ရုရှားစစ်ဦးစီးချုပ်ကို သတ်ဖြတ်လုပ်ကြံဖို့ ကြံစည်ခဲ့ကြောင်း ယူကရိန်းအစိုးရ ထုတ်ဖော်ဝန်ခံ

 815

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၉

ရုရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂီရာစီမော့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

ယူကရိန်း သမ္မတဇီလန်စကီးရဲ့ လက်ထောက်ဖြစ်သူ အလက်ဇီ အာရက်တိုဗစ်ချ်က ယူကရိန်းစစ်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်ကို ရုရှားစစ်ဦးစီးချုပ် လာရောက်စစ်ဆေးချိန်မှာ ယူကရိန်းတပ်ဖွဲ့တွေက လုပ်ကြံဖို့ စီစဉ်ခဲ့ခြင်းဖြစ် ကြောင်းဆိုပါတယ်။ အမေရိကန်အစိုးဟာ ယူကရိန်း ရှေ့တန်းစစ် မျက်နှာပြင်ကို လာရောက်ခဲ့တဲ့ ရုရှားစစ်ဦးစီးချုပ်ကို သတ်ဖြတ်ဖို့ကြံ စည်နေတဲ့ ယူကရိန်းရဲ့အစီအစဉ်ကို ဖျက်သိမ်းဖို့ အကြံပေးပြောဆိုခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယူကရိန်းသမ္မတရဲ့လက် ထောက်ဖြစ်သူက အခုလိုမျိုးတရားဝင်ထုတ်ဖော်အတည်ပြုလိုက်တာဖြစ်ပါတယ်။

ယူကရိန်းစစ်ဘက်ဟာ ရှေ့တန်းစစ်မျက်နှာပြင်ကို ရုရှားစစ်ဦးစီးချုပ်လာရောက်မယ့် သတင်းကို လက်ခံရရှိခဲ့ကြောင်းသိရပါတယ်။ အလက်ဇီ အာရက်တိုဗစ်ချ်က "ဧပြီလတုန်းက ရုရှားစစ်ဦးစီးချုပ်ဟာ ယူကရိန်းနိုင်ငံ Izium ဒေသရှိစစ်မျက်နှာပြင်ကို ရောက်ရှိလာခဲ့တယ်။ ကျွန်တော်တို့ဟာ ရုရှားစစ်ဦးစီးချုပ်ရှိတဲ့နေရာကိုပစ်ခတ်ခဲ့တယ်။ ဒါဟာ တကယ်ဖြစ်ခဲ့တာပါ" လို့ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားစစ်ဦးစီးချုပ်သွားရောက်လည်ပတ်တဲ့ ရုရှားစစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့ရာ ထိမှန်ခဲ့ပေမယ့် ရုရှားစစ်ဦးစီးချုပ်ဟာ ရှေ့တန်းစစ်ဌာနချုပ်က ပြန်ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း ယူကရိန်း သမ္မတရဲ့လက်ထောက်ကပြောပါတယ်။ Izium မြို့ဟာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကောဗ့် ဒေသမှာရှိတဲ့မြို့ဖြစ်ပြီး အဆိုပါဒေသကို ရုရှားတပ်ဖွဲ့တွေက ဧပြီလမှ စက်တင်ဘာလအတွင်း ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

စစ်ဦးစီးချုပ်က ပြီးခဲ့တဲ့ဧပြီလအတွင်းမှာယူကရိန်းနိုင်ငံရှိ ရှေ့တန်းစစ်ဌာနချုပ်ကိုသွားရောက်လည်ပတ်ခဲ့ခြင်း ရှိ၊ မရှိဆိုတဲ့အချက်ကို ရုရှားဟာ တရားဝင်အတည်ပြုပြောဆိုခြင်းမရှိကြောင်း သိရပါတယ်။ ဒါပေမယ့်ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဦးစီးချုပ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လအစောပိုင်းမှာ ယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားဖူးပါတယ်။

zawgyi version
႐ုရွားစစ္ဦးစီးခ်ဳပ္ကို သတ္ျဖတ္လုပ္ႀကံဖို႔ ႀကံစည္ခဲ့ေၾကာင္း ယူကရိန္းအစိုးရ ထုတ္ေဖာ္ဝန္ခံ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၉

႐ုရွား စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ဂီရာစီေမာ့ကို လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့ဖူးေၾကာင္း ယူကရိန္းအစိုးရ တာဝန္ရွိသူမ်ားက ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

ယူကရိန္း သမၼတဇီလန္စကီးရဲ႕ လက္ေထာက္ျဖစ္သူ အလက္ဇီ အာရက္တိုဗစ္ခ်္က ယူကရိန္းစစ္ပြဲ ေရွ႕တန္းစစ္မ်က္ႏွာျပင္ကို ႐ုရွားစစ္ဦးစီးခ်ဳပ္ လာေရာက္စစ္ေဆးခ်ိန္မွာ ယူကရိန္းတပ္ဖြဲ႕ေတြက လုပ္ႀကံဖို႔ စီစဥ္ခဲ့ျခင္းျဖစ္ ေၾကာင္းဆိုပါတယ္။ အေမရိကန္အစိုးဟာ ယူကရိန္း ေရွ႕တန္းစစ္ မ်က္ႏွာျပင္ကို လာေရာက္ခဲ့တဲ့ ႐ုရွားစစ္ဦးစီးခ်ဳပ္ကို သတ္ျဖတ္ဖို႔ႀကံ စည္ေနတဲ့ ယူကရိန္းရဲ႕အစီအစဥ္ကို ဖ်က္သိမ္းဖို႔ အႀကံေပးေျပာဆိုခဲ့တယ္လို႔ သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ ယူကရိန္းသမၼတရဲ႕လက္ ေထာက္ျဖစ္သူက အခုလိုမ်ိဳးတရားဝင္ထုတ္ေဖာ္အတည္ျပဳလိုက္တာျဖစ္ပါတယ္။

ယူကရိန္းစစ္ဘက္ဟာ ေရွ႕တန္းစစ္မ်က္ႏွာျပင္ကို ႐ုရွားစစ္ဦးစီးခ်ဳပ္လာေရာက္မယ့္ သတင္းကို လက္ခံရရွိခဲ့ေၾကာင္းသိရပါတယ္။ အလက္ဇီ အာရက္တိုဗစ္ခ်္က "ဧၿပီလတုန္းက ႐ုရွားစစ္ဦးစီးခ်ဳပ္ဟာ ယူကရိန္းႏိုင္ငံ Izium ေဒသရွိစစ္မ်က္ႏွာျပင္ကို ေရာက္ရွိလာခဲ့တယ္။ ကြၽန္ေတာ္တို႔ဟာ ႐ုရွားစစ္ဦးစီးခ်ဳပ္ရွိတဲ့ေနရာကိုပစ္ခတ္ခဲ့တယ္။ ဒါဟာ တကယ္ျဖစ္ခဲ့တာပါ" လို႔ေျပာပါတယ္။

ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားစစ္ဦးစီးခ်ဳပ္သြားေရာက္လည္ပတ္တဲ့ ႐ုရွားစစ္ဌာနခ်ဳပ္ကို တိုက္ခိုက္ခဲ့ရာ ထိမွန္ခဲ့ေပမယ့္ ႐ုရွားစစ္ဦးစီးခ်ဳပ္ဟာ ေရွ႕တန္းစစ္ဌာနခ်ဳပ္က ျပန္ထြက္ခြာသြားခဲ့ၿပီျဖစ္ေၾကာင္း ယူကရိန္း သမၼတရဲ႕လက္ေထာက္ကေျပာပါတယ္။ Izium ၿမိဳ႕ဟာ ယူကရိန္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ခါေကာဗ့္ ေဒသမွာရွိတဲ့ၿမိဳ႕ျဖစ္ၿပီး အဆိုပါေဒသကို ႐ုရွားတပ္ဖြဲ႕ေတြက ဧၿပီလမွ စက္တင္ဘာလအတြင္း ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

စစ္ဦးစီးခ်ဳပ္က ၿပီးခဲ့တဲ့ဧၿပီလအတြင္းမွာယူကရိန္းႏိုင္ငံရွိ ေရွ႕တန္းစစ္ဌာနခ်ဳပ္ကိုသြားေရာက္လည္ပတ္ခဲ့ျခင္း ရွိ၊ မရွိဆိုတဲ့အခ်က္ကို ႐ုရွားဟာ တရားဝင္အတည္ျပဳေျပာဆိုျခင္းမရွိေၾကာင္း သိရပါတယ္။ ဒါေပမယ့္႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက စစ္ဦးစီးခ်ဳပ္ဟာ ၿပီးခဲ့တဲ့ဇူလိုင္လအေစာပိုင္းမွာ ယူကရိန္းေရွ႕တန္းစစ္မ်က္ႏွာျပင္ကို သြားေရာက္စစ္ေဆးခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားဖူးပါတယ္။

Related news

© 2021. All rights reserved.