ကမ္ဘာကျော်မင်းသမီး အိန်ဂျလီနာဂျိုလီ UNHCR ၏ အထူးသံတမန်အဖြစ်မှ နှုတ်ထွက်
1016
Pika (NP News) - ဒီဇင်ဘာ ၁၈
အော်စကာဆုရှင်ဖြစ်သလို ကမ္ဘာကျော်မင်းသမီး အိန်ဂျလီနာဂျိုလီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ သံတမန်အဖြစ် နှစ်ပေါင်း(၂ဝ)ကြာ တာဝန်ယူပြီးနောက် ရာထူးမှ နှုတ်ထွက်လိုက် ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အသက်(၄၇)နှစ်အရွယ် အိန်ဂျလီနာဂျိုလီ က "အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကနေ အသက်တွေကို ကယ်ဆယ်တဲ့ ကုလသမဂ္ဂရဲ့လုပ်ဆောင်မှုတွေအားလုံးကို ကျွန်မ ယုံကြည်ပါတယ်။ ဒုက္ခတွေကို ခံစားခဲ့ရတဲ့သူတွေ ဦးဆောင်တဲ့အဖွဲ့အစည်းတွေနဲ့ သူတို့အတွက် ကျွန်မက အမြဲရပ်တည်ပေးနေမယ့်သူပါ " ဟု ပြောဆိုခဲ့သည်။
အိန်ဂျလီနာဂျိုလီသည် ဒုက္ခသည်အခွင့်အရေး လှုပ်ရှားကြိုးပမ်းသူများထဲတွင် သြဇာအာဏာအရှိဆုံးသူတစ်ဦး ဖြစ်ကြောင်း UNHCR က ပြောကြားခဲ့သည်။
အိန်ဂျလီနာဂျိုလီ က "အနှစ်(၂ဝ) ကျော်ကြာပြီးနောက် ကျွန်မဟာ ကုလသမဂ္ဂဆိုင်ရာဒုက္ခသည်အေဂျင်စီရဲ့ သံတမန် အဖြစ်ကနေ နှုတ်ထွက်လိုက်ပါပြီ။ ဒုက္ခသည်တွေဟာ ကမ္ဘာပေါ်မှာ ကျွန်မ အလေးစားရဆုံးသူတွေဖြစ်ပြီး သူတို့နဲ့ တစ်သက်လုံး လက်တွဲသွားဖို့ ရည်ရွယ်ထားပါတယ်" ဟု ပြောဆိုခဲ့သည်၊၊
အိန်ဂျလီနာဂျိုလီသည် ၎င်းနှင့် အလုပ်အတူတွဲလုပ်ရန် စီစဥ်နေသော အဖွဲ့အစည်းများရှိကြောင်း ထုတ်ဖော်ပြော ဆိုခဲ့သော်လည်း အသေးစိတ်အစီအစဥ်များကို ထုတ်ဖော်ပြောကြားခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။
အိန်ဂျလီနာဂျိုလီသည် လူသားချင်းစာနာထောက်ထားမှု နှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စများတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန်ဂျလီနာဂျိုလီ သည် ဆင်းရဲဒုက္ခများအပြင် မျှော်လင့်ချက်များနှင့် ခံနိုင်ရည်ရှိမှုတို့ကို သက်သေပြရန်အတွက် မစ်ရှင်ပေါင်း(၆ဝ) ကျော်ကို တာဝန်ယူလုပ်နိုင်ခဲ့ကြောင်း UNHCR က ပြောကြားခဲ့သည်။
Mr and Mrs Smith နှင့် Lara Croft: Tomb Raider အပါအဝင် ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အိန်ဂျလီနာဂျိုလီ သည် UNHCR နှင့် ၂ဝဝ၁ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ဒုက္ခသည် အေဂျင်စီ၏ အထူးသံတမန်ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အိန်ဂျလီနာဂျိုလီသည် စစ်ဘေးသင့်နိုင်ငံများ ဖြစ်သော ယူကရိန်း၊ ယီမန် နှင့် ဘာကီနာဖာဆိုနိုင်ငံတို့ကို သွားရောက်ကာ စစ်ဘေးသင့်ပြည်သူများနှင့် တွေ့ဆုံခဲ့ သည်။
Zawgyi Version;
ကမာၻေက်ာ္မင္းသမီး အိန္ဂ်လီနာဂ်ိဳလီ UNHCR ၏ အထူးသံတမန္အျဖစ္မွ ႏႈတ္ထြက္
Pika (NP News) - ဒီဇင္ဘာ ၁၈
ေအာ္စကာဆုရွင္ျဖစ္သလို ကမာၻေက်ာ္မင္းသမီး အိန္ဂ်လီနာဂ်ိဳလီသည္ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR ၏ သံတမန္အျဖစ္ ႏွစ္ေပါင္း(၂ဝ)ၾကာ တာဝန္ယူၿပီးေနာက္ ရာထူးမွ ႏႈတ္ထြက္လိုက္ ၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အသက္(၄၇)ႏွစ္အ႐ြယ္ အိန္ဂ်လီနာဂ်ိဳလီ က "အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းေတြကေန အသက္ေတြကို ကယ္ဆယ္တဲ့ ကုလသမဂၢရဲ႕လုပ္ေဆာင္မႈေတြအားလုံးကို ကြၽန္မ ယုံၾကည္ပါတယ္။ ဒုကၡေတြကို ခံစားခဲ့ရတဲ့သူေတြ ဦးေဆာင္တဲ့အဖြဲ႕အစည္းေတြနဲ႔ သူတို႔အတြက္ ကြၽန္မက အၿမဲရပ္တည္ေပးေနမယ့္သူပါ " ဟု ေျပာဆိုခဲ့သည္။
အိန္ဂ်လီနာဂ်ိဳလီသည္ ဒုကၡသည္အခြင့္အေရး လႈပ္ရွားႀကိဳးပမ္းသူမ်ားထဲတြင္ ၾသဇာအာဏာအရွိဆုံးသူတစ္ဦး ျဖစ္ေၾကာင္း UNHCR က ေျပာၾကားခဲ့သည္။
အိန္ဂ်လီနာဂ်ိဳလီ က "အႏွစ္(၂ဝ) ေက်ာ္ၾကာၿပီးေနာက္ ကြၽန္မဟာ ကုလသမဂၢဆိုင္ရာဒုကၡသည္ေအဂ်င္စီရဲ႕ သံတမန္ အျဖစ္ကေန ႏႈတ္ထြက္လိုက္ပါၿပီ။ ဒုကၡသည္ေတြဟာ ကမာၻေပၚမွာ ကြၽန္မ အေလးစားရဆုံးသူေတြျဖစ္ၿပီး သူတို႔နဲ႔ တစ္သက္လုံး လက္တြဲသြားဖို႔ ရည္႐ြယ္ထားပါတယ္" ဟု ေျပာဆိုခဲ့သည္၊၊
အိန္ဂ်လီနာဂ်ိဳလီသည္ ၎ႏွင့္ အလုပ္အတူတြဲလုပ္ရန္ စီစဥ္ေနေသာ အဖြဲ႕အစည္းမ်ားရွိေၾကာင္း ထုတ္ေဖာ္ေျပာ ဆိုခဲ့ေသာ္လည္း အေသးစိတ္အစီအစဥ္မ်ားကို ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။
အိန္ဂ်လီနာဂ်ိဳလီသည္ လူသားခ်င္းစာနာေထာက္ထားမႈ ႏွင့္ လူ႔အခြင့္အေရးဆိုင္ရာကိစၥမ်ားတြင္ ပိုမိုက်ယ္ျပန႔္စြာ ပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း UNHCR ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အိန္ဂ်လီနာဂ်ိဳလီ သည္ ဆင္းရဲဒုကၡမ်ားအျပင္ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ ခံႏိုင္ရည္ရွိမႈတို႔ကို သက္ေသျပရန္အတြက္ မစ္ရွင္ေပါင္း(၆ဝ) ေက်ာ္ကို တာဝန္ယူလုပ္ႏိုင္ခဲ့ေၾကာင္း UNHCR က ေျပာၾကားခဲ့သည္။
Mr and Mrs Smith ႏွင့္ Lara Croft: Tomb Raider အပါအဝင္ ဇာတ္ကားမ်ားစြာတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေသာ အိန္ဂ်လီနာဂ်ိဳလီ သည္ UNHCR ႏွင့္ ၂ဝဝ၁ ခုႏွစ္ကတည္းက စတင္လက္တြဲခဲ့ၿပီး ၂ဝ၁၂ ခုႏွစ္တြင္ ဒုကၡသည္ ေအဂ်င္စီ၏ အထူးသံတမန္ျဖစ္လာခဲ့သည္။ ၿပီးခဲ့သည့္လမ်ားအတြင္း အိန္ဂ်လီနာဂ်ိဳလီသည္ စစ္ေဘးသင့္ႏိုင္ငံမ်ား ျဖစ္ေသာ ယူကရိန္း၊ ယီမန္ ႏွင့္ ဘာကီနာဖာဆိုႏိုင္ငံတို႔ကို သြားေရာက္ကာ စစ္ေဘးသင့္ျပည္သူမ်ားႏွင့္ ေတြ႕ဆုံခဲ့ သည္။