ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းကို KNU၊ PDF ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်မီးရှို့ခဲ့ရာ (၃)ဦးသေဆုံးပြီး (၄)ဦးပျောက်ဆုံးနေ

 1550

NP News - နိုဝင်ဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းကို KNU၊ PDF ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက် မီးရှို့ခဲ့ပြီး ဖြစ်စဉ်အတွင်း (၃)ဦးသေဆုံးကာ (၄)ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၁၂ ရက်)၊ နံနက် ၅ နာရီကျော်အချိန်တွင် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတား(အတ္တရံတံတား)အနီးရှိ ချောင်းနှစ်ခွရဲစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့များနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

“ချောင်းနှစ်ခွစခန်းကို ဒီမနက် ၅ နာရီကျော်လောက် KNU နဲ့ PDF တွေ ပူးပေါင်းအင်အား ၂ဝဝ လောက်ရှိတယ်။ ကား(၁၂)စီးလောက်နဲ့ လာပြီးတော့မှတိုက်တာပေါ့။ တိုက်ပြီးတော့မှ ၆ နာရီခွဲလောက်မှာ စခန်းကျသွားတယ်။ စခန်းကျသွားပြီးတော့ မီးရှို့သွားတာ” ဟု အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

အဆိုပါ ချောင်းနှစ်ခွရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၉)ဦးမှ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရပြီး တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့ကာ (၄)ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရပြီး (၂)ဦးမှာ စခန်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ချောင်းနှစ်ခွရဲစခန်းအား KNU၊ PDF ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များကလည်း ပြန်လည်ကာ လိုက်လံပစ် ခတ်ရှင်းလင်းနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

zawgyi version
က်ိဳက္မေရာၿမိဳ႕နယ္ ေခ်ာင္းႏွစ္ခြရဲစခန္းကို KNU၊ PDF ပူးေပါင္းအဖြဲ႕မွ လာေရာက္တိုက္ခိုက္မီးရႈိ႕ခဲ့ရာ (၃)ဦးေသဆုံးၿပီး (၄)ဦးေပ်ာက္ဆုံးေန
NP News - ႏိုဝင္ဘာ ၁၂

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္ရွိ ေခ်ာင္းႏွစ္ခြရဲစခန္းကို KNU၊ PDF ပူးေပါင္းအဖြဲ႕မွ လာေရာက္တိုက္ခိုက္ မီးရႈိ႕ခဲ့ၿပီး ျဖစ္စဥ္အတြင္း (၃)ဦးေသဆုံးကာ (၄)ဦးေပ်ာက္ဆုံးေနေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ႏိုဝင္ဘာလ ၁၂ ရက္)၊ နံနက္ ၅ နာရီေက်ာ္အခ်ိန္တြင္ က်ိဳက္မေရာၿမိဳ႕နယ္၊ ေခ်ာင္းႏွစ္ခြတံတား(အတၱရံတံတား)အနီးရွိ ေခ်ာင္းႏွစ္ခြရဲစခန္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

“ေခ်ာင္းႏွစ္ခြစခန္းကို ဒီမနက္ ၅ နာရီေက်ာ္ေလာက္ KNU နဲ႔ PDF ေတြ ပူးေပါင္းအင္အား ၂ဝဝ ေလာက္ရွိတယ္။ ကား(၁၂)စီးေလာက္နဲ႔ လာၿပီးေတာ့မွတိုက္တာေပါ့။ တိုက္ၿပီးေတာ့မွ ၆ နာရီခြဲေလာက္မွာ စခန္းက်သြားတယ္။ စခန္းက်သြားၿပီးေတာ့ မီးရႈိ႕သြားတာ” ဟု အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

အဆိုပါ ေခ်ာင္းႏွစ္ခြရဲစခန္းတြင္ ရဲတပ္ဖြဲ႕ဝင္(၉)ဦးမွ လုံၿခဳံေရးတာဝန္ယူ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းသိရၿပီး တိုက္ခိုက္ခံရမႈျဖစ္စဥ္အတြင္း ရဲတပ္ဖြဲ႕ဝင္ (၃)ဦးေသဆုံးခဲ့ကာ (၄)ဦးမွာ ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း သိရၿပီး (၂)ဦးမွာ စခန္းသို႔ ျပန္လည္ေရာက္ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေခ်ာင္းႏွစ္ခြရဲစခန္းအား KNU၊ PDF ပူးေပါင္းအဖြဲ႕မွ လာေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကလည္း ျပန္လည္ကာ လိုက္လံပစ္ ခတ္ရွင္းလင္းေနေၾကာင္း ေဒသခံမ်ားက ေျပာဆိုထားသည္။

Picture

သံလြင္​ သား​ေလး

12/11/2022 14:45

အင္အား ၉ ေယာက္ကို ၂၀၀ ေလာက္နဲ႔ လာတိုက္တာဆိုေတာ့လည္း

Picture

C Thu Tun

12/11/2022 16:10

အသိုက်မဖြိုနိုင်​သေးသ​ရွေ့​တော့ ဟိုနားကိုက် ဒီနားကိုက်နဲ့ အိမ်တိုင်ကိုဖျက်​နေဦးမှာပဲ. ဘာလုပ်​နေတာလည်းကို​တော့ နားမလည်နိုင်​တော့ဘူး.

Related news

© 2021. All rights reserved.