ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေအားလုံးကို ရုတ်သိမ်းပေးဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ သဘောတူ

 160

Pika (NP News) - မေ ၂၁

စစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားနိုင်ငံကို ပြန်လည်ကောင်းမွန်လာစေဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဆီးရီးယား အပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေအားလုံးကို ရုတ်သိမ်းပေးဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မီးစိမ်း ပြခဲ့တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၇)နိုင်ငံရဲ့သံတမန်တွေဟာ ဆီးရီးယားအပေါ် စီးပွားရေး အရ ပိတ်ဆို့အရေးယူမှုတွေအားလုံးကို ရုတ်သိမ်းပေးဖို့ အစောပိုင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြ တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဘရပ်ဆဲလ်မြို့မှာကျင်းပမယ့် အစည်းအဝေးပွဲမှာ ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ အားလုံးကို ရုတ်သိမ်းပေးဖို့ သဘောတူညီချက်ကို ရရှိလိမ့်မယ်လို့ မျှော်လင့်မိတယ်လို့ ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာကဲလက်စ်က ပြောကြားခဲ့ပါတယ်၊၊ ကာဂျာကဲလက်စ် က “ဆီးရီးယားက ပြည်သူတွေအတွက် အလုပ်အကိုင်တွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ကျွန်မတို့ဖန်တီးပေးလိုပါတယ်။ အဲဒါမှပဲ ဆီးရီးယားနိုင်ငံက ပိုပြီးတည်ငြိမ်ကောင်းမွန်တဲ့နိုင်ငံဖြစ်လာမှာပါ” လို့ ပြောခဲ့ပါတယ်။
ဆီးရီးယားအပေါ် အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေအားလုံးကို ရုတ်သိမ်းပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုသတင်းထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version:
ဆီးရီးယားအေပၚ စီးပြားေရးပိတ္ဆို႔အေရးယူမႈေတြအားလုံးကို ႐ုတ္သိမ္းေပးဖို႔ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြ သေဘာတူ
Pika (NP News) - ေမ ၂၁

စစ္ဒဏ္ခံေနရတဲ့ ဆီးရီးယားႏိုင္ငံကို ျပန္လည္ေကာင္းမြန္လာေစဖို႔ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ဆီးရီးယား အေပၚ စီးပြားေရးအရ ပိတ္ဆို႔အေရးယူမႈေတြအားလုံးကို ႐ုတ္သိမ္းေပးဖို႔ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြက မီးစိမ္း ျပခဲ့တယ္လို႔ သိရပါတယ္။ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံ (၂၇)ႏိုင္ငံရဲ႕သံတမန္ေတြဟာ ဆီးရီးယားအေပၚ စီးပြားေရး အရ ပိတ္ဆို႔အေရးယူမႈေတြအားလုံးကို ႐ုတ္သိမ္းေပးဖို႔ အေစာပိုင္းသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾက တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဘရပ္ဆဲလ္ၿမိဳ႕မွာက်င္းပမယ့္ အစည္းအေဝးပြဲမွာ ဆီးရီးယားအေပၚ စီးပြားေရးပိတ္ဆို႔အေရးယူမႈေတြ အားလုံးကို ႐ုတ္သိမ္းေပးဖို႔ သေဘာတူညီခ်က္ကို ရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္မိတယ္လို႔ ဥေရာပသမဂၢအဖြဲ႕ ႏိုင္ငံျခားေရးမူဝါဒအႀကီးအကဲ ကာဂ်ာကဲလက္စ္က ေျပာၾကားခဲ့ပါတယ္၊၊ ကာဂ်ာကဲလက္စ္ က “ဆီးရီးယားက ျပည္သူေတြအတြက္ အလုပ္အကိုင္ေတြနဲ႔ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြကို ကြၽန္မတို႔ဖန္တီးေပးလိုပါတယ္။ အဲဒါမွပဲ ဆီးရီးယားႏိုင္ငံက ပိုၿပီးတည္ၿငိမ္ေကာင္းမြန္တဲ့ႏိုင္ငံျဖစ္လာမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဆီးရီးယားအေပၚ အေမရိကန္ရဲ႕ပိတ္ဆို႔အေရးယူမႈေတြအားလုံးကို ႐ုတ္သိမ္းေပးသြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုသတင္းထုတ္ျပန္ခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.