FPTP စနစ်၌ မဲဆန္ဒနယ်တစ်ခုတွင် တစ်ဦးကိုသာ တင်မြှောက်ခြင်းဖြစ်၍ အနိုင်မရသူများ၏ မဲများမှာ အလဟဿဖြစ်ကာ ကိုယ်စားပြုမှုပျောက်ဆုံးဟု UEC ဆို
![](/img/icon_eye.svg)
948
![](https://apprivals-insecure.b-cdn.net/applications/npnews-mm/news_articles/6395bdad07539965e3511505/banner-6395bdad07539965e3511505-x800.jpg)
မျိုးကြီး (NP News) - ဒီဇင်ဘာ ၁၁
FPTP စနစ်၌ မဲဆန္ဒနယ်တစ်ခုတွင် တစ်ဦးကိုသာ တင်မြှောက်ခြင်းဖြစ်၍ အနိုင်မရသူများ၏ မဲများမှာ အလဟဿဖြစ်ကာ ကိုယ်စားပြုမှုပျောက်ဆုံးသည့်သဘောကို တွေ့ရှိရကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြောသည်။
ဦးခင်မောင်ဦးက အချိုးကျကိုယ်စားပြုစနစ်(Proportional Representation – PR) ပြောင်းလဲကျင့်သုံးနိုင်ရေးစကားဝိုင်းဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေး ကောက်ပွဲများတွင် မဲအများဆုံးရသူအနိုင်ရသည့်စနစ်(FPTP)ကို ကျင့်သုံးခဲ့သည်။
“FPTP စနစ်ရဲ့ သဘောကတော့ မဲဆန္ဒနယ်တစ်ခုမှာ ဆန္ဒမဲအများဆုံးရရှိသူ လွှတ် တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်တဲ့စနစ်ဖြစ်တဲ့အတွက် အနိုင်မရတဲ့ ကိုယ်စားလှယ်လောင်းများရတဲ့မဲတွေ အလဟဿ၊ အဟောသိကံဖြစ်ခြင်းနဲ့ ၎င်းတို့ကို ဆန္ဒမဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်များအတွက် ကိုယ် စားပြုမှု ပျောက်ဆုံးတဲ့သဘောကို တွေ့ရှိရပါတယ်။ ဒါ့ပြင် အနိုင်ရပါတီတစ်ခုရရှိတဲ့မဲနဲ့ ရရှိတဲ့ကိုယ်စားလှယ်နေရာမှာ အချိုးအစား ကွာဟမှု များစွာရှိနေတာကို တွေ့ရှိရပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။
ထို့ပြင် FPTP စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များပေးသည့် မဲစုစုပေါင်း၏ ၅၆ ဒသမ ၇ ရာခိုင်နှုန်းရရှိသည့်ပါတီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၈ ဒသမ ၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရ သည်။
ထို့အတူ ၂ဝ၁၅ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒရှင်များပေးသည့် မဲစုစုပေါင်း၏ ၅၇ ဒသမ ၂ ရာခိုင်နှုန်းရရှိသည့်ပါတီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၉ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရှိရသည့်အပြင် ဝင်ရောက် ယှဉ်ပြိုင်သည့် ပါတီပေါင်း ၉ဝ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်တွင် နေရာရရှိခဲ့ကြောင်း ကော်မရှင်က ဆိုထားသည်။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားလူမျိုးစုပါတီများ၊ ပါတီငယ်များမှကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရနိုင်ရေးအတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကော်မရှင်က ကြေညာထားသည်။
လာမည့်ရွေးကောက်ပွဲကို ၂ဝ၂၃ ခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း နစကဘက်မှ ပြောဆိုထားပြီး လက်ရှိတွင် မဲစာရင်းပြုစုရေးအပါအဝင် ရွေးကောက်ပွဲလုပ်ငန်း စဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
![](https://apprivals-insecure.b-cdn.net/applications/npnews-mm/news_articles/6395bdad07539965e3511505/body-image-6395bdad07539965e3511505-0.jpg)
zawgyi version
FPTP စနစ္၌ မဲဆႏၵနယ္တစ္ခုတြင္ တစ္ဦးကိုသာ တင္ေျမႇာက္ျခင္းျဖစ္၍ အႏိုင္မရသူမ်ား၏ မဲမ်ားမွာ အလဟႆျဖစ္ကာ ကိုယ္စားျပဳမႈေပ်ာက္ဆုံးဟု UEC ဆို
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁၁
FPTP စနစ္၌ မဲဆႏၵနယ္တစ္ခုတြင္ တစ္ဦးကိုသာ တင္ေျမႇာက္ျခင္းျဖစ္၍ အႏိုင္မရသူမ်ား၏ မဲမ်ားမွာ အလဟႆျဖစ္ကာ ကိုယ္စားျပဳမႈေပ်ာက္ဆုံးသည့္သေဘာကို ေတြ႕ရွိရေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ဦးခင္ေမာင္ဦးက ေျပာသည္။
ဦးခင္ေမာင္ဦးက အခ်ိဳးက်ကိုယ္စားျပဳစနစ္(Proportional Representation – PR) ေျပာင္းလဲက်င့္သုံးႏိုင္ေရးစကားဝိုင္းေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္ သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
၂ဝဝ၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ၂ဝ၁ဝ ျပည့္ႏွစ္မွ ၂ဝ၂ဝ ျပည့္ႏွစ္အထိ က်င္းပခဲ့ေသာ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲႏွင့္ ၾကားျဖတ္ေ႐ြး ေကာက္ပြဲမ်ားတြင္ မဲအမ်ားဆုံးရသူအႏိုင္ရသည့္စနစ္(FPTP)ကို က်င့္သုံးခဲ့သည္။
“FPTP စနစ္ရဲ႕ သေဘာကေတာ့ မဲဆႏၵနယ္တစ္ခုမွာ ဆႏၵမဲအမ်ားဆုံးရရွိသူ လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း တစ္ဦးတည္းကိုသာ ေ႐ြးေကာက္တင္ေျမႇာက္တဲ့စနစ္ျဖစ္တဲ့အတြက္ အႏိုင္မရတဲ့ ကိုယ္စားလွယ္ေလာင္းမ်ားရတဲ့မဲေတြ အလဟႆ၊ အေဟာသိကံျဖစ္ျခင္းနဲ႔ ၎တို႔ကို ဆႏၵမဲေပးခဲ့ၾကတဲ့ မဲဆႏၵရွင္မ်ားအတြက္ ကိုယ္ စားျပဳမႈ ေပ်ာက္ဆုံးတဲ့သေဘာကို ေတြ႕ရွိရပါတယ္။ ဒါ့ျပင္ အႏိုင္ရပါတီတစ္ခုရရွိတဲ့မဲနဲ႔ ရရွိတဲ့ကိုယ္စားလွယ္ေနရာမွာ အခ်ိဳးအစား ကြာဟမႈ မ်ားစြာရွိေနတာကို ေတြ႕ရွိရပါတယ္” ဟု ေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေျပာသည္။
ထို႔ျပင္ FPTP စနစ္ျဖင့္ က်င္းပျပဳလုပ္ခဲ့ေသာ ၂ဝ၁ဝ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ မဲဆႏၵရွင္မ်ားေပးသည့္ မဲစုစုေပါင္း၏ ၅၆ ဒသမ ၇ ရာခိုင္ႏႈန္းရရွိသည့္ပါတီမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ၇၈ ဒသမ ၅ ရာခိုင္ႏႈန္းရရွိခဲ့ေၾကာင္း သိရ သည္။
ထို႔အတူ ၂ဝ၁၅ ခုႏွစ္တြင္ က်င္းပသည့္ ေ႐ြးေကာက္ပြဲတြင္လည္း မဲဆႏၵရွင္မ်ားေပးသည့္ မဲစုစုေပါင္း၏ ၅၇ ဒသမ ၂ ရာခိုင္ႏႈန္းရရွိသည့္ပါတီမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ၇၉ ရာခိုင္ႏႈန္းရရွိခဲ့သည္ကို ေတြ႕ရွိရသည့္အျပင္ ဝင္ေရာက္ ယွဥ္ၿပိဳင္သည့္ ပါတီေပါင္း ၉ဝ ေက်ာ္အနက္ ၂၃ ပါတီသာ လႊတ္ေတာ္တြင္ ေနရာရရွိခဲ့ေၾကာင္း ေကာ္မရွင္က ဆိုထားသည္။
ထို႔ေၾကာင့္ လာမည့္ေ႐ြးေကာက္ပြဲမ်ားတြင္ တိုင္းရင္းသားလူမ်ိဳးစုပါတီမ်ား၊ ပါတီငယ္မ်ားမွကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ခံရႏိုင္ေရးအတြက္ အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ကို က်င့္သုံးသြားမည္ျဖစ္ေၾကာင္း ေကာ္မရွင္က ေၾကညာထားသည္။
လာမည့္ေ႐ြးေကာက္ပြဲကို ၂ဝ၂၃ ခုႏွစ္အတြင္း က်င္းပမည္ျဖစ္ေၾကာင္း နစကဘက္မွ ေျပာဆိုထားၿပီး လက္ရွိတြင္ မဲစာရင္းျပဳစုေရးအပါအဝင္ ေ႐ြးေကာက္ပြဲလုပ္ငန္း စဥ္မ်ားကို စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။