မလေးရှားနိုင်ငံ၊ ဆယ်လ်ဂေါ နဲ့ ဆာရာဝက်ခ်ပြည်နယ်မှာ လျှပ်တပြက် ရေလွှမ်း၊ ရေကြီးမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ

604

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃
မလေးရှားနိုင်ငံ ဆယ်လ်ဂေါ နဲ့ ဆာရာဝက်ခ်ပြည်နယ်များမှာ လျှပ်တပြက်ရေကြီးမှုဒဏ် ခံစားခဲ့ရတာကြောင့် ဒီဇင်ဘာလ ၂၃ ရက်၊ သောကြာနေ့မှစ ကယ်ဆယ်ရေးစခန်း ၅ ခုထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ပြည်နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူးရုံးက ရှဟ်အလန်း နဲ့ ကွာလာဆယ်လ်ဂေါ မှာ ရေဘေးကယ်ဆယ်ရေးစခန်းနှစ်ခု ဖွင့်လှစ်ထားကာ ဆာရာဝက်၊ ကူချင်း မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံ မိုးလေဝသဌာနက သောကြာနေ့မှစ ဆာရာဝက်ခ် ရဲ့ နေရာအတော်များများမှာ မိုးဆက်တိုက် ရွာမယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ပီရက်ခ်ပြည်နယ်မှာ ရေဘေးကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း သူ ဦးရေ တိုးလာတာကို တွေ့ရပြီး ဂျိုဟာနဲ့ ပါချန်မှာတော့ သဘာဝဘေးအန္တရာယ်ကြောင့် လူ ၅ဝ အောက်ထိ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
တီရမ်ဂန်ယူ နဲ့ ကီလန်စတန် ရှိ ကယ်ဆယ်ရေးစခန်းများမှာ ရေဘေးသင့်သူဦးရေ အမြင့်ဆုံးအဖြစ် ဆက်လက် တည်ရှိနေပေမယ့် တီရမ်ဂန်ယူ မှာ ဒီဇင်ဘာလ ၂၃ ရက်၊ သောကြာနေ့ နံနက်က ရေဘေးသင့်သူဦးရေဟာ ယခင်ည ၂၇၃၉၆ ဦးမှ ၂၅,၈၉၅ ဦးသို့ ကျဆင်းသွားခဲ့ကာ ကီလန်တန်မှာလည်း ရေဘေးသင့်သူဦးရေမှာ ၂၄,၆၉ဝ မှ ၂၄,၂၉၇ ဦးအထိ အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။
မလေးရှားနိုင်ငံ မြောက်ပိုင်းမှာ မုတ်သုံရာသီ ရေကြီးမှုများကြောင့် အနည်းဆုံး လူငါးဦးထက်မနည်း သေဆုံးခဲ့ ကြောင်း အရေးပေါ်ဝန်ဆောင်မှုတာဝန်ရှိသူများက ပြောကြားပါတယ်။ တနင်္လာနေ့က ကီလန်တန် မှာ ရေကြီး ရေလျှံမှုအတွင်း ညီအစ်မ သုံးဦး ဓာတ်လိုက်ခံရပြီး ၁၅ လသား ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း၊ ပြင်းထန်သော ရေစီးကြောင်းကြောင့် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး မျောပါပျောက်ဆုံးသွားကြောင်း ဒေသတွင်း မီဒီယာများမှ ဖော်ပြချက်အရ သိရပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံ၊ ဆယ္လ္ေဂါ နဲ႔ ဆာရာဝက္ခ္ျပည္နယ္မွာ လွ်ပ္တျပက္ ေရလႊမ္း၊ ေရႀကီးမႈမ်ားေၾကာင့္ ကယ္ဆယ္ ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေန
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃
မေလးရွားႏိုင္ငံ ဆယ္လ္ေဂါ နဲ႔ ဆာရာဝက္ခ္ျပည္နယ္မ်ားမွာ လွ်ပ္တျပက္ေရႀကီးမႈဒဏ္ ခံစားခဲ့ရတာေၾကာင့္ ဒီဇင္ဘာလ ၂၃ ရက္၊ ေသာၾကာေန႔မွစ ကယ္ဆယ္ေရးစခန္း ၅ ခုထိ ဖြင့္လွစ္ထားတယ္လို႔ သိရပါတယ္။
ျပည္နယ္သဘာဝ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ေကာ္မတီအတြင္းေရးမႉး႐ုံးက ရွဟ္အလန္း နဲ႔ ကြာလာဆယ္လ္ေဂါ မွာ ေရေဘးကယ္ဆယ္ေရးစခန္းႏွစ္ခု ဖြင့္လွစ္ထားကာ ဆာရာဝက္၊ ကူခ်င္း မွာ ေရေဘးကယ္ဆယ္ေရးစခန္း ၃ ခု ဖြင့္လွစ္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။
မေလးရွားႏိုင္ငံ မိုးေလဝသဌာနက ေသာၾကာေန႔မွစ ဆာရာဝက္ခ္ ရဲ႕ ေနရာအေတာ္မ်ားမ်ားမွာ မိုးဆက္တိုက္ ႐ြာမယ္လို႔ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။ ပီရက္ခ္ျပည္နယ္မွာ ေရေဘးေၾကာင့္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္း သူ ဦးေရ တိုးလာတာကို ေတြ႕ရၿပီး ဂ်ိဳဟာနဲ႔ ပါခ်န္မွာေတာ့ သဘာဝေဘးအႏၲရာယ္ေၾကာင့္ လူ ၅ဝ ေအာက္ထိ္ ထိခိုက္ခဲ့တယ္လို႔ သိရပါတယ္။
တီရမ္ဂန္ယူ နဲ႔ ကီလန္စတန္ ရွိ ကယ္ဆယ္ေရးစခန္းမ်ားမွာ ေရေဘးသင့္သူဦးေရ အျမင့္ဆုံးအျဖစ္ ဆက္လက္ တည္ရွိေနေပမယ့္ တီရမ္ဂန္ယူ မွာ ဒီဇင္ဘာလ ၂၃ ရက္၊ ေသာၾကာေန႔ နံနက္က ေရေဘးသင့္သူဦးေရဟာ ယခင္ည ၂၇၃၉၆ ဦးမွ ၂၅,၈၉၅ ဦးသို႔ က်ဆင္းသြားခဲ့ကာ ကီလန္တန္မွာလည္း ေရေဘးသင့္သူဦးေရမွာ ၂၄,၆၉ဝ မွ ၂၄,၂၉၇ ဦးအထိ အနည္းငယ္ က်ဆင္းသြားခဲ့ပါတယ္။
မေလးရွားႏိုင္ငံ ေျမာက္ပိုင္းမွာ မုတ္သုံရာသီ ေရႀကီးမႈမ်ားေၾကာင့္ အနည္းဆုံး လူငါးဦးထက္မနည္း ေသဆုံးခဲ့ ေၾကာင္း အေရးေပၚဝန္ေဆာင္မႈတာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။ တနလၤာေန႔က ကီလန္တန္ မွာ ေရႀကီး ေရလွ်ံမႈအတြင္း ညီအစ္မ သုံးဦး ဓာတ္လိုက္ခံရၿပီး ၁၅ လသား ကေလးငယ္တစ္ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း၊ ျပင္းထန္ေသာ ေရစီးေၾကာင္းေၾကာင့္ ႏွစ္ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ေမ်ာပါေပ်ာက္ဆုံးသြားေၾကာင္း ေဒသတြင္း မီဒီယာမ်ားမွ ေဖာ္ျပခ်က္အရ သိရပါတယ္။