ရန်ကုန်တိုင်းအတွင်း၌ သက်သာသောဈေးနှုန်းဖြင့် တစ်ရက်လျှင် စားသုံးဆီပိဿာချိန် (၄ဝဝဝဝ)ကျော် ဖြန့်ဖြူးရောင်းချပေးနေ

 419

ဖူးပြည့် (NP News) - ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများက ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများထံ သက် သာသောဈေးနှုန်းဖြင့် တစ်ရက်လျှင် စားသုံးဆီ ပိဿာချိန် (၄ဝဝဝဝ)ကျော် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

၂ဝ၂၁ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် စားသုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံဒေါ်လာများရောင်းချပေးခဲ့ရာ ၂ဝ၂၁ ခုနှစ် စက်တင် ဘာလ (၂ဝ)ရက်မှစတင်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှတဆင့် စားအုန်းဆီများကို လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၇ဝဝ ဖြင့် စတင်ရောင်းချပေးခဲ့သည်။

ယင်းနောက် ဗဟိုဘဏ်က စားသုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများထံ အမေရိကန်ဒေါ်လာများကိုရောင်းချပေးခဲ့ပြီး စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများကလည်း ဈေးကားများဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်များကို လှည့်လည်ရောင်းချလျက်ရှိသည်။

စားသုံးဆီ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ ၁၈ ခုသည် ဈေးကား ၆၅ စီးဖြင့် တစ်ရက်လျှင် ရည်ညွှန်းဈေးနှုန်းကို အခြေခံကာ ဆီပိဿာချိန်ပေါင်း ၄ဝဝဝဝ ကျော်ခန့်ကို နေ့စဉ် စားသုံးသူပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

ပြည်တွင်း၌ လိုအပ်ချက်များရှိနေသည့် စားသုံးဆီဖူလုံရေးအတွက် လိုအပ်ချက်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌမှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကပြော ကြားထားသည်။

နစကအနေဖြင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်မှစတင်ပြီး နေကြာစိုက် ဧက (၁)သိန်းခွဲတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအတွက် စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ်ဘီလျံ (၁ဝဝ) ကျော် ထုတ်ချေးပေးရန်လည်း စီစဉ်ထားမှုများရှိသည်။

မြန်မာနိုင်ငံတွင် မြေပဲစိုက်ဧက ၂၈ သိန်းကျော်၊ နှမ်းစိုက်ဧက ၃၇ သိန်းကျော်နှင့် နေကြာစိုက်ဧက ၆ သိန်းခန့် အပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးဧရိယာ ဧကစုစုပေါင်း ၇၆ သိန်းကျော်ရှိပြီး စားသုံးမှုနှင့် အခြားလုပ်ငန်းများအတွက် လိုအပ်ချက်သည် တစ်နှစ်လျှင် ဆီတန်ချိန် (၁) သန်းခန့် ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်များ၌ ဒီဇင်ဘာလ ၁၇ ရက်အထိ ဈေးကားများဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ၄၇၅ဝ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသော်လည်း ပြင်ပဈေးကွက်၌ စားသုံးဆီတစ်ပိဿာလျှင် ၆ဝဝဝ ကျပ်နှုန်းဖြစ်ပေါ်နေသည်။

zawgyi version
ရန္ကုန္တိုင္းအတြင္း၌ သက္သာေသာေဈးႏႈန္းျဖင့္ တစ္ရက္လွ်င္ စားသုံးဆီပိႆာခ်ိန္ (၄ဝဝဝဝ)ေက်ာ္ ျဖန႔္ျဖဴး ေရာင္းခ်ေပးေန
ဖူးျပည့္ (NP News) - ဒီဇင္ဘာ ၁၈

ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္း၏ အစီအစဥ္ျဖင့္ စားသုံးဆီတင္သြင္းျဖန႔္ျဖဴးသည့္ ကုမၸဏီမ်ားက ရန္ကုန္တိုင္းအတြင္းရွိ ျပည္သူမ်ားထံ သက္ သာေသာေဈးႏႈန္းျဖင့္ တစ္ရက္လွ်င္ စားသုံးဆီ ပိႆာခ်ိန္ (၄ဝဝဝဝ)ေက်ာ္ ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္း အဆိုပါအသင္းမွ သိရသည္။

၂ဝ၂၁ ခုႏွစ္အတြင္း ႏိုင္ငံျခားေငြလဲႏႈန္း ျမင့္တက္ခဲ့ျခင္းေၾကာင့္ စားသုံးဆီေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္ခဲ့သည့္အတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က စားသုံးဆီတင္သြင္းသည့္ ကုမၸဏီမ်ားထံေဒၚလာမ်ားေရာင္းခ်ေပးခဲ့ရာ ၂ဝ၂၁ ခုႏွစ္ စက္တင္ ဘာလ (၂ဝ)ရက္မွစတင္ကာ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းမွတဆင့္ စားအုန္းဆီမ်ားကို လက္ကားေဈး တစ္ပိႆာလွ်င္ ေငြက်ပ္ ၃၇ဝဝ ျဖင့္ စတင္ေရာင္းခ်ေပးခဲ့သည္။

ယင္းေနာက္ ဗဟိုဘဏ္က စားသုံးဆီတင္သြင္းျဖန႔္ျဖဴးေရာင္းခ်သူမ်ားထံ အေမရိကန္ေဒၚလာမ်ားကိုေရာင္းခ်ေပးခဲ့ၿပီး စားသုံးဆီတင္သြင္းျဖန႔္ျဖဴးသည့္ ကုမၸဏီမ်ားကလည္း ေဈးကားမ်ားျဖင့္ ရန္ကုန္တိုင္းအတြင္းရွိ ရပ္ကြက္မ်ားကို လွည့္လည္ေရာင္းခ်လ်က္ရွိသည္။

စားသုံးဆီ တင္သြင္းျဖန႔္ျဖဴးသည့္ ကုမၸဏီ ၁၈ ခုသည္ ေဈးကား ၆၅ စီးျဖင့္ တစ္ရက္လွ်င္ ရည္ၫႊန္းေဈးႏႈန္းကို အေျခခံကာ ဆီပိႆာခ်ိန္ေပါင္း ၄ဝဝဝဝ ေက်ာ္ခန႔္ကို ေန႔စဥ္ စားသုံးသူျပည္သူမ်ား လက္ဝယ္အေရာက္ ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္းသိရသည္။

ျပည္တြင္း၌ လိုအပ္ခ်က္မ်ားရွိေနသည့္ စားသုံးဆီဖူလုံေရးအတြက္ လိုအပ္ခ်က္မ်ားကို ႏိုင္ငံေတာ္မွ ျဖည့္ဆည္းေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းလည္း နစက ဥကၠ႒မွ ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္းကေျပာ ၾကားထားသည္။

နစကအေနျဖင့္ ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္မွစတင္ၿပီး ေနၾကာစိုက္ ဧက (၁)သိန္းခြဲတိုးခ်ဲ႕စိုက္ပ်ိဳးသြားမည္ျဖစ္ၿပီး အဆိုပါလုပ္ငန္းမ်ားအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြအျဖစ္ ေငြက်ပ္ဘီလ်ံ (၁ဝဝ) ေက်ာ္ ထုတ္ေခ်းေပးရန္လည္း စီစဥ္ထားမႈမ်ားရွိသည္။

ျမန္မာႏိုင္ငံတြင္ ေျမပဲစိုက္ဧက ၂၈ သိန္းေက်ာ္၊ ႏွမ္းစိုက္ဧက ၃၇ သိန္းေက်ာ္ႏွင့္ ေနၾကာစိုက္ဧက ၆ သိန္းခန႔္ အပါအဝင္ ဆီထြက္သီးႏွံစိုက္ပ်ိဳးဧရိယာ ဧကစုစုေပါင္း ၇၆ သိန္းေက်ာ္ရွိၿပီး စားသုံးမႈႏွင့္ အျခားလုပ္ငန္းမ်ားအတြက္ လိုအပ္ခ်က္သည္ တစ္ႏွစ္လွ်င္ ဆီတန္ခ်ိန္ (၁) သန္းခန႔္ ရွိေၾကာင္းသိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ရပ္ကြက္မ်ား၌ ဒီဇင္ဘာလ ၁၇ ရက္အထိ ေဈးကားမ်ားျဖင့္ စားသုံးဆီ တစ္ပိႆာလွ်င္ ၄၇၅ဝ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ေပးလ်က္ရွိေသာ္လည္း ျပင္ပေဈးကြက္၌ စားသုံးဆီတစ္ပိႆာလွ်င္ ၆ဝဝဝ က်ပ္ႏႈန္းျဖစ္ေပၚေနသည္။

Related news

© 2021. All rights reserved.