အီရတ်နယ်စပ်အနီး အီရန်လိုလားသော ယာဉ်တန်းလေကြောင်းမှ တိုက်ခိုက်ခံရ

534

ရောင်နီ (NP News) - နိုဝင်ဘာ ၁ဝ
အီရတ်နယ်စပ်တစ်လျှောက် ဆီးရီးယားအရှေ့ပိုင်းမှာ လေကြောင်းမှ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အီရန်ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားများ ထိမှန်ခဲ့ပြီး အသေအပျောက်များခဲ့ကြောင်း ဆီးရီးယားစစ်ပွဲ စောင့်ကြည့်သူ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ အီရတ်စစ်ဘက် အရာရှိများက ပြောကြားခဲ့ပါတယ်။
အသေအပျောက် အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း အင်္ဂါနေ့ (နိုဝင် ဘာလ ၈ ရက်)နှောင်းပိုင်းက တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အချို့မှာအီရန်နိုင်ငံ သားများဖြစ်ကြောင်း အီရတ် စစ်တပ်အရာရှိနှစ်ဦးက ပြောကြားပါတယ်။ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ (၁၄)ဦး သေဆုံးခဲ့ပြီး အများစုမှာ တိုက် ခိုက်ရေးသမားများဖြစ်ကြောင်း ဆိုပါတယ်။ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီရာအက်ဇ်ဇောပြည်နယ်ရှိ တိုက်ခိုက်ရေးသမားများအတွက် “လောင်စာဆီတင် သင်္ဘောများနဲ့ လက်နက်များ တင်ဆောင်လာတဲ့ ထရပ်ကား”ယာဉ်တန်းကို တိုက်ခိုက်ခံခဲ့ရတာဖြစ် ကြောင်း ဆီးရီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
စီးနင်းတိုက်ခိုက်မှုကို မည်သူမည်ဝါ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်း လင်း မသိရသေးသော်လည်း အမေရိကန်စစ်တပ်ဟာ ယခင်က အလားတူတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ဖူးပါတယ်။ သို့သော်လည်း အမေရိကန်စစ်တပ်က ပါဝင်ပတ် သက်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။ အမေရိကန်တပ်ဖွဲ့များ သို့မဟုတ် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ (အဖွဲ့ဝင်များ)ဟာ ဆီးရီးယားနဲ့ နယ်စပ်ရှိ အီရတ်နိုင်ငံ အယ်ကိုင်းမ်မြို့မှာ လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း ကြည်းတပ်ဗိုလ်မှူး ရေချယ်အန်ဂျက်ဖ်ကော့က ပြောကြားခဲ့ပါတယ်။ ရေနံတင်ထရပ်ကား ၂၂ စီးပါ အဆိုပါ ယာဉ်တန်းဟာ အီရန်မှ လက်ဘနွန်သို့ ထွက်ခွာလာခဲ့တာ ဖြစ် ကြောင်း၊ အယ်လ်ကိုင်မ်–အဘူကာမေးလ် နယ်စပ်ဖြတ်ကျော်ဖြတ်ပြီး ဆီးရီးယားပိုင်နက်အတွင်းသို့ ဝင်ရောက်ပြီးနောက် ထရပ်ကား ဆယ်စီးတိုက်မိခဲ့ပြီး လေးစီးမှာ လုံးဝမီးလောင်သွားခဲ့ကြောင်း အီရတ်နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။
တက်ကြွလှုပ်ရှားသူအဖွဲ့ Deir Ezzor 24 ဟာ ဆီးရီးယားနယ်စပ်မြို့ အာဘူကာမေးလ် နဲ့ အနီးနားရှိ ဒေသများမှာ အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။ အသေအ ပျောက်နဲ့ပတ်သက်ပြီး တိကျတဲ့ သတင်းမသိရသေးပေမယ့် လေကြောင်းမှ တိုက် ခိုက်မှုကြောင့် အင်္ဂါနေ့နှောင်းပိုင်းက အနည်းဆုံး လူ ၁ဝ ဦးသေဆုံးခဲ့ကြောင်း အဆို ပါဒေသမှာ လည်ပတ်နေတဲ့ အီရတ်အရံအဖွဲ့များမှ အဖွဲ့ဝင်များက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် ယခု ယာဉ်တန်းတိုက်ခိုက်မှုကိုတော့ အမေရိကန် မောင်းသူမဲ့ လေယာဉ်များနဲ့ ရဟတ်ယာဉ်များက လုပ်ဆောင်ခဲ့တာဖြစ်ကြာင်း ၎င်းတို့က အခိုင်အမာပြောကြားပြီး ထရပ်ကား (၈) စီး ဆီးရီးယားသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုပါတယ်။ အီရန်လိုလားသော တိုက်ခိုက်ရေးသမားများဟာ အီရတ်-ဆီးရီးယားနယ်စပ်တဝိုက်မှာ စခန်းချလေ့ရှိပါတယ်။ အီရန်ဟာ ဆီးရီးယားသမ္မတ ဘက်ရှာအဲလ်အက်ဆက်ကို အဓိကထောက်ခံသူဖြစ်ပြီး နိုင်ငံရဲ့ ၁၁ နှစ်ကြာ စစ်ပွဲအတွင်း ဆီးရီးယားအစိုးရတပ်များကို ကူညီရန် တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။
ဩဂုတ်လက အမေရိကန်စစ်တပ်ဟာ ဒီယာအက်ဇ်ဇောမှာ အီရန်ကျောထောက် နောက်ခံပြု တိုက်ခိုက်ရေးသမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

zawgyi version
အီရတ္နယ္စပ္အနီး အီရန္လိုလားေသာ ယာဥ္တန္းေလေၾကာင္းမွ တိုက္ခိုက္ခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁ဝ
အီရတ္နယ္စပ္တစ္ေလွ်ာက္ ဆီးရီးယားအေရွ႕ပိုင္းမွာ ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ရာ အီရန္ေက်ာေထာက္ေနာက္ခံျပဳ တိုက္ခိုက္ေရးသမားမ်ား ထိမွန္ခဲ့ၿပီး အေသအေပ်ာက္မ်ားခဲ့ေၾကာင္း ဆီးရီးယားစစ္ပြဲ ေစာင့္ၾကည့္သူ အီရန္ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားနဲ႔ အီရတ္စစ္ဘက္ အရာရွိမ်ားက ေျပာၾကားခဲ့ပါတယ္။
အေသအေပ်ာက္ အေရအတြက္ကို အတည္မျပဳႏိုင္ေသးေသာ္လည္း အဂၤါေန႔ (ႏိုဝင္ ဘာလ ၈ ရက္)ေႏွာင္းပိုင္းက တိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့သူ အခ်ိဳ႕မွာအီရန္ႏိုင္ငံ သားမ်ားျဖစ္ေၾကာင္း အီရတ္ စစ္တပ္အရာရွိႏွစ္ဦးက ေျပာၾကားပါတယ္။ ၿဗိတိန္အေျခစိုက္ ဆီးရီးယားလူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က အဆိုပါ စီးနင္းတိုက္ခိုက္မႈအတြင္း အနည္းဆုံး လူ (၁၄)ဦး ေသဆုံးခဲ့ၿပီး အမ်ားစုမွာ တိုက္ ခိုက္ေရးသမားမ်ားျဖစ္ေၾကာင္း ဆိုပါတယ္။ ဆီးရီးယားႏိုင္ငံ အေရွ႕ပိုင္း ဒီရာအက္ဇ္ေဇာျပည္နယ္ရွိ တိုက္ခိုက္ေရးသမားမ်ားအတြက္ “ေလာင္စာဆီတင္ သေဘၤာမ်ားနဲ႔ လက္နက္မ်ား တင္ေဆာင္လာတဲ့ ထရပ္ကား”ယာဥ္တန္းကို တိုက္ခိုက္ခံခဲ့ရတာျဖစ္ ေၾကာင္း ဆီးရီးယား ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
စီးနင္းတိုက္ခိုက္မႈကို မည္သူမည္ဝါ လုပ္ေဆာင္ခဲ့တယ္ဆိုတာကို ရွင္းရွင္းလင္း လင္း မသိရေသးေသာ္လည္း အေမရိကန္စစ္တပ္ဟာ ယခင္က အလားတူတိုက္ ခိုက္မႈမ်ား ျပဳလုပ္ခဲ့ဖူးပါတယ္။ သို႔ေသာ္လည္း အေမရိကန္စစ္တပ္က ပါဝင္ပတ္ သက္မႈ မရွိေၾကာင္း ျငင္းဆိုထားပါတယ္။ အေမရိကန္တပ္ဖြဲ႕မ်ား သို႔မဟုတ္ အေမရိကန္ ဦးေဆာင္တဲ့ ၫြန႔္ေပါင္းအဖြဲ႕ (အဖြဲ႕ဝင္မ်ား)ဟာ ဆီးရီးယားနဲ႔ နယ္စပ္ရွိ အီရတ္ႏိုင္ငံ အယ္ကိုင္းမ္ၿမိဳ႕မွာ ေလေၾကာင္းတိုက္ခိုက္မႈ မျပဳလုပ္ခဲ့ေၾကာင္း ၾကည္းတပ္ဗိုလ္မႉး ေရခ်ယ္အန္ဂ်က္ဖ္ေကာ့က ေျပာၾကားခဲ့ပါတယ္။ ေရနံတင္ထရပ္ကား ၂၂ စီးပါ အဆိုပါ ယာဥ္တန္းဟာ အီရန္မွ လက္ဘႏြန္သို႔ ထြက္ခြာလာခဲ့တာ ျဖစ္ ေၾကာင္း၊ အယ္လ္ကိုင္မ္–အဘူကာေမးလ္ နယ္စပ္ျဖတ္ေက်ာ္ျဖတ္ၿပီး ဆီးရီးယားပိုင္နက္အတြင္းသို႔ ဝင္ေရာက္ၿပီးေနာက္ ထရပ္ကား ဆယ္စီးတိုက္မိခဲ့ၿပီး ေလးစီးမွာ လုံးဝမီးေလာင္သြားခဲ့ေၾကာင္း အီရတ္နယ္ျခားေစာင့္တပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။
တက္ႂကြလႈပ္ရွားသူအဖြဲ႕ Deir Ezzor 24 ဟာ ဆီးရီးယားနယ္စပ္ၿမိဳ႕ အာဘူကာေမးလ္ နဲ႔ အနီးနားရွိ ေဒသမ်ားမွာ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ျပည္သူ႔စစ္မ်ားကို ပစ္မွတ္ထား ေလေၾကာင္းတိုက္ခိုက္မႈ သုံးႀကိမ္ ျပဳလုပ္ခဲ့ဖူးပါတယ္။ အေသအ ေပ်ာက္နဲ႔ပတ္သက္ၿပီး တိက်တဲ့ သတင္းမသိရေသးေပမယ့္ ေလေၾကာင္းမွ တိုက္ ခိုက္မႈေၾကာင့္ အဂၤါေန႔ေႏွာင္းပိုင္းက အနည္းဆုံး လူ ၁ဝ ဦးေသဆုံးခဲ့ေၾကာင္း အဆို ပါေဒသမွာ လည္ပတ္ေနတဲ့ အီရတ္အရံအဖြဲ႕မ်ားမွ အဖြဲ႕ဝင္မ်ားက အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။ သို႔ေပမယ့္ ယခု ယာဥ္တန္းတိုက္ခိုက္မႈကိုေတာ့ အေမရိကန္ ေမာင္းသူမဲ့ ေလယာဥ္မ်ားနဲ႔ ရဟတ္ယာဥ္မ်ားက လုပ္ေဆာင္ခဲ့တာျဖစ္ၾကာင္း ၎တို႔က အခိုင္အမာေျပာၾကားၿပီး ထရပ္ကား (၈) စီး ဆီးရီးယားသို႔ ျဖတ္ေက်ာ္ဝင္ေရာက္ၿပီးေနာက္ တိုက္ခိုက္မႈျဖစ္ပြားခဲ့တာျဖစ္ေၾကာင္းလည္း ၎တို႔က ဆိုပါတယ္။ အီရန္လိုလားေသာ တိုက္ခိုက္ေရးသမားမ်ားဟာ အီရတ္-ဆီးရီးယားနယ္စပ္တဝိုက္မွာ စခန္းခ်ေလ့ရွိပါတယ္။ အီရန္ဟာ ဆီးရီးယားသမၼတ ဘက္ရွာအဲလ္အက္ဆက္ကို အဓိကေထာက္ခံသူျဖစ္ၿပီး ႏိုင္ငံရဲ႕ ၁၁ ႏွစ္ၾကာ စစ္ပြဲအတြင္း ဆီးရီးယားအစိုးရတပ္မ်ားကို ကူညီရန္ တိုက္ခိုက္ေရးသမား ေထာင္ေပါင္းမ်ားစြာ ေစလႊတ္ခဲ့ပါတယ္။
ဩဂုတ္လက အေမရိကန္စစ္တပ္ဟာ ဒီယာအက္ဇ္ေဇာမွာ အီရန္ေက်ာေထာက္ ေနာက္ခံျပဳ တိုက္ခိုက္ေရးသမားမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ဖူးတယ္လို႔ သိရပါတယ္။