နိုဝင်ဘာလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် (၂၆ဝဝဝဝ)ကျော်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း (၁ဝဝ)ကျော်ရရှိ

 510

ဖူးပြည့် (NP News) - ဒီဇင်ဘာ ၁၂

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်၏ (၈)လတာကာလအတွင်း နိုဝင်ဘာလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်၏ စာရင်းအချက် အလက်များအရ သိရသည်။

နိုဝင်ဘာလအတွင်း ကုမ္ပဏီ ၄၁ ခုက ပြည်ပနိုင်ငံ(၃ဝ)ကျော်ကို ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် ၂၆၄ဝ၃၇ ဒသမ ၆ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ဝ၆ သန်းကျော်ရှိကြောင်း သိရသည်။

အဆိုပါကာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၁၇၉၈၅၂ ဒသမ ၆ တန် နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၈၄၁၈၅ တန်ရှိကြောင်းသိရသည်။

ပင်လယ်ရေကြောင်းမှ တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၁၈၅၆၇၈ ဒသမ ၆ တန်ရှိပြီး နယ်စပ်မှတင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၇၈၃၅၉ တန်ရှိကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆန်ဝယ်ယူမှုအများဆုံးဖြစ်ပြီး ယင်းနောက်တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံ၊ ပိုလန်တို့အပါအဝင် နိုင်ငံပေါင်း (၂၄) နိုင်ငံက ဝယ်ယူကာ ဆန်ကွဲကို ဘယ်လ်ဂျီယံနိုင်ငံမှ အများဆုံးဝယ်ယူပြီး ယင်းနောက်တွင် တရုတ်၊ ပိုလန်၊ စပိန်၊ လစ်သူနီးယားတို့အပါအဝင် (၁ဝ) နိုင်ငံမှ ဝယ်ယူခဲ့ကြောင်းသိရသည်။

ပြည်ပသို့ဆန်တင်ပို့မှုအနေဖြင့် ဧပြီလတွင် မက်ထရစ်တန်ချိန် ၂၅ဝ၉၄၇ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်၊ မေလတွင် မက်ထရစ်တန်ချိန် ၁၅၃၅ဝ၇ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်၊ ဇွန်လတွင် မက်ထရစ်တန်ချိန် ၁၄၆ဝ၉၄ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၅ဝ ကျော်၊ ဇူလိုင်လတွင် မက်ထရစ်တန်ချိန် ၁၈၂၅၅ဝ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်၊ ဩဂုတ်လတွင် မက်ထရစ်တန်ချိန် ၁၅၆၈၉၃ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်၊ စက်တင်ဘာလတွင် မက်ထရစ်တန်ချိန် ၉၃၇၉၁ ဒသမ ၇ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်၊ အောက်တိုဘာလတွင် မက်ထရစ်တန်ချိန် ၁၆၃၁၈၈ ဒသမ ၇ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၅ သန်းကျော် နှင့် နိုဝင်ဘာလတွင် မက်ထရစ်တန်ချိန် ၂၆၄ဝ၃၇ ဒသမ ၆ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ဝ၆ သန်းကျော်ရှိကြောင်း သိရသည်။

အဆိုပါ (၈)လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် ၁ ဒသမ ၄ သန်းကျော်တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၁ဝ ကျော်ရရှိခဲ့ကြောင်းသိရသည်။

စပါးသီးနှံကို စိုက်ပျိုးမြေအားလုံး၏ ၅ဝ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးလျက်ရှိသော မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးရေးထုတ်ကုန်သီးနှံတစ်မျိုးလည်းဖြစ်သည်။

Zawgyi Version;
ႏိုဝင္ဘာလတြင္ ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္ (၂၆ဝဝဝဝ)ေက်ာ္အထိ စံခ်ိန္တင္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာသန္း (၁ဝဝ)ေက်ာ္ရရွိ
ဖူးျပည့္ (NP News) - ဒီဇင္ဘာ ၁၂

၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္၏ (၈)လတာကာလအတြင္း ႏိုဝင္ဘာလတြင္ ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲ စံခ်ိန္တင္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္ စပါးအသင္းခ်ဳပ္၏ စာရင္းအခ်က္ အလက္မ်ားအရ သိရသည္။

ႏိုဝင္ဘာလအတြင္း ကုမၸဏီ ၄၁ ခုက ျပည္ပႏိုင္ငံ(၃ဝ)ေက်ာ္ကို ဆန္ႏွင့္ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ ၂၆၄ဝ၃၇ ဒသမ ၆ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၁ဝ၆ သန္းေက်ာ္ရွိေၾကာင္း သိရသည္။

အဆိုပါကာလအတြင္း ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ ၁၇၉၈၅၂ ဒသမ ၆ တန္ ႏွင့္ ဆန္ကြဲတင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ ၈၄၁၈၅ တန္ရွိေၾကာင္းသိရသည္။

ပင္လယ္ေရေၾကာင္းမွ တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ ၁၈၅၆၇၈ ဒသမ ၆ တန္ရွိၿပီး နယ္စပ္မွတင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ ၇၈၃၅၉ တန္ရွိေၾကာင္းသိရသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ဆန္ဝယ္ယူမႈအမ်ားဆုံးျဖစ္ၿပီး ယင္းေနာက္တြင္ တ႐ုတ္၊ ဖိလစ္ပိုင္၊ ဘယ္လ္ဂ်ီယံ၊ ပိုလန္တို႔အပါအဝင္ ႏိုင္ငံေပါင္း (၂၄) ႏိုင္ငံက ဝယ္ယူကာ ဆန္ကြဲကို ဘယ္လ္ဂ်ီယံႏိုင္ငံမွ အမ်ားဆုံးဝယ္ယူၿပီး ယင္းေနာက္တြင္ တ႐ုတ္၊ ပိုလန္၊ စပိန္၊ လစ္သူနီးယားတို႔အပါအဝင္ (၁ဝ) ႏိုင္ငံမွ ဝယ္ယူခဲ့ေၾကာင္းသိရသည္။

ျပည္ပသို႔ဆန္တင္ပို႔မႈအေနျဖင့္ ဧၿပီလတြင္ မက္ထရစ္တန္ခ်ိန္ ၂၅ဝ၉၄၇ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၈၂ သန္းေက်ာ္၊ ေမလတြင္ မက္ထရစ္တန္ခ်ိန္ ၁၅၃၅ဝ၇ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၅၁ သန္းေက်ာ္၊ ဇြန္လတြင္ မက္ထရစ္တန္ခ်ိန္ ၁၄၆ဝ၉၄ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ ေဒၚလာ သန္း ၅ဝ ေက်ာ္၊ ဇူလိုင္လတြင္ မက္ထရစ္တန္ခ်ိန္ ၁၈၂၅၅ဝ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၆၆ သန္းေက်ာ္၊ ဩဂုတ္လတြင္ မက္ထရစ္တန္ခ်ိန္ ၁၅၆၈၉၃ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၅၃ သန္းေက်ာ္၊ စက္တင္ဘာလတြင္ မက္ထရစ္တန္ခ်ိန္ ၉၃၇၉၁ ဒသမ ၇ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၃၇ သန္းေက်ာ္၊ ေအာက္တိုဘာလတြင္ မက္ထရစ္တန္ခ်ိန္ ၁၆၃၁၈၈ ဒသမ ၇ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၆၅ သန္းေက်ာ္ ႏွင့္ ႏိုဝင္ဘာလတြင္ မက္ထရစ္တန္ခ်ိန္ ၂၆၄ဝ၃၇ ဒသမ ၆ တန္ရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၁ဝ၆ သန္းေက်ာ္ရွိေၾကာင္း သိရသည္။

အဆိုပါ (၈)လတာကာလအတြင္း ျပည္ပႏိုင္ငံမ်ားသို႔ ဆန္ႏွင့္ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ ၁ ဒသမ ၄ သန္းေက်ာ္တင္ပို႔ခဲ့ၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ သန္း ၅၁ဝ ေက်ာ္ရရွိခဲ့ေၾကာင္းသိရသည္။

စပါးသီးႏွံကို စိုက္ပ်ိဳးေျမအားလုံး၏ ၅ဝ ရာခိုင္ႏႈန္းခန႔္တြင္ စိုက္ပ်ိဳးလ်က္ရွိေသာ ျမန္မာႏိုင္ငံ၏ အဓိက စိုက္ပ်ိဳးေရးထုတ္ကုန္သီးႏွံတစ္မ်ိဳးလည္းျဖစ္သည္။

Related news

© 2021. All rights reserved.