ပါကစ္စတန်က လိင်တူချစ်သူအကြောင်း ရိုက်ကူးထားတဲ့ Joyland ဇာတ်ကားကို ပိတ်ပင်ထားရာမှ ရုတ်သိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ ရုံတင်ပြသတော့မယ်

 760

ရောင်နီ (NP News) - နိုဝင်ဘာ ၁၈

ပါကစ္စတန် အစိုးရဟာ ယခင်က ပိတ်ပင်တားမြစ်ထားတဲ့ Joyland လိင်တူချစ်သူ ဇာတ်ကားကို နိုင်ငံရဲ့တရားဝင်ဇာတ်ကားအဖြစ် နိုဝင်ဘာ ၁၈ ရက်မှစတင်ကာ တစ်နိုင်ငံလုံး ရုံတင်ပြသဖို့ လမ်းခင်းပေးခဲ့ပါတယ်။

Joyland ရုပ်ရှင်မှာ “အလွန်ကန့်ကွက်နိုင်တဲ့ဇာတ်ကွက်” ပါရှိသည်ဆိုကာ ပြန်ကြားရေးဝန်ကြီးဌာနက တားမြစ်ပြီး နောက်ရက်ပိုင်းအကြာမှာ ဗဟိုဆင်ဆာဘုတ်အဖွဲ့က တားမြစ်ချက်ကို ရုတ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။ Joyland ရုပ်ရှင်ဟာ အရှေ့ဘက်ရှိ လာဟောမြို့မှာ နေထိုင်တဲ့ ပါကစ္စတန်ရှိ လိင်ပြောင်းအကသမားတစ်ဦးနဲ့ ချစ်ကြိုက်မိတဲ့ အိမ်ထောင်သည်အမျိုးသားတစ်ဦးရဲ့ဇာတ်လမ်းကို လိင်ပြောင်းမင်းသမီး အလီနာခမ်း နဲ့ ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းဇာတ်ကွက်ကြောင့် ပုံမှန်မဟုတ်သော လိင်နဲ့ လိင်ပိုင်းဆိုင်ရာချစ်ခင်မှုကိုဖော်ပြတဲ့ ရုပ်ရှင်ဟုဆိုကာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

အဆိုပါရုပ်ရှင်ကို အောက်တိုဘာလမှာ ပြသဖို့ လျာထားခြင်းဖြစ်ပေမယ့် တားမြစ်ထုတ်ပြန်ချက်နဲ့ တိုင်ကြားချက် များကြောင့် ဆိုင်းငံ့ထားခဲ့ရပါတယ်။ ယခုတားမြစ်ချက် ပိတ်သိမ်းလိုက်ချိန်မှာတော့ ယင်းရုပ်ရှင်ကို နိုင်ငံရဲ့ လူဦးရေ အများဆုံးပြည်နယ် ပန်ဂျက်မှာ ပြသမှာ မဟုတ်ပေမယ့်လည်း အခြားပြည်နယ်များမှာ ဆက်လက်ပြသသွားမယ်လို့ သိရပါတယ်။

ပြည်နယ်ယဉ်ကျေးမှုဝန်ကြီး မာလက်ခ်တိုင်မိုမာဆိုးက ရုပ်ရှင်နဲ့ပတ်သက်ပြီး လက်ယာယိမ်းအဖွဲ့များမှာ စိုးရိမ်မှု အချို့ရှိကြောင်း ပြောကြားကာ လူ့အဖွဲ့အစည်းအတွင်း နှစ်ခြမ်းကွဲလွဲမှုနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ် ခံစားချက် တို့ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် “ခံယူထားတဲ့အမြင်များကို ထိခိုက်မှုမရှိ” ကြောင်း သေချာစေဖို့ အစိုးရက ရုပ်ရှင်ကို ပြန်လည်သုံးသပ်မှာဖြစ်ကြောင်း မာဆိုးက ပြောကြားပါတယ်။

“အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ သောကြာနေ့မှာ အစည်းအဝေးခေါ်ပြီး ပြည်နယ်လွှတ်တော်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို အစောဆုံးကြေညာသွားမှာပါ” ဟု ၎င်းက ပြောပါတယ်။

Zawgyi Version;
ပါကစၥတန္က လိင္တူခ်စ္သူအေၾကာင္း ႐ိုက္ကူးထားတဲ့ Joyland ဇာတ္ကားကို ပိတ္ပင္ထားရာမွ ႐ုတ္သိမ္းၿပီးေနာက္ တစ္ႏိုင္ငံလုံးမွာ ႐ုံတင္ျပသေတာ့မယ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈

ပါကစၥတန္ အစိုးရဟာ ယခင္က ပိတ္ပင္တားျမစ္ထားတဲ့ Joyland လိင္တူခ်စ္သူ ဇာတ္ကားကို ႏိုင္ငံရဲ႕တရားဝင္ဇာတ္ကားအျဖစ္ ႏိုဝင္ဘာ ၁၈ ရက္မွစတင္ကာ တစ္ႏိုင္ငံလုံး ႐ုံတင္ျပသဖို႔ လမ္းခင္းေပးခဲ့ပါတယ္။

Joyland ႐ုပ္ရွင္မွာ “အလြန္ကန႔္ကြက္ႏိုင္တဲ့ဇာတ္ကြက္” ပါရွိသည္ဆိုကာ ျပန္ၾကားေရးဝန္ႀကီးဌာနက တားျမစ္ၿပီး ေနာက္ရက္ပိုင္းအၾကာမွာ ဗဟိုဆင္ဆာဘုတ္အဖြဲ႕က တားျမစ္ခ်က္ကို ႐ုတ္သိမ္းလိုက္ျခင္းျဖစ္ပါတယ္။ Joyland ႐ုပ္ရွင္ဟာ အေရွ႕ဘက္ရွိ လာေဟာၿမိဳ႕မွာ ေနထိုင္တဲ့ ပါကစၥတန္ရွိ လိင္ေျပာင္းအကသမားတစ္ဦးနဲ႔ ခ်စ္ႀကိဳက္မိတဲ့ အိမ္ေထာင္သည္အမ်ိဳးသားတစ္ဦးရဲ႕ဇာတ္လမ္းကို လိင္ေျပာင္းမင္းသမီး အလီနာခမ္း နဲ႔ ႐ိုက္ကူးထားျခင္းျဖစ္ၿပီး ယင္းဇာတ္ကြက္ေၾကာင့္ ပုံမွန္မဟုတ္ေသာ လိင္နဲ႔ လိင္ပိုင္းဆိုင္ရာခ်စ္ခင္မႈကိုေဖာ္ျပတဲ့ ႐ုပ္ရွင္ဟုဆိုကာ ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။

အဆိုပါ႐ုပ္ရွင္ကို ေအာက္တိုဘာလမွာ ျပသဖို႔ လ်ာထားျခင္းျဖစ္ေပမယ့္ တားျမစ္ထုတ္ျပန္ခ်က္နဲ႔ တိုင္ၾကားခ်က္ မ်ားေၾကာင့္ ဆိုင္းငံ့ထားခဲ့ရပါတယ္။ ယခုတားျမစ္ခ်က္ ပိတ္သိမ္းလိုက္ခ်ိန္မွာေတာ့ ယင္း႐ုပ္ရွင္ကို ႏိုင္ငံရဲ႕ လူဦးေရ အမ်ားဆုံးျပည္နယ္ ပန္ဂ်က္မွာ ျပသမွာ မဟုတ္ေပမယ့္လည္း အျခားျပည္နယ္မ်ားမွာ ဆက္လက္ျပသသြားမယ္လို႔ သိရပါတယ္။

ျပည္နယ္ယဥ္ေက်းမႈဝန္ႀကီး မာလက္ခ္တိုင္မိုမာဆိုးက ႐ုပ္ရွင္နဲ႔ပတ္သက္ၿပီး လက္ယာယိမ္းအဖြဲ႕မ်ားမွာ စိုးရိမ္မႈ အခ်ိဳ႕ရွိေၾကာင္း ေျပာၾကားကာ လူ႔အဖြဲ႕အစည္းအတြင္း ႏွစ္ျခမ္းကြဲလြဲမႈနဲ႔ပတ္သက္ၿပီး ထိလြယ္ရွလြယ္ ခံစားခ်က္ တို႔ကို ထည့္သြင္းစဥ္းစားျခင္းျဖင့္ “ခံယူထားတဲ့အျမင္မ်ားကို ထိခိုက္မႈမရွိ” ေၾကာင္း ေသခ်ာေစဖို႔ အစိုးရက ႐ုပ္ရွင္ကို ျပန္လည္သုံးသပ္မွာျဖစ္ေၾကာင္း မာဆိုးက ေျပာၾကားပါတယ္။

“အေျခအေနေတြကို ျပန္လည္သုံးသပ္ဖို႔ ေသာၾကာေန႔မွာ အစည္းအေဝးေခၚၿပီး ျပည္နယ္လႊတ္ေတာ္နဲ႔ပတ္သက္တဲ့ဆုံးျဖတ္ခ်က္ကို အေစာဆုံးေၾကညာသြားမွာပါ” ဟု ၎က ေျပာပါတယ္။

Related news

© 2021. All rights reserved.