မြိတ်-ထားဝယ်ကားလမ်းမ၌ သဘာဝတရားရိပ်သာဆရာတော်၏ ယာဉ်(၂)စီး ပစ်ခတ်တိုက်ခိုက်ခံရကာ သံဃာတော် တစ်ပါးပျံလွန်တော်မူခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိ

1896

မျိုးကြီး (NP News) - နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်းမ၌ သဘာဝတရားရိပ်သာဆရာတော်ဦးဥတ္တမသာရ၏ ယာဉ်(၂)စီး ပစ်ခတ်တိုက်ခံရကာ သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ညပိုင်းက ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးရှိ ရေး-မြိတ်-ထားဝယ်ကားလမ်းမပေါ်၌ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ် ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
“ဟုတ်တယ်။ အဲဒီမှာ သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားတယ်။ ရှေ့ကကားပေါ့ ယာဉ်မောင်းက ဘယ်ဖက်က မောင်းတယ်။ ဘုန်းကြီးက ညာဖက်က စီးတယ်။ ဘယ်မောင်း ကားပေါ့။ အပစ်ခံရတော့ ဘုန်းကြီးထိသွားတယ်။ ဆရာတော်တွေနဲ့ သီလရှင်တွေက နောက်တစ်ကားမှာပေါ့။ ပစ်ပြီးသွား တော့မှ ကားထဲက ပစ္စည်းတွေကို ရှာဖွေပြီးတော့မှ ယူချင်တာတွေ ယူသွားကြတယ်။ အဲဒီသတင်းက မှန်ပါတယ်” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သဘာဝတရားရိပ်သာဆရာတော်ဦးဥတ္တမသာရ ဦးဆောင်ကာ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ရနောင်း မှ မလေးရှားနိုင်ငံအထိ သာသနာပြုခရီးစဉ်များရှိခဲ့ကြောင်း အဆိုပါရိပ်သာမှ ဒကာတစ်ဦးက အသိပေးပြောဆိုထားသည်။
တနင်္သာရီတိုင်းတစ်လျှောက်လုံး၌ ရိပ်သာများတိုးချဲ့ရန်၊ တရားဆေးရုံများတည်ဆောက်ရန်နှင့် နယ်စပ်သာသနာ ပြုကယ်ဆယ်ရေးများလုပ်ဆောင်ရန်အတွက် သွားရောက်ခဲ့သည့် ခရီးစဉ်များဖြစ်ကြောင်း သဘာဝတရားရိပ်သာမှ အသိပေး ပြောဆိုထားသည်။
အဆိုပါခရီးစဉ်များအတွင်း ဆရာတော်ဦးဥတ္တမသာရသည် ရနောင်းမှ မလေးရှားသို့ကြွရောက်ရန် ပြင်ဆင် ခဲ့သော်လည်း မကြွရောက်ဖြစ်ဘဲ ရနောင်းမှ ဘန်ကောက်၊ မဲဆောက်သို့ ကြွရောက်ခဲ့ကာ ၎င်းမှတစ်ဆင့် မြဝတီမြို့သို့ ပြန်လည်ကြွရောက်ခဲ့ကြောင်း သိရသည်။
သို့သော် အထက်ပါ သာသနာပြုလုပ်ငန်းများတွင် လိုက်ပါသာသနာပြုနေသည့် သံဃာတော်၊ သီလရှင်၊ ယောဂီသူနာပြုအကူ စုစုပေါင်း (၁၅) ဦးသည် ကော့သောင်းမြို့မှ ထားဝယ်-မြိတ်ကားလမ်းအတိုင်း ယာဉ်နှစ်စီးဖြင့် မြဝတီမြို့သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်နှစ်စီးပေါ်တွင် လိုက်ပါလာသည့် သံဃာတော်၊ သီလရှင်နှင့် ယောဂီတို့သည် ဆရာတော်ဦးဥတ္တမရသာနှင့် မြဝတီမြို့၌ တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“မြဝတီမြို့မှာဆရာတော်နဲ့ဆုံဖို့အတွက် ဆက်လက်ထွက်ခွာခဲ့ရာ လမ်းမှာ ညမှောင်ချိန်မို့ မှားယွင်းပစ်ခတ်ခံရပါ တယ်။ မှားယွင်း ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး သီလရှင်တစ်ပါး ၊ ယောဂီ ကုသိုလ်ရှင် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ခရီးစဉ်တိုင်းမှာ ဆရာတော်ကြီးပုံမှန်စီးနေတဲ့ အံစာတုံး မော်တော်ယာဉ် ၂ စီး ပျက်စီး ခဲ့ပါတယ်” ဟု သဘာဝတရားရိပ်သာမှ ဒကာတစ်ဦးက ပြောဆိုထားသည်။
လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးနေသည့် သဘာဝတရားရိပ်သာဆရာတော်ဦး ဥတ္တမသာရသည် တနင်္သာရီတိုင်းသို့ နိုဝင်ဘာလ ၁၃ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာတော်တွေက မြဝတီကို ကြွမယ်ဆိုပြီး ပြန်လာတာ။ ညကြီး မသွားပါနဲ့လို့ ဒကာတွေက ပြောတယ်။ ပြောတဲ့အချိန်မှာပဲ သူတို့က လာကြတာ။ တော်ရုံတန်ရုံ သာမန်လူဆိုမသွားရဲဘူးပေါ့နော်။ နေခင်းဆိုရင်တော့ ဖြစ်ချင်မှဖြစ်မှာပေါ့။ ညဘက်ဆိုတော့ PDF က အခွင့်အရေးရသွားတာပေါ့” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့သော သဘာဝတရားရိပ်သာမှ သံဃာတော် ဦးဇင်းဇနက္ကအား ယနေ့ (နိုဝင်ဘာလ ၂၃ ရက်)တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပဋိပက္ခများကြောင့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ရဟန်းသံဃာတော်မှာ အပါး(၇ဝ)နီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ၿမိတ္-ထားဝယ္ကားလမ္းမ၌ သဘာဝတရားရိပ္သာဆရာေတာ္၏ ယာဥ္(၂)စီး ပစ္ခတ္တိုက္ခိုက္ခံရကာ သံဃာေတာ္ တစ္ပါးပ်ံလြန္ေတာ္မူခဲ့ၿပီး ထိခိုက္ပ်က္စီးမႈမ်ားရွိ
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၃
တနသၤာရီတိုင္း၊ ၿမိတ္-ထားဝယ္ကားလမ္းမ၌ သဘာဝတရားရိပ္သာဆရာေတာ္ဦးဥတၱမသာရ၏ ယာဥ္(၂)စီး ပစ္ခတ္တိုက္ခံရကာ သံဃာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၂ ရက္) ညပိုင္းက ပုေလာၿမိဳ႕နယ္၊ ကဒဲေက်း႐ြာအနီးရွိ ေရး-ၿမိတ္-ထားဝယ္ကားလမ္းမေပၚ၌ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
“ဟုတ္တယ္။ အဲဒီမွာ သံဃာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူသြားတယ္။ ေရွ႕ကကားေပါ့ ယာဥ္ေမာင္းက ဘယ္ဖက္က ေမာင္းတယ္။ ဘုန္းႀကီးက ညာဖက္က စီးတယ္။ ဘယ္ေမာင္း ကားေပါ့။ အပစ္ခံရေတာ့ ဘုန္းႀကီးထိသြားတယ္။ ဆရာေတာ္ေတြနဲ႔ သီလရွင္ေတြက ေနာက္တစ္ကားမွာေပါ့။ ပစ္ၿပီးသြား ေတာ့မွ ကားထဲက ပစၥည္းေတြကို ရွာေဖြၿပီးေတာ့မွ ယူခ်င္တာေတြ ယူသြားၾကတယ္။ အဲဒီသတင္းက မွန္ပါတယ္” ဟု တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
သဘာဝတရားရိပ္သာဆရာေတာ္ဦးဥတၱမသာရ ဦးေဆာင္ကာ ရန္ကုန္၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ ၿမိတ္၊ ဘုတ္ျပင္း၊ ေကာ့ေသာင္း၊ ရေနာင္း မွ မေလးရွားႏိုင္ငံအထိ သာသနာျပဳခရီးစဥ္မ်ားရွိခဲ့ေၾကာင္း အဆိုပါရိပ္သာမွ ဒကာတစ္ဦးက အသိေပးေျပာဆိုထားသည္။
တနသၤာရီတိုင္းတစ္ေလွ်ာက္လုံး၌ ရိပ္သာမ်ားတိုးခ်ဲ႕ရန္၊ တရားေဆး႐ုံမ်ားတည္ေဆာက္ရန္ႏွင့္ နယ္စပ္သာသနာ ျပဳကယ္ဆယ္ေရးမ်ားလုပ္ေဆာင္ရန္အတြက္ သြားေရာက္ခဲ့သည့္ ခရီးစဥ္မ်ားျဖစ္ေၾကာင္း သဘာဝတရားရိပ္သာမွ အသိေပး ေျပာဆိုထားသည္။
အဆိုပါခရီးစဥ္မ်ားအတြင္း ဆရာေတာ္ဦးဥတၱမသာရသည္ ရေနာင္းမွ မေလးရွားသို႔ႂကြေရာက္ရန္ ျပင္ဆင္ ခဲ့ေသာ္လည္း မႂကြေရာက္ျဖစ္ဘဲ ရေနာင္းမွ ဘန္ေကာက္၊ မဲေဆာက္သို႔ ႂကြေရာက္ခဲ့ကာ ၎မွတစ္ဆင့္ ျမဝတီၿမိဳ႕သို႔ ျပန္လည္ႂကြေရာက္ခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ အထက္ပါ သာသနာျပဳလုပ္ငန္းမ်ားတြင္ လိုက္ပါသာသနာျပဳေနသည့္ သံဃာေတာ္၊ သီလရွင္၊ ေယာဂီသူနာျပဳအကူ စုစုေပါင္း (၁၅) ဦးသည္ ေကာ့ေသာင္းၿမိဳ႕မွ ထားဝယ္-ၿမိတ္ကားလမ္းအတိုင္း ယာဥ္ႏွစ္စီးျဖင့္ ျမဝတီၿမိဳ႕သို႔ ထြက္ခြာလာျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါယာဥ္ႏွစ္စီးေပၚတြင္ လိုက္ပါလာသည့္ သံဃာေတာ္၊ သီလရွင္ႏွင့္ ေယာဂီတို႔သည္ ဆရာေတာ္ဦးဥတၱမရသာႏွင့္ ျမဝတီၿမိဳ႕၌ ေတြ႕ဆုံရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“ျမဝတီၿမိဳ႕မွာဆရာေတာ္နဲ႔ဆုံဖို႔အတြက္ ဆက္လက္ထြက္ခြာခဲ့ရာ လမ္းမွာ ညေမွာင္ခ်ိန္မို႔ မွားယြင္းပစ္ခတ္ခံရပါ တယ္။ မွားယြင္း ပစ္ခတ္မႈေၾကာင့္ သံဃာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူၿပီး သီလရွင္တစ္ပါး ၊ ေယာဂီ ကုသိုလ္ရွင္ ၂ ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ပါတယ္။ ခရီးစဥ္တိုင္းမွာ ဆရာေတာ္ႀကီးပုံမွန္စီးေနတဲ့ အံစာတုံး ေမာ္ေတာ္ယာဥ္ ၂ စီး ပ်က္စီး ခဲ့ပါတယ္” ဟု သဘာဝတရားရိပ္သာမွ ဒကာတစ္ဦးက ေျပာဆိုထားသည္။
လူမႈကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အစြမ္းကုန္ႀကိဳးပမ္းေဆာင္႐ြက္ေပးေနသည့္ သဘာဝတရားရိပ္သာဆရာေတာ္ဦး ဥတၱမသာရသည္ တနသၤာရီတိုင္းသို႔ ႏိုဝင္ဘာလ ၁၃ ရက္ကတည္းက ေရာက္ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ဆရာေတာ္ေတြက ျမဝတီကို ႂကြမယ္ဆိုၿပီး ျပန္လာတာ။ ညႀကီး မသြားပါနဲ႔လို႔ ဒကာေတြက ေျပာတယ္။ ေျပာတဲ့အခ်ိန္မွာပဲ သူတို႔က လာၾကတာ။ ေတာ္႐ုံတန္႐ုံ သာမန္လူဆိုမသြားရဲဘူးေပါ့ေနာ္။ ေနခင္းဆိုရင္ေတာ့ ျဖစ္ခ်င္မွျဖစ္မွာေပါ့။ ညဘက္ဆိုေတာ့ PDF က အခြင့္အေရးရသြားတာေပါ့” ဟု တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ေသာ သဘာဝတရားရိပ္သာမွ သံဃာေတာ္ ဦးဇင္းဇနကၠအား ယေန႔ (ႏိုဝင္ဘာလ ၂၃ ရက္)တြင္ သၿဂိဳလ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ ရဟန္းသံဃာေတာ္မွာ အပါး(၇ဝ)နီးပါးရွိလာၿပီျဖစ္ေၾကာင္း သိရသည္။