မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့်နည်းပညာကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေသေးကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ဆို

895

မျိုးကြီး (NP News) - ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ နှင့် နည်းပညာကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်ရန်များစွာလိုအပ်နေသေးကြောင်း ရုရှားနိုင်ငံ Rosatom ကုမ္ပဏီဘက်မှ မှတ်ချက်ပြုပြောဆိုထားသည်။
ရုရှား-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်အရ ရုရှားနိုင်ငံ၊ Rosatom ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ လဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုထား သည်။
အဆိုပါခရီးစဉ်အတွင်း ရုရှားနိုင်ငံ၊ Rosatom ကုမ္ပဏီမှ Deupty Director ဖြစ်သူ Palamarchuk Lgor က မြန်မာနိုင်ငံနှင့် ပတ်သက်၍ ၎င်း၏ပြောဆိုချက်များကို နစကဘက်မှ အသိပေးထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍက များစွာ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ နည်းပညာကဏ္ဍမှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သေးတဲ့အတွက် ဒီလိုကဏ္ဍတွေမှာ များစွာကူညီသွားဖို့ရှိပါတယ်။ ဒီခရီးစဉ်မှာလည်း အဲဒီကဏ္ဍတွေ ဖွံ့ဖြိုးသွားဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု Palamarchuk Lgor က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍအပြင် အခြားစီးပွားရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန် ရှိပြီး ရုရှား နိုင်ငံအနေဖြင့် မြန်မာ၏စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဆင့်ချင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် နေပြည်တော်၌ အပူစွမ်းအင်ဆိုင်ရာစီမံကိန်း ဆောင်ရွက်ရန်အတွက် ငလျင်၊ ပြတ်ရွေ့များနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေအား ရုရှား Rosatom ကုမ္ပဏီမှ လေ့လာမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဇီးရိုင်းကျေးရွာ၊ သစ်တော်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ၊ ပေါင်းလောင်းရေလှောင် တမံအနီးရှိ မြေနေရာတို့ကို အပူစွမ်းအင်ဆိုင်ရာစီမံကိန်းအတွက် လေ့လာခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ROSATOM တို့အကြား၌ “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023” ကို လက်မှတ်ရေးထိုးထားသည်။
မြန်မာနိုင်ငံ၌ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား သဘောတူညီထားပြီး ၎င်းကို နှစ်ပိုင်းအတွင်း တည်ဆောက်သွားမည်ဟု နစကမှ တရားဝင်ပြောဆိုထားသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္က႑ႏွင့္နည္းပညာက႑တို႔တြင္ ဖြံ႕ၿဖိဳးတိုးတက္ရန္ မ်ားစြာလိုအပ္ေနေသးေၾကာင္း ႐ုရွားကိုယ္စားလွယ္အဖြဲ႕ဆို
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁၂
ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္က႑ ႏွင့္ နည္းပညာက႑တို႔တြင္ ဖြံ႕ၿဖိဳးတိုးတက္ရန္မ်ားစြာလိုအပ္ေနေသးေၾကာင္း ႐ုရွားႏိုင္ငံ Rosatom ကုမၸဏီဘက္မွ မွတ္ခ်က္ျပဳေျပာဆိုထားသည္။
႐ုရွား-ျမန္မာႏွစ္ႏိုင္ငံပူးေပါင္း၍ စီမံကိန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ အစီအစဥ္အရ ႐ုရွားႏိုင္ငံ၊ Rosatom ကုမၸဏီမွ ကိုယ္စားလွယ္အဖြဲ႕သည္ ဒီဇင္ဘာ လဆန္းပိုင္းတြင္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထား သည္။
အဆိုပါခရီးစဥ္အတြင္း ႐ုရွားႏိုင္ငံ၊ Rosatom ကုမၸဏီမွ Deupty Director ျဖစ္သူ Palamarchuk Lgor က ျမန္မာႏိုင္ငံႏွင့္ ပတ္သက္၍ ၎၏ေျပာဆိုခ်က္မ်ားကို နစကဘက္မွ အသိေပးထုတ္ျပန္ထားသည္။
“ျမန္မာႏိုင္ငံရဲ႕ စြမ္းအင္က႑က မ်ားစြာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ လိုအပ္ပါတယ္။ နည္းပညာက႑မွာလည္း ဖြံ႕ၿဖိဳးတိုးတက္ဖို႔ လိုအပ္ေသးတဲ့အတြက္ ဒီလိုက႑ေတြမွာ မ်ားစြာကူညီသြားဖို႔ရွိပါတယ္။ ဒီခရီးစဥ္မွာလည္း အဲဒီက႑ေတြ ဖြံ႕ၿဖိဳးသြားဖို႔အတြက္ ကြၽန္ေတာ္တို႔အေနနဲ႔ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု Palamarchuk Lgor က ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ၏ စြမ္းအင္က႑အျပင္ အျခားစီးပြားေရးက႑မ်ားတြင္လည္း ပူးေပါင္းေဆာင္႐ြက္သြားရန္ ရွိၿပီး ႐ုရွား ႏိုင္ငံအေနျဖင့္ ျမန္မာ၏စြမ္းအင္က႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တစ္ဆင့္ခ်င္းကူညီေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။
လက္ရွိတြင္ ေနျပည္ေတာ္၌ အပူစြမ္းအင္ဆိုင္ရာစီမံကိန္း ေဆာင္႐ြက္ရန္အတြက္ ငလ်င္၊ ျပတ္ေ႐ြ႕မ်ားႏွင့္ သဘာဝပတ္ဝန္းက်င္အေျခအေနအား ႐ုရွား Rosatom ကုမၸဏီမွ ေလ့လာမႈမ်ားစတင္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္ ဇီး႐ိုင္းေက်း႐ြာ၊ သစ္ေတာ္ေက်း႐ြာအုပ္စု၊ ငါးတဲစုေက်း႐ြာ၊ ေပါင္းေလာင္းေရေလွာင္ တမံအနီးရွိ ေျမေနရာတို႔ကို အပူစြမ္းအင္ဆိုင္ရာစီမံကိန္းအတြက္ ေလ့လာခဲ့ျခင္းျဖစ္သည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္ ROSATOM တို႔အၾကား၌ “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023” ကို လက္မွတ္ေရးထိုးထားသည္။
ျမန္မာႏိုင္ငံ၌ အေသးစားန်ဴကလီးယားဓာတ္အားေပးစက္႐ုံ တည္ေဆာက္ရန္အတြက္ ျမန္မာႏွင့္႐ုရွားႏိုင္ငံတို႔အၾကား သေဘာတူညီထားၿပီး ၎ကို ႏွစ္ပိုင္းအတြင္း တည္ေဆာက္သြားမည္ဟု နစကမွ တရားဝင္ေျပာဆိုထားသည္။