နေပြည်တော်နည်းပညာတက္ကသိုလ်၌ လုပ်ငန်းလိုအပ်ချက် အများဆုံးဖြစ်သည့် ဘာသာရပ် (၆)ခုကို သင်ကြားပေးမည်

1587

ဖူးပြည့် (NP News) - နိုဝင်ဘာ ၁၃
နေပြည်တော် နည်းပညာတက္ကသိုလ်၌ နိုင်ငံတော်အတွက် လိုအပ်နေသည့် အင်ဂျင် နီယာပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်ရန် လုပ်ငန်းလိုအပ်ချက် အများဆုံးဖြစ်သည့် ဘာသာရပ် (၆)ခုကို သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အစိုးရနည်းပညာကောလိပ်(နေပြည်တော်)ကို နေပြည်တော်နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖွဲ့စည်း တည်ထောင်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၂ ရက်က အဆိုပါ တက္ကသိုလ်တွင် ကျင်းပခဲ့သည်။
“ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်တွေ မွေးထုတ်ပေးဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေဖို့ ရည်ရွယ်သ လို နိုင်ငံအတွက် အကျိုးကျေးဇူးများစွာကိုမျှော်လင့်ပြီး နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ပေးရတာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါ တက္ကသိုလ်ဖွင့်ပွဲတွင် ပြောသည်။
လက်ရှိ နည်းပညာတက္ကသိုလ်များတွင် ဖွင့်လှစ်နေသည့်ဘွဲ့သင်တန်း ၂၆ ခုရှိပြီး လက်ရှိဖွင့်လှစ်သည့် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် နိုင်ငံတော်အတွက် လိုအပ်နေသည့် အင်ဂျင်နီယာပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်ရန် လုပ်ငန်းလိုအပ်ချက် အများဆုံးဖြစ်သည့် အင်ဂျင်နီယာဘာသာရပ်ကြီး ၄ ခု၊ အလုပ်အကိုင် အခွင့်အလမ်းအများဆုံးဖြစ်သည့် သုတနည်းပညာဘာသာရပ်နှင့် ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ် အပါအဝင် စုစုပေါင်းဘာသာရပ် ၆ ခုကို လေ့ကျင့်သင် ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်တွင် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအ တွက် (၂ဝ၂၂-၂ဝ၂၃) ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီး တစ်နှစ်တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ နောင်လာမည့်ပညာသင်နှစ်များတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင် တန်းကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ေနျပည္ေတာ္နည္းပညာတကၠသိုလ္၌ လုပ္ငန္းလိုအပ္ခ်က္ အမ်ားဆုံးျဖစ္သည့္ ဘာသာရပ္ (၆)ခုကို သင္ၾကားေပးမည္
ဖူးျပည့္ (NP News) - ႏိုဝင္ဘာ ၁၃
ေနျပည္ေတာ္ နည္းပညာတကၠသိုလ္၌ ႏိုင္ငံေတာ္အတြက္ လိုအပ္ေနသည့္ အင္ဂ်င္ နီယာပညာရွင္လူငယ္မ်ား ေမြးထုတ္ေပးႏိုင္ရန္ လုပ္ငန္းလိုအပ္ခ်က္ အမ်ားဆုံးျဖစ္သည့္ ဘာသာရပ္ (၆)ခုကို သင္ၾကားေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။
အစိုးရနည္းပညာေကာလိပ္(ေနျပည္ေတာ္)ကို ေနျပည္ေတာ္နည္းပညာတကၠသိုလ္အျဖစ္ အဆင့္ျမႇင့္တင္ဖြဲ႕စည္း တည္ေထာင္ျခင္းအခမ္းအနားကို ႏိုဝင္ဘာလ ၁၂ ရက္က အဆိုပါ တကၠသိုလ္တြင္ က်င္းပခဲ့သည္။
“ကြၽမ္းက်င္အင္ဂ်င္နီယာပညာရွင္ေတြ ေမြးထုတ္ေပးဖို႔နဲ႔ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ျပည္သူေတြရဲ႕ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးေရးကို အေထာက္အကူျပဳႏိုင္ေစဖို႔ ရည္႐ြယ္သ လို ႏိုင္ငံအတြက္ အက်ိဳးေက်းဇူးမ်ားစြာကိုေမွ်ာ္လင့္ၿပီး ေနျပည္ေတာ္နည္းပညာတကၠသိုလ္ကို ဖြင့္လွစ္ေပးရတာျဖစ္ပါတယ္”ဟု နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဆိုပါ တကၠသိုလ္ဖြင့္ပြဲတြင္ ေျပာသည္။
လက္ရွိ နည္းပညာတကၠသိုလ္မ်ားတြင္ ဖြင့္လွစ္ေနသည့္ဘြဲ႕သင္တန္း ၂၆ ခုရွိၿပီး လက္ရွိဖြင့္လွစ္သည့္ ေနျပည္ေတာ္နည္းပညာတကၠသိုလ္တြင္ ႏိုင္ငံေတာ္အတြက္ လိုအပ္ေနသည့္ အင္ဂ်င္နီယာပညာရွင္လူငယ္မ်ား ေမြးထုတ္ေပးႏိုင္ရန္ လုပ္ငန္းလိုအပ္ခ်က္ အမ်ားဆုံးျဖစ္သည့္ အင္ဂ်င္နီယာဘာသာရပ္ႀကီး ၄ ခု၊ အလုပ္အကိုင္ အခြင့္အလမ္းအမ်ားဆုံးျဖစ္သည့္ သုတနည္းပညာဘာသာရပ္ႏွင့္ ေဒသလိုအပ္ခ်က္အရ ဗိသုကာဘာသာရပ္ အပါအဝင္ စုစုေပါင္းဘာသာရပ္ ၆ ခုကို ေလ့က်င့္သင္ ၾကားေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါ တကၠသိုလ္တြင္ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္သူမ်ားအ တြက္ (၂ဝ၂၂-၂ဝ၂၃) ပညာသင္ႏွစ္၏ ပထမႏွစ္သင္တန္းမ်ားကို စတင္ဖြင့္လွစ္သင္ ၾကားေပးသြားမည္ျဖစ္ၿပီး သင္တန္းႏွစ္မ်ားကို တစ္ႏွစ္ၿပီး တစ္ႏွစ္တိုးခ်ဲ႕၍ မဟာဘြဲ႕သင္တန္းမ်ား၊ ပါရဂူဘြဲ႕သင္တန္းမ်ားအထိ ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ေနာင္လာမည့္ပညာသင္ႏွစ္မ်ားတြင္ စိုက္ပ်ိဳးေရးအင္ဂ်င္နီယာဘြဲ႕သင္ တန္းကိုလည္း တိုးခ်ဲ႕ဖြင့္လွစ္သင္ၾကား ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။