အီရန်နိုင်ငံကိုပစ်မှတ်ထားသည့် စစ်ရေးလေ့ကျင့်ခန်းများ အစ္စရေးနှင့် အမေရိကန်တို့ ပူးတွဲပြုလုပ်

 504

Pika (NP News) - ဒီဇင်ဘာ ၃

အီရန်နိုင်ငံအပေါ် ပစ်မှတ်ထားသည့် စစ်ဆင်ရေးအစီအစဥ်များကို အရှိန်မြှင့်ရန် အမေရိကန်အရာရှိများကို ဖိအားပေးပြောဆိုခြင်းများပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာတွင် အစ္စရေးစစ်တပ်သည် အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန် ရည်ရွယ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အမေရိကန်နှင့်အတူပြုလုပ်ခဲ့ကြောင်းသိရသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် နိုဝင်ဘာလ (၃ဝ)ရက်တွင် အဆိုပါစစ်ရေးလေ့ကျင့်မှုများကို အသေး စိတ်ဖော်ပြခဲ့ပြီး ဒေသဆိုင်ရာခြိမ်းခြောက်မှုများကိုရင်ဆိုင်ရန်အတွက် စစ်ရေးလေ့ကျင့်ခန်းအမျိုးမျိုးကို လေ့ကျင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က"ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ အီရန်နိုင်ငံရဲ့ ခြိမ်း ခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အမေရိကန်နဲ့အစ္စရေးတို့ရဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။

အစ္စရေး၏ F-35 အမည်ရှိတိုက်လေယာဉ် (၄)စင်းနှင့် အမေရိကန်၏ F-15s အမည်ရှိ တိုက်လေယာဉ်(၄)စင်းတို့ သည် တာဝေးပစ်စစ်ဆင်ရေးနှင့် တာဝေးပျံသန်းမှုများကို ပုံဖော်ထားသည့် လေ့ကျင်းခန်းများ ပူးတွဲပြုလုပ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကပြောကြားခဲ့သည်။အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ KC-135 အမည်ရှိဆီဖြည့်လေယာဥ်သည် အစ္စ‌ရေး၏ F-16s အမည်ရှိ တိုက်လေယာဉ်အများအပြားကို ဆီဖြည့်ခဲ့ခြင်းများလုပ် ဆောင်ခဲ့ကြောင်းလည်းသိရသည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ဗိုလ်ချုပ် Aviv Kochavi သည် ပြီးခဲ့သည့်လတွင် ဝါရှင်တန်သို့လာရောက်ခဲ့ပြီး အီရန်စစ်တပ်ကို ယှဥ်ပြိုင်ရန်အတွက် စစ်ဆင်ရေးအသစ်များ‌ရေးဆွဲရန် အမေရိကန်တာဝန်ရှိသူများကို တောင်းဆိုခဲ့ပြီးနောက် အဆိုပါပူးတွဲစစ်‌ရေးလေ့ကျင့်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ် ကြောင်းလည်းသိရသည်။ ယခုသီတင်းပတ်တွင်ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများတွင် အမေရိကန်၏ ဆီဖြည့်လေယာဥ်နှင့် ဆီဖြည့်ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်း အစ္စရေးသည် လမ်းတစ်လျှောက်ဆီဖြည့်စရာမလိုပဲ အီရန်သို့ရောက်ရှိနိုင်မည့် စွမ်းဆောင်ရည်များကို ဖန်တီးနိုင်ခဲ့ကြောင်း Jerusalem Post က ဖော်ပြခဲ့သည်။

အဆိုပါစွမ်းဆောင်ရည်များအတွက် အစ္စရေးစစ်တပ်သည် ၎င်းတို့၏ အမေရိကန်ထုတ် F-35 တိုက်လေယာဥ်များကို အဆင့်မြှင့်တင်ခဲ့ကြောင်း၊ တိုးတက်မှုအခြေအနေ အချို့ကိုသာ ထုတ်ဖော်ပြောကြားခဲ့ကြောင်းလည်းသိရသည်။

zawgyi version
အီရန္ႏိုင္ငံကိုပစ္မွတ္ထားသည့္ စစ္ေရးေလ့က်င့္ခန္းမ်ား အစၥေရးႏွင့္ အေမရိကန္တို႔ ပူးတြဲျပဳလုပ္
Pika (NP News) - ဒီဇင္ဘာ ၃

အီရန္ႏိုင္ငံအေပၚ ပစ္မွတ္ထားသည့္ စစ္ဆင္ေရးအစီအစဥ္မ်ားကို အရွိန္ျမႇင့္ရန္ အေမရိကန္အရာရွိမ်ားကို ဖိအားေပးေျပာဆိုျခင္းမ်ားျပဳလုပ္ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အစၥေရးစစ္တပ္သည္ အီရန္အေပၚ ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ရန္ ရည္႐ြယ္သည့္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို အေမရိကန္ႏွင့္အတူျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ (IDF) သည္ ႏိုဝင္ဘာလ (၃ဝ)ရက္တြင္ အဆိုပါစစ္ေရးေလ့က်င့္မႈမ်ားကို အေသး စိတ္ေဖာ္ျပခဲ့ၿပီး ေဒသဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကိုရင္ဆိုင္ရန္အတြက္ စစ္ေရးေလ့က်င့္ခန္းအမ်ိဳးမ်ိဳးကို ေလ့က်င္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ (IDF) က"ဒီစစ္ေရးေလ့က်င့္မႈေတြဟာ အီရန္ႏိုင္ငံရဲ႕ ၿခိမ္း ေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္႐ြက္မႈ တစ္ခုျဖစ္ပါတယ္"ဟုေျပာဆိုခဲ့သည္။

အစၥေရး၏ F-35 အမည္ရွိတိုက္ေလယာဥ္ (၄)စင္းႏွင့္ အေမရိကန္၏ F-15s အမည္ရွိ တိုက္ေလယာဥ္(၄)စင္းတို႔ သည္ တာေဝးပစ္စစ္ဆင္ေရးႏွင့္ တာေဝးပ်ံသန္းမႈမ်ားကို ပုံေဖာ္ထားသည့္ ေလ့က်င္းခန္းမ်ား ပူးတြဲျပဳလုပ္ခဲ့ေၾကာင္း အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ (IDF) ကေျပာၾကားခဲ့သည္။အဆိုပါစစ္ေရးေလ့က်င့္မႈအတြင္း အေမရိကန္၏ KC-135 အမည္ရွိဆီျဖည့္ေလယာဥ္သည္ အစၥ‌ေရး၏ F-16s အမည္ရွိ တိုက္ေလယာဥ္အမ်ားအျပားကို ဆီျဖည့္ခဲ့ျခင္းမ်ားလုပ္ ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။ အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ (IDF) ၏ ဗိုလ္ခ်ဳပ္ Aviv Kochavi သည္ ၿပီးခဲ့သည့္လတြင္ ဝါရွင္တန္သို႔လာေရာက္ခဲ့ၿပီး အီရန္စစ္တပ္ကို ယွဥ္ၿပိဳင္ရန္အတြက္ စစ္ဆင္ေရးအသစ္မ်ား‌ေရးဆြဲရန္ အေမရိကန္တာဝန္ရွိသူမ်ားကို ေတာင္းဆိုခဲ့ၿပီးေနာက္ အဆိုပါပူးတြဲစစ္‌ေရးေလ့က်င့္မႈမ်ား ေပၚေပါက္လာခဲ့ျခင္းျဖစ္ ေၾကာင္းလည္းသိရသည္။ ယခုသီတင္းပတ္တြင္ျပဳလုပ္ေသာ စစ္ေရးေလ့က်င့္ခန္းမ်ားတြင္ အေမရိကန္၏ ဆီျဖည့္ေလယာဥ္ႏွင့္ ဆီျဖည့္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ေသာ္လည္း အစၥေရးသည္ လမ္းတစ္ေလွ်ာက္ဆီျဖည့္စရာမလိုပဲ အီရန္သို႔ေရာက္ရွိႏိုင္မည့္ စြမ္းေဆာင္ရည္မ်ားကို ဖန္တီးႏိုင္ခဲ့ေၾကာင္း Jerusalem Post က ေဖာ္ျပခဲ့သည္။

အဆိုပါစြမ္းေဆာင္ရည္မ်ားအတြက္ အစၥေရးစစ္တပ္သည္ ၎တို႔၏ အေမရိကန္ထုတ္ F-35 တိုက္ေလယာဥ္မ်ားကို အဆင့္ျမႇင့္တင္ခဲ့ေၾကာင္း၊ တိုးတက္မႈအေျခအေန အခ်ိဳ႕ကိုသာ ထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္းလည္းသိရသည္။

© 2021. All rights reserved.