ရေနံကုန်သွယ်မှုများအတွက် အမေရိကန်ဒေါ်လာအစား ရွှေဖြင့်ပေးချေရန် စီစဥ်နေကြောင်း ဂါနာအစိုးရပြော

 594

Pika (NP News) - နိုဝင်ဘာ ၂၈

ဂါနာနိုင်ငံ၏ ဒုတိယသမ္မတ Mahamudu Bawumia က အစိုးရသည် နိုင်ငံအတွင်း ရေနံတင်သွင်းမှုများအတွက် ပေးချေမှုများကို အမေရိကန်ဒေါ်လာအစား ရွှေဖြင့် ပေးဆောင်စေရန် ဆန္ဒရှိနေကြောင်း ယခုသီတင်းပတ်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ဂါနာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကျဆင်းနေမှုများကို ကာကွယ်ရန် ကြိုးပမ်းမှုအဖြစ် အဆိုပါအစီအစဥ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဂါနာနိုင်ငံ၏ ဒုတိယသမ္မတ Mahamudu Bawumia က ရှင်းပြခဲ့သည်။ တရားဝင် ဖော်ပြထားသော အချက်အလက်များအရ ဂါနာနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားအရန်ငွေသည် ၂ဝ၂၁ ခုနှစ် အကုန်တွင် အမေရိကန်ဒေါ်လာ (၉ ဒသမ ၇) ဘီလျံရှိခဲ့သော်လည်း ၂ဝ၂၂ ခုနှစ် စက်တင်ဘာလကုန်တွင် (၆ ဒသမ ၆) ဘီလျံသာရှိခဲ့ရာ နိုင်ငံခြားအရန်ငွေများ သိသိသာသာကျဆင်းသွားခဲ့ကြောင်း သိရသည်။

ဂါနာနိုင်ငံ၏ ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့်ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုများကို တုံ့ပြန်ရန်အတွက် ရေနံတင်သွင်းမှုများနှင့်ပတ်သက်ပြီး ပေးချေမှုအား ရွှေဖြင့်ပေးချေမည့်အစီအစဥ်ကို ၂ဝ၂၃ ခုနှစ် ပထမသုံးလ အတွင်း အကောင်အထည်ဖော်ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။ ဂါနာနိုင်ငံသို့ ရေနံတင်သွင်းသူများထံမှ အမေရိကန်ဒေါ်လာဝယ်လိုအား များပြားလာမှုကြောင့် ဂါနာနိုင်ငံသုံးငွေကြေး cedi သည် ယခုနှစ်တွင် ဒေါ်လာ တန်ဖိုးထက် ထက်ဝက်ကျော် ကျဆင်းသွားခဲ့ကြောင်း ဒုတိယသမ္မတ Mahamudu Bawumia က ပြောဆိုခဲ့သည်။

ဂါနာနိုင်ငံ၏ တစ်ခုတည်းသော ရေနံချက်စက်ရုံသည် ၂ဝ၁၇ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း လည်ပတ် နိုင်ခဲ့ခြင်း မရှိတော့ရာ ရေနံထုတ်လုပ်သည့်နိုင်ငံဖြစ်သော ဂါနာနိုင်ငံသည် ဓါတ်ငွေ့နှင့် ဒီဇယ်ကဲ့သို့သော စွမ်းအင်ပစ္စည်းများကို နိုင်ငံတွင်းသို့ တင်သွင်းနေရဆဲဖြစ်‌ကြောင်း သိရသည်။

ဂါနာနိုင်ငံသုံးငွေကြေး Cedi ၏တန်ဖိုးကျဆင်းမှုကြောင့် အများပြည်သူအကြွေးများနှင့်ပတ်သက်ပြီး စီမံခန့်ခွဲနိုင် စွမ်းကို ဆိုးရွားစွာထိခိုက်စေပြီး နိုင်ငံတွင်းအကြွေးပြဿနာဖြစ်နိုင်ချေမှာ ပိုမိုမြင့်မားလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဂါနာနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
ေရနံကုန္သြယ္မႈမ်ားအတြက္ အေမရိကန္ေဒၚလာအစား ေ႐ႊျဖင့္ေပးေခ်ရန္ စီစဥ္ေနေၾကာင္း ဂါနာအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၈

ဂါနာႏိုင္ငံ၏ ဒုတိယသမၼတ Mahamudu Bawumia က အစိုးရသည္ ႏိုင္ငံအတြင္း ေရနံတင္သြင္းမႈမ်ားအတြက္ ေပးေခ်မႈမ်ားကို အေမရိကန္ေဒၚလာအစား ေ႐ႊျဖင့္ ေပးေဆာင္ေစရန္ ဆႏၵရွိေနေၾကာင္း ယခုသီတင္းပတ္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

ဂါနာႏိုင္ငံ၏ ႏိုင္ငံျခားအရန္ေငြက်ဆင္းေနမႈမ်ားကို ကာကြယ္ရန္ ႀကိဳးပမ္းမႈအျဖစ္ အဆိုပါအစီအစဥ္ကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ဂါနာႏိုင္ငံ၏ ဒုတိယသမၼတ Mahamudu Bawumia က ရွင္းျပခဲ့သည္။ တရားဝင္ ေဖာ္ျပထားေသာ အခ်က္အလက္မ်ားအရ ဂါနာႏိုင္ငံ၏ စုစုေပါင္း ႏိုင္ငံျခားအရန္ေငြသည္ ၂ဝ၂၁ ခုႏွစ္ အကုန္တြင္ အေမရိကန္ေဒၚလာ (၉ ဒသမ ၇) ဘီလ်ံရွိခဲ့ေသာ္လည္း ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလကုန္တြင္ (၆ ဒသမ ၆) ဘီလ်ံသာရွိခဲ့ရာ ႏိုင္ငံျခားအရန္ေငြမ်ား သိသိသာသာက်ဆင္းသြားခဲ့ေၾကာင္း သိရသည္။

ဂါနာႏိုင္ငံ၏ ေငြေၾကးတန္ဖိုးက်ဆင္းမႈေၾကာင့္ျဖစ္ေပၚလာေသာ ေငြေၾကးေဖာင္းပြမႈမ်ားကို တုံ႔ျပန္ရန္အတြက္ ေရနံတင္သြင္းမႈမ်ားႏွင့္ပတ္သက္ၿပီး ေပးေခ်မႈအား ေ႐ႊျဖင့္ေပးေခ်မည့္အစီအစဥ္ကို ၂ဝ၂၃ ခုႏွစ္ ပထမသုံးလ အတြင္း အေကာင္အထည္ေဖာ္ရန္ ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရသည္။ ဂါနာႏိုင္ငံသို႔ ေရနံတင္သြင္းသူမ်ားထံမွ အေမရိကန္ေဒၚလာဝယ္လိုအား မ်ားျပားလာမႈေၾကာင့္ ဂါနာႏိုင္ငံသုံးေငြေၾကး cedi သည္ ယခုႏွစ္တြင္ ေဒၚလာ တန္ဖိုးထက္ ထက္ဝက္ေက်ာ္ က်ဆင္းသြားခဲ့ေၾကာင္း ဒုတိယသမၼတ Mahamudu Bawumia က ေျပာဆိုခဲ့သည္။

ဂါနာႏိုင္ငံ၏ တစ္ခုတည္းေသာ ေရနံခ်က္စက္႐ုံသည္ ၂ဝ၁၇ ခုႏွစ္တြင္ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ပိုင္း လည္ပတ္ ႏိုင္ခဲ့ျခင္း မရွိေတာ့ရာ ေရနံထုတ္လုပ္သည့္ႏိုင္ငံျဖစ္ေသာ ဂါနာႏိုင္ငံသည္ ဓါတ္ေငြ႕ႏွင့္ ဒီဇယ္ကဲ့သို႔ေသာ စြမ္းအင္ပစၥည္းမ်ားကို ႏိုင္ငံတြင္းသို႔ တင္သြင္းေနရဆဲျဖစ္‌ေၾကာင္း သိရသည္။

ဂါနာႏိုင္ငံသုံးေငြေၾကး Cedi ၏တန္ဖိုးက်ဆင္းမႈေၾကာင့္ အမ်ားျပည္သူအေႂကြးမ်ားႏွင့္ပတ္သက္ၿပီး စီမံခန႔္ခြဲႏိုင္ စြမ္းကို ဆိုး႐ြားစြာထိခိုက္ေစၿပီး ႏိုင္ငံတြင္းအေႂကြးျပႆနာျဖစ္ႏိုင္ေခ်မွာ ပိုမိုျမင့္မားလာႏိုင္ေၾကာင္း ဘ႑ာေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ ဂါနာႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ႏွင့္ ေဆြးေႏြးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.