မွ လႉဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္မ်ားအတြက္ ဆန္အိတ္(၃ဝ)၊ ေမာင္ေတာၿမိဳ႕ နယ္ရွိ စစ္ေဘးေရွာင္မ်ားအတြက္ ဆန္(၂၇)အိတ္၊ ေက်ာက္ေတာ္ၿမိဳ႕ရွိ စစ္ေဘးေရွာင္မ်ားအတြက္ ဆန္အိတ္(၃၉)အိတ္တို႔ကို ရခိုင္အမ်ိဳးသားပါတီက လႉဒါန္းထားေၾကာင္း သိရသည္။

ထို႔ျပင္ ရေသ့ေတာင္ၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္မ်ားအတြက္ ဆန္အိတ္(၅ဝ)ကို လႉ ဒါန္းထားၿပီး ေျမာက္ဦးၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္မ်ားအတြက္လည္း ဆန္အိတ္မ်ားလႉဒါန္းရန္ စီစဥ္ေနေၾကာင္း ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ဦးသာထြန္းလွက NP News ကို ေျပာသည္။

“ကြၽန္ေတာ္တို႔ကေတာ့ ေလာေလာဆယ္ ရခိုင္မွာ တစ္ေက်ာ့ျပန္တိုက္ပြဲျဖစ္လာတဲ့အေပၚမွာ တိုက္ပြဲေရွာင္ျပည္သူေတြအတြက္ ေလာေလာဆယ္ဒုကၡေရာက္ေနတဲ့ ျပည္သူေတြအတြက္ ကြၽန္ေတာ္တို႔ပါတီက ႏိုင္သေလာက္ ပါတီတာဝန္ရွိတဲ့သူေတြ၊ တစ္ခ်ိဳ႕မိတ္ေဆြေတြက လႉဒါန္းတဲ့ ေငြေတြနဲ႔ေလာေလာဆယ္ေတာ့ ဆန္ရိကၡာ ပံ့ပိုးေပးေနတာေတြရွိတယ္” ဟု ပါတီဥကၠ႒ ဦးသာထြန္းလွက ေျပာသည္။

ရခိုင္ျပည္နယ္၌ ၿပီးခဲ့ေသာ ၾသဂုတ္လအတြင္းမွစ၍ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ႏွင့္ တပ္မေတာ္တို႔အၾကား တစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ကိုယ့္အိမ္ကိုယ့္ယာကိုပစ္ၿပီးမွ ဘာမွယူေဆာင္လို႔မရတဲ့အေျခအေနမွာ လိုအပ္တာကေတာ့ လူသုံးကုန္ပစၥည္းနဲ႔ အစားအစာကအစ၊ အဝတ္အစားကအစ ေနေရးထိုင္ေရးက အကုန္လုံးလိုအပ္ေနတာျဖစ္တယ္။ သူတို႔က တိုက္ပြဲေရွာင္လာတယ္ဆိုတာ ကိုယ့္အိမ္မွာ ဘာမွယူေဆာင္ဖို႔ အခြင့္အေရးမရခဲ့ဘဲနဲ႔ အသက္ကို လုၿပီးေျပးလာရတဲ့ လူေတြျဖစ္တဲ့အတြက္ေၾကာင့္ လူတစ္ဦးတစ္ေယာက္ခ်င္းမွာ အကုန္လုံးက လိုအပ္ေနမွာျဖစ္တယ္လို႔ ကြၽန္ေတာ္တို႔က အဲဒီလို ျမင္တယ္” ဟု ဦးသာထြန္းလွက ဆက္လက္ေျပာသည္။

ရခိုင္ျပည္နယ္အတြင္း၌ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားေၾကာင့္ အနည္းဆုံးစစ္ေဘးေရွာင္ဦးေရမွာ ေသာင္းဂဏန္းေက်ာ္ ရွိႏိုင္ေၾကာင္း ၎က သုံးသပ္ေျပာဆိုထား သည္။

Related news

© 2021. All rights reserved.