ထိုင်းတော်ဝင်မင်းသမီး အရေးပေါ်ဆေးရုံတင်ရ

 1096

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၅

ထိုင်းဘုရင့်ရဲ့သမီးအကြီးဖြစ်သူ တော်ဝင်မင်းသမီး Bajrakitiyabha ဟာ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက နှလုံးရောဂါပြဿနာကြောင့် လမ်းလျှောက်ရင်း ရုတ်တရက်လဲကျသွားခဲ့တဲ့အတွက် ဆေးရုံကိုအရေးပေါ်တင်ခဲ့ရ ကြောင်း၊ ထိုင်းတော်ဝင်နန်းတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းဘုရင် ဝီဇယလောင်ကွန်းရဲ့သမီးအကြီးဖြစ်သူ ထိုင်းတော်ဝင်မင်းသမီးဟာ သူမရဲ့ခွေးနဲ့အတူ လမ်းလျှောက်နေ ချိန်အတွင်း နှလုံးရောဂါပြဿနာကြောင့် လဲကျသွားခဲ့ပြီး၊ ဘန်ကောက်မြို့ဆေးရုံကို ချက်ချင်းတင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၄၄ နှစ်အရွယ်ရှိ ထိုင်းဘုရင့်သမီးကို နီးစပ်ရာ ဆေးရုံကို အရင်ခေါ်ဆောင်ခဲ့ပြီးနောက် မကြာမီ ဘန်ကောက်မြို့ရှိဆေးရုံကို ရဟတ်ယာဉ်နဲ့ တင်ပို့ခဲ့ရကြောင်း၊ ထိုင်းတော်ဝင်နန်းတော်က ပြောပါတယ်။

ထိုင်းတော်ဝင်နန်းတော်က ဆေးရုံတင်ပို့ခဲ့တဲ့ တော်ဝင်မင်းသမီးဟာ ဆေးရုံတင်ပို့ခဲ့ပြီးနောက် အခြေအနေတစ်ခု အထိ တည်ငြိမ်နေခဲ့ကြောင်း ဆိုပါတယ်။ ထိုင်းတော်ဝင်မင်းသမီး Bajrakitiyabha ဟာ ထိုင်းဘုရင်ကြီး ဝီဇယ လောင်ကွန်းနဲ့ ပထမ ကြင်ယာတော် ထိုင်းတော်ဝင်မင်းသမီး Soamsawali တို့က မွေးဖွားတဲ့ ပထမဆုံးသမီးတော် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတော်ဝင်မင်းသမီးဟာ ဝီဇယလောင်ကွန်း ထိုင်းအဖြစ်နန်းတက်တဲ့ ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှာ ထိုင်းဘုရင်ရဲ့လုံခြုံရေးအတွင်းစည်းမှာ ပါဝင်ခဲ့ပြီး ထိုင်းဘုရင်ကြီးရဲ့ကိုယ်ရံတော်တပ်ဖွဲ့အကြီးအကဲ အဖြစ် ထမ်းဆောင်နေသူဖြစ်ပါတယ်။

အဆိုပါ ထိုင်းတော်ဝင်မင်းသမီးဟာ အမေရိကန် တက္ကသိုလ်နှစ်ခုမှာ ဥပဒေနဲ့ ဘွဲ့ရရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းတော်ဝင်မင်းသမီး Bajrakitiyabha ဟာ ဘုရင်ကြီးဝီဇယလောင်ကွန်း နတ်ရွာစံချိန်မှာ ထိုင်းဘုရင်ထီးနန်း အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် အလားလာများနေသူလည်းဖြစ်ပါတယ်။ သူမဟာ ကြံ့ခိုင်ရေး ဝါသနာပါသူ တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အချိန်အတန်ကြာ တွန်းအားပေးလုပ်ဆောင်ခဲ့ ဖူးသူဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းေတာ္ဝင္မင္းသမီး အေရးေပၚေဆး႐ုံတင္ရ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၅

ထိုင္းဘုရင့္ရဲ႕သမီးအႀကီးျဖစ္သူ ေတာ္ဝင္မင္းသမီး Bajrakitiyabha ဟာ ဒီဇင္ဘာ ၁၄ ရက္ ညေနပိုင္းက ႏွလုံးေရာဂါျပႆနာေၾကာင့္ လမ္းေလွ်ာက္ရင္း ႐ုတ္တရက္လဲက်သြားခဲ့တဲ့အတြက္ ေဆး႐ုံကိုအေရးေပၚတင္ခဲ့ရ ေၾကာင္း၊ ထိုင္းေတာ္ဝင္နန္းေတာ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ထိုင္းဘုရင္ ဝီဇယေလာင္ကြန္းရဲ႕သမီးအႀကီးျဖစ္သူ ထိုင္းေတာ္ဝင္မင္းသမီးဟာ သူမရဲ႕ေခြးနဲ႔အတူ လမ္းေလွ်ာက္ေန ခ်ိန္အတြင္း ႏွလုံးေရာဂါျပႆနာေၾကာင့္ လဲက်သြားခဲ့ၿပီး၊ ဘန္ေကာက္ၿမိဳ႕ေဆး႐ုံကို ခ်က္ခ်င္းတင္ပို႔ခဲ့ရတယ္လို႔ သိရပါတယ္။ အသက္ ၄၄ ႏွစ္အ႐ြယ္ရွိ ထိုင္းဘုရင့္သမီးကို နီးစပ္ရာ ေဆး႐ုံကို အရင္ေခၚေဆာင္ခဲ့ၿပီးေနာက္ မၾကာမီ ဘန္ေကာက္ၿမိဳ႕ရွိေဆး႐ုံကို ရဟတ္ယာဥ္နဲ႔ တင္ပို႔ခဲ့ရေၾကာင္း၊ ထိုင္းေတာ္ဝင္နန္းေတာ္က ေျပာပါတယ္။

ထိုင္းေတာ္ဝင္နန္းေတာ္က ေဆး႐ုံတင္ပို႔ခဲ့တဲ့ ေတာ္ဝင္မင္းသမီးဟာ ေဆး႐ုံတင္ပို႔ခဲ့ၿပီးေနာက္ အေျခအေနတစ္ခု အထိ တည္ၿငိမ္ေနခဲ့ေၾကာင္း ဆိုပါတယ္။ ထိုင္းေတာ္ဝင္မင္းသမီး Bajrakitiyabha ဟာ ထိုင္းဘုရင္ႀကီး ဝီဇယ ေလာင္ကြန္းနဲ႔ ပထမ ၾကင္ယာေတာ္ ထိုင္းေတာ္ဝင္မင္းသမီး Soamsawali တို႔က ေမြးဖြားတဲ့ ပထမဆုံးသမီးေတာ္ ျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါေတာ္ဝင္မင္းသမီးဟာ ဝီဇယေလာင္ကြန္း ထိုင္းအျဖစ္နန္းတက္တဲ့ ၂ဝ၁၆ ခုႏွစ္ ေနာက္ပိုင္းမွာ ထိုင္းဘုရင္ရဲ႕လုံၿခဳံေရးအတြင္းစည္းမွာ ပါဝင္ခဲ့ၿပီး ထိုင္းဘုရင္ႀကီးရဲ႕ကိုယ္ရံေတာ္တပ္ဖြဲ႕အႀကီးအကဲ အျဖစ္ ထမ္းေဆာင္ေနသူျဖစ္ပါတယ္။

အဆိုပါ ထိုင္းေတာ္ဝင္မင္းသမီးဟာ အေမရိကန္ တကၠသိုလ္ႏွစ္ခုမွာ ဥပေဒနဲ႔ ဘြဲ႕ရရွိခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။ ထိုင္းေတာ္ဝင္မင္းသမီး Bajrakitiyabha ဟာ ဘုရင္ႀကီးဝီဇယေလာင္ကြန္း နတ္႐ြာစံခ်ိန္မွာ ထိုင္းဘုရင္ထီးနန္း အ႐ိုက္အရာကို ဆက္ခံမယ့္သူအျဖစ္ အလားလာမ်ားေနသူလည္းျဖစ္ပါတယ္။ သူမဟာ ႀကံ့ခိုင္ေရး ဝါသနာပါသူ တစ္ဦးျဖစ္ၿပီး ထိုင္းႏိုင္ငံမွာ ရာဇဝတ္မႈဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈကို အခ်ိန္အတန္ၾကာ တြန္းအားေပးလုပ္ေဆာင္ခဲ့ ဖူးသူျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.