ယခုနှစ်အတွင်း ချောင်းသာနှင့်ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား တစ်သိန်းခွဲကျော်စီ တိုးတက်ဝင်ရောက်

 617

ယွန်း (NP News) - နိုဝင်ဘာ ၂၁

ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေသို့ ယခုနှစ်၏ (၁ဝ)လတာကာလအ တွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ထက် ၁၅ဝဝဝဝ ကျော်စီ တိုးတက်ခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြီးခဲ့သည့် နိုဝင်ဘာလ(၂ဝ)ရက်၊ နေ့လည်ပိုင်းတွင် ချောင်းသာကမ်းခြေရှိ AZURA ဟိုတယ်တွင် ကျင်းပခဲ့သော အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ငွေဆောင်ကမ်းခြေသို့ ၂ဝ၂၂ ခုနှစ်၏ ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁ဝ)လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၂၁ဝဝဝဝ)ခန့်ဝင်ရောက်ခဲ့ပြီး ယခင်နှစ်တွင် ခရီးသွားဧည့်သည် (၄၁၅ဝဝ)ခန့်သာဝင်ရောက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

ထို့ကြောင့် ခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်ထက် (၁၆၈၅ဝဝ) တိုးတက်လာခဲ့ကြောင်း သိရသည်။

အလားတူ ချောင်းသာကမ်းခြေတွင်လည်း ဇန်နဝါရီလမှ အောက်တိုဘာလအထိ ခရီးသွားဝင်ရောက်မှုမှာ (၂၅၈ဝဝဝ)ကျော်ရှိခဲ့ပြီး ယခင်နှစ်တွင် (၆၆ဝဝဝ)ကျော်သာ ဝင်ရောက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ ပိုမိုရောက်ရှိရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့်သာမက ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရေးအတွက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကို အစိုးရချင်းသာမက ပုဂ္ဂလိကကဏ္ဍများပါ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်ကဏ္ဍများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုး တက်လာရေးကို ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် အသိပေးပြောဆိုခဲ့သည်။

zawgyi version
ယခုႏွစ္အတြင္း ေခ်ာင္းသာႏွင့္ေငြေဆာင္ကမ္းေျခသို႔ ျပည္တြင္း၊ ျပည္ပခရီးသြား တစ္သိန္းခြဲေက်ာ္စီ တိုးတက္ဝင္ေရာက္
ယြန္း (NP News) - ႏိုဝင္ဘာ ၂၁

ေငြေဆာင္ကမ္းေျခႏွင့္ ေခ်ာင္းသာကမ္းေျခသို႔ ယခုႏွစ္၏ (၁ဝ)လတာကာလအ တြင္း ျပည္တြင္း/ျပည္ပ ခရီးသြားဝင္ေရာက္မႈသည္ ယခင္ႏွစ္ထက္ ၁၅ဝဝဝဝ ေက်ာ္စီ တိုးတက္ခဲ့ေၾကာင္း သိရသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဌးေအာင္က ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၂ဝ)ရက္၊ ေန႔လည္ပိုင္းတြင္ ေခ်ာင္းသာကမ္းေျခရွိ AZURA ဟိုတယ္တြင္ က်င္းပခဲ့ေသာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေငြေဆာင္ကမ္းေျခသို႔ ၂ဝ၂၂ ခုႏွစ္၏ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ (၁ဝ)လတာကာလအတြင္း ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္ (၂၁ဝဝဝဝ)ခန႔္ဝင္ေရာက္ခဲ့ၿပီး ယခင္ႏွစ္တြင္ ခရီးသြားဧည့္သည္ (၄၁၅ဝဝ)ခန႔္သာဝင္ေရာက္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

ထို႔ေၾကာင့္ ခရီးသြားဝင္ေရာက္မႈမွာ ယခင္ႏွစ္ထက္ (၁၆၈၅ဝဝ) တိုးတက္လာခဲ့ေၾကာင္း သိရသည္။

အလားတူ ေခ်ာင္းသာကမ္းေျခတြင္လည္း ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ ခရီးသြားဝင္ေရာက္မႈမွာ (၂၅၈ဝဝဝ)ေက်ာ္ရွိခဲ့ၿပီး ယခင္ႏွစ္တြင္ (၆၆ဝဝဝ)ေက်ာ္သာ ဝင္ေရာက္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

လက္ရွိတြင္ ဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားမ်ား ပိုမိုေရာက္ရွိေရးအတြက္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္သာမက ႐ုရွားႏိုင္ငံမွ ခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္ေရးအတြက္ ခရီးသြားျမႇင့္တင္ေရးလုပ္ငန္းမ်ားကို အစိုးရခ်င္းသာမက ပုဂၢလိကက႑မ်ားပါ ပါဝင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။

ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္အတူ ခရီးသြားလုပ္ငန္းမ်ားႏွင့္ ဆက္စပ္က႑မ်ားရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စား လုပ္ငန္းမ်ားလည္း ဖြံ႕ၿဖိဳးတိုး တက္လာေရးကို ႀကိဳးပမ္းေဆာင္႐ြက္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အစည္းအေဝးတြင္ အသိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.