ဆန္ဒပြအလုပ်သမားတွေကိုလုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်းတောင်းဆို

 574

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၅

တောင်ကိုရီးယားနိုင်ငံမှာ ရက်အတန်ကြာဖြစ်ပွားနေတဲ့ ကုန်ကားသမားတွေရဲ့ဆန္ဒပြပွဲတွေဖြစ်ပွားနေချိန်မှာပဲ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကအလုပ်သမားတွေကို လုပ်ငန်းခွင်များကို ပြန်လည်ဝင်ရောက်လုပ်ကိုင်အောင် ပြင်ဆင်ထားဖို့ အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ကုန်ကားသမားထောင်ချီဟာ ၁ဝ ရက်ကြာ ဆန္ဒပြနေပြီး အစိုးရရဲ့ စေ့စပ်ဆွေးနွေးရေးကိုယ်စားလှယ်တွေနဲ့ အလုပ်သမား သမဂ္ဂကြား အနည်းဆုံးလုပ်ခ လစာတိုးမြင့်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ တိုးတက်မှုမရှိသေးဘူးလို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတက ဆန္ဒပြနေတဲ့အလုပ်သမားတွေဟာ လုပ်ငန်းခွင် ပြန်လည်လုပ်ကိုင်ဖို့ စတင်သင့်ကြောင်း၊ အလုပ်သမားတွေဟာ လုပ်ငန်းခွင် ပြန်ဝင်မလား ဒါမှမဟုတ် ပြစ်ဒဏ်ပေးခံမလား ဆိုတဲ့အချက်ကို ရွေးချယ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘိလပ်မြေလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ ကုန်ကားသမားပေါင်း ၂၅ဝဝ ကျော်ဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်ဆန္ဒပြနေပြီး ရက်ပေါင်း ၁ဝ ရက်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ဝန်ကြီးများအနေနဲ့ ရေနံလုပ်ငန်း၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများလိုမျိုး အခြားကဏ္ဍတွေမှာလည်း အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ပြန်ဝင်ရောက်ဖို့ ကြေညာချက်ထုတ်ပြန်သတိပေးခြင်းများ လုပ်ဆောင်ရမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ က ပြောပါတယ်။

ဆန္ဒပြသူများအနေနဲ့ ဆန္ဒပြချိန်အတွင်း ဥပဒေချိုးဖောက်မှုများလုပ်ဆောင်လာမယ်ဆိုရင် အရေးယူသွားမှာဖြစ်ကြောင်း ဝန်ကြီးများအနေနဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်စရာရှိတာမျိုးကို အမြန်ဆုံး လုပ်ဆောင်စေလိုကြောင်း သမ္မတယွန်ဆက်ယိုလ်က ညွှန်ကြားခဲ့ပါတယ်။

တောင်ကိုရီးယား The Korean Confederation of Trade Unions အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ၆ ရက်၊ အင်္ဂါနေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ အထွေထွေသပိတ်ဆင်နွဲဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ဆႏၵျပအလုပ္သမားေတြကိုလုပ္ငန္းခြင္အတြင္း ျပန္လည္ဝင္ေရာက္ဖို႔ ေတာင္ကိုရီးယားသမၼတ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၅

ေတာင္ကိုရီးယားႏိုင္ငံမွာ ရက္အတန္ၾကာျဖစ္ပြားေနတဲ့ ကုန္ကားသမားေတြရဲ႕ဆႏၵျပပြဲေတြျဖစ္ပြားေနခ်ိန္မွာပဲ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ကအလုပ္သမားေတြကို လုပ္ငန္းခြင္မ်ားကို ျပန္လည္ဝင္ေရာက္လုပ္ကိုင္ေအာင္ ျပင္ဆင္ထားဖို႔ အမိန႔္ေပးလိုက္တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ကုန္ကားသမားေထာင္ခ်ီဟာ ၁ဝ ရက္ၾကာ ဆႏၵျပေနၿပီး အစိုးရရဲ႕ ေစ့စပ္ေဆြးေႏြးေရးကိုယ္စားလွယ္ေတြနဲ႔ အလုပ္သမား သမဂၢၾကား အနည္းဆုံးလုပ္ခ လစာတိုးျမင့္ေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ တိုးတက္မႈမရွိေသးဘူးလို႔ သိရပါတယ္။

ေတာင္ကိုရီးယားသမၼတက ဆႏၵျပေနတဲ့အလုပ္သမားေတြဟာ လုပ္ငန္းခြင္ ျပန္လည္လုပ္ကိုင္ဖို႔ စတင္သင့္ေၾကာင္း၊ အလုပ္သမားေတြဟာ လုပ္ငန္းခြင္ ျပန္ဝင္မလား ဒါမွမဟုတ္ ျပစ္ဒဏ္ေပးခံမလား ဆိုတဲ့အခ်က္ကို ေ႐ြးခ်ယ္ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဘိလပ္ေျမလုပ္ငန္းမွာ ပါဝင္လုပ္ကိုင္ေနတဲ့ ကုန္ကားသမားေပါင္း ၂၅ဝဝ ေက်ာ္ဟာ ေတာင္ကိုရီးယားႏိုင္ငံသမိုင္းမွာ ပထမဆုံးအႀကိမ္ဆႏၵျပေနၿပီး ရက္ေပါင္း ၁ဝ ရက္ၾကာျမင့္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

အစိုးရအဖြဲ႕ဝန္ႀကီးမ်ားအေနနဲ႔ ေရနံလုပ္ငန္း၊ သံမဏိထုတ္လုပ္ေရးလုပ္ငန္းမ်ားလိုမ်ိဳး အျခားက႑ေတြမွာလည္း အလုပ္သမားမ်ား လုပ္ငန္းခြင္အတြင္း ျပန္ဝင္ေရာက္ဖို႔ ေၾကညာခ်က္ထုတ္ျပန္သတိေပးျခင္းမ်ား လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း ေတာင္ကိုရီးယားသမၼတ က ေျပာပါတယ္။

ဆႏၵျပသူမ်ားအေနနဲ႔ ဆႏၵျပခ်ိန္အတြင္း ဥပေဒခ်ိဳးေဖာက္မႈမ်ားလုပ္ေဆာင္လာမယ္ဆိုရင္ အေရးယူသြားမွာျဖစ္ေၾကာင္း ဝန္ႀကီးမ်ားအေနနဲ႔ အလုပ္သမားေတြရဲ႕ လုပ္ခလစာကိစၥနဲ႔ပတ္သက္ၿပီး ေဆာင္႐ြက္စရာရွိတာမ်ိဳးကို အျမန္ဆုံး လုပ္ေဆာင္ေစလိုေၾကာင္း သမၼတယြန္ဆက္ယိုလ္က ၫႊန္ၾကားခဲ့ပါတယ္။

ေတာင္ကိုရီးယား The Korean Confederation of Trade Unions အဖြဲ႕ဟာ လာမယ့္ ဒီဇင္ဘာလ ၆ ရက္၊ အဂၤါေန႔မွာ ေတာင္ကိုရီးယားႏိုင္ငံမွာ အေထြေထြသပိတ္ဆင္ႏြဲဖို႔ စီစဥ္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.