ပျဉ်းမနားမြို့နယ်ရှိ သစ်ခွပန်းအရောင်းဆိုင်တွင် ဓားထောက်လုယက်ခဲ့သူများကို ဖမ်းဆီးရမိ

 1116

NP News - အောက်တိုဘာ ၃ဝ

ပျဉ်းမနားမြို့နယ်ရှိ သစ်ခွပန်းအရောင်းဆိုင်တွင် ဓားထောက်လုယက်ခဲ့သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့၊ အာဟာရသုခဈေးလမ်းရှိ “သီတာအောင်” သစ်ခွနှင့် ပန်းအလှပင်အရောင်းဆိုင်အား အောက်တိုဘာလ (၂၇)ရက်၊ နေ့လယ်ပိုင်းတွင် အမျိုးသား(၂)ဦးဝင်ရောက်လာပြီး ဓားထောက်လုယက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အား ဆိုင်ပိုင်ရှင်မှ လယ်ဝေးမြို့နယ်၊ အေလာရဲစခန်းတွင် လု ယက်မှုဖြင့်အမှုဖွင့်ခဲ့ကြောင်း အေလာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။

“ဟုတ်တယ်ဗျ။ အဲ့လူတွေကို မိပါပြီ။ ကျွန်တော်တို့ လှည့်ကင်းဆောင်ရွက်တဲ့အချိန်မှာမိတာပါ။ သူတို့တွေကို လုယက်မှုနဲ့ အမှုဖွင့်ထားတာပါ။ အခုတော့ ပျဉ်းမနားစခန်းကို လွှတ်လိုက်ပါပြီ” ဟု ၎င်းမှဆက်လက်ပြောသည်။

ဖမ်းဆီးရမိခဲ့သူများတွင် ဖြစ်စဉ်အား ကျူးလွန်ခဲ့သည့် အသက်(၂၆)နှစ်နှင့် အ သက်(၂၈)နှစ်အရွယ် အမျိုးသား(၂)ဦး အပါအဝင် အသက်(၃၃)နှစ်အရွယ် ကြံရာပါအမျိုးသမီး(၁)ဦး စုစုပေါင်း (၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား ပြီးခဲ့သည့် အောက်တိုဘာလ(၂၉)ရက် ညပိုင်းတွင် ရေခါကျေးရွာရှိ သုဿာန်အနီးတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပျဉ်းမနားစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း အေလာရဲစခန်းမှ သိရသည်။

zawgyi version
ပ်ဥ္းမနားၿမိဳ႕နယ္ရွိ သစ္ခြပန္းအေရာင္းဆိုင္တြင္ ဓားေထာက္လုယက္ခဲ့သူမ်ားကို ဖမ္းဆီးရမိ
NP News - ေအာက္တိုဘာ ၃ဝ

ပ်ဥ္းမနားၿမိဳ႕နယ္ရွိ သစ္ခြပန္းအေရာင္းဆိုင္တြင္ ဓားေထာက္လုယက္ခဲ့သူမ်ားကို ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ အာဟာရသုခေဈးလမ္းရွိ “သီတာေအာင္” သစ္ခြႏွင့္ ပန္းအလွပင္အေရာင္းဆိုင္အား ေအာက္တိုဘာလ (၂၇)ရက္၊ ေန႔လယ္ပိုင္းတြင္ အမ်ိဳးသား(၂)ဦးဝင္ေရာက္လာၿပီး ဓားေထာက္လုယက္ခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ၎တို႔အား ဆိုင္ပိုင္ရွင္မွ လယ္ေဝးၿမိဳ႕နယ္၊ ေအလာရဲစခန္းတြင္ လု ယက္မႈျဖင့္အမႈဖြင့္ခဲ့ေၾကာင္း ေအလာရဲစခန္းမွ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။

“ဟုတ္တယ္ဗ်။ အဲ့လူေတြကို မိပါၿပီ။ ကြၽန္ေတာ္တို႔ လွည့္ကင္းေဆာင္႐ြက္တဲ့အခ်ိန္မွာမိတာပါ။ သူတို႔ေတြကို လုယက္မႈနဲ႔ အမႈဖြင့္ထားတာပါ။ အခုေတာ့ ပ်ဥ္းမနားစခန္းကို လႊတ္လိုက္ပါၿပီ” ဟု ၎မွဆက္လက္ေျပာသည္။

ဖမ္းဆီးရမိခဲ့သူမ်ားတြင္ ျဖစ္စဥ္အား က်ဴးလြန္ခဲ့သည့္ အသက္(၂၆)ႏွစ္ႏွင့္ အ သက္(၂၈)ႏွစ္အ႐ြယ္ အမ်ိဳးသား(၂)ဦး အပါအဝင္ အသက္(၃၃)ႏွစ္အ႐ြယ္ ႀကံရာပါအမ်ိဳးသမီး(၁)ဦး စုစုေပါင္း (၃)ဦးတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

၎တို႔အား ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၂၉)ရက္ ညပိုင္းတြင္ ေရခါေက်း႐ြာရွိ သုႆာန္အနီးတြင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ပ်ဥ္းမနားစခန္းသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ေအလာရဲစခန္းမွ သိရသည္။

Related news

© 2021. All rights reserved.