ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ အိမ်ခန်းပေါင်း(၁၉ဝဝ)ကျော်ကို လာမည့်နှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်

 887

ယွန်း (NP News) - ဒီဇင်ဘာ ၂၇

ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း၏ ပထမအဆင့်မှ အိမ်ခန်းပေါင်း (၁၉ဝဝ)ကျော်ကို လာမည့်နှစ်(၂ဝ၂၃)ခုနှစ် မတ်လတွင် အပြီးတည်ဆောက်နိုင်ရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြီးခဲ့သည့် ဒီဇင် ဘာလ(၂၆)ရက်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသို့ သွားရောက်စဉ် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒဂုံမြို့သစ်တောင်ပိုင်းတွင် လက်ရှိတည်ဆောက်နေသည့် အငှားအိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့၏ အဓိကကျသော အမှတ်(၂)လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီးကြား၏ အချက်အချာကျသောနေရာတွင်ရှိပြီး နောင်တွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများသွားလာမှုတို့တွင် လွယ်ကူအဆင်ပြေနိုင်ကြောင်း ပြည်ထောင်စုဝန် ကြီးက ဆိုသည်။

အဆိုပါစီမံကိန်းသည် ပထမအဆင့်အနေဖြင့် အဆောက်အဦး (၁၉၃)လုံး၊ အိမ်ခန်းပေါင်း(၃၁ဝ၄)ခန်းရှိသည့်အနက် အဆောက်အဦ (၁၂၁)လုံး၊ အိမ်ခန်းပေါင်း (၁၉၃၆) လုံးကို လာမည့်(၂ဝ၂၃)ခုနှစ်၊ မတ်လတွင် ပြီးစီးအောင် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

ထို့ပြင် ကျန်ရှိသည့် အဆောက်အဦး (၇၃)လုံးနှင့် အိမ်ခန်းပေါင်း(၁၁၆၈)ခန်းကိုလည်း အပိုင်းလိုက်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးနိုင်ရန် ဝန် ကြီးဌာနအပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အသင်းချုပ်တို့မှ ပူးပေါင်းဆောင် ရွက်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောခဲ့သည်။

ယခုတည်ဆောက်နေသည့် အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့ရှိ ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အခက်အခဲများ ရှိသော်လည်း အောင်မြင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်မှ ဆိုသည်။

zawgyi version
ျပည္သူ႔အငွားအိမ္ရာ စီမံကိန္းမွ အိမ္ခန္းေပါင္း(၁၉ဝဝ)ေက်ာ္ကို လာမည့္ႏွစ္ မတ္လတြင္ အၿပီးတည္ေဆာက္သြားမည္
ယြန္း (NP News) - ဒီဇင္ဘာ ၂၇

ျပည္သူ႔အငွားအိမ္ရာ တည္ေဆာက္ေရး စီမံကိန္း၏ ပထမအဆင့္မွ အိမ္ခန္းေပါင္း (၁၉ဝဝ)ေက်ာ္ကို လာမည့္ႏွစ္(၂ဝ၂၃)ခုႏွစ္ မတ္လတြင္ အၿပီးတည္ေဆာက္ႏိုင္ရန္ ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္က ၿပီးခဲ့သည့္ ဒီဇင္ ဘာလ(၂၆)ရက္တြင္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းရွိ ျပည္သူ႔အငွားအိမ္ရာ စီမံကိန္းသို႔ သြားေရာက္စဥ္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းတြင္ လက္ရွိတည္ေဆာက္ေနသည့္ အငွားအိမ္ရာစီမံကိန္းသည္ ရန္ကုန္ၿမိဳ႕၏ အဓိကက်ေသာ အမွတ္(၂)လမ္းမႀကီးႏွင့္ အမွတ္(၇)လမ္းမႀကီးၾကား၏ အခ်က္အခ်ာက်ေသာေနရာတြင္ရွိၿပီး ေနာင္တြင္ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ျပည္သူမ်ားသြားလာမႈတို႔တြင္ လြယ္ကူအဆင္ေျပႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ ႀကီးက ဆိုသည္။

အဆိုပါစီမံကိန္းသည္ ပထမအဆင့္အေနျဖင့္ အေဆာက္အဦး(၁၉၃)လုံး၊ အိမ္ခန္းေပါင္း(၃၁ဝ၄)ခန္းရွိသည့္အနက္ အေဆာက္အဦ (၁၂၁)လုံး၊ အိမ္ခန္းေပါင္း (၁၉၃၆) လုံးကို လာမည့္(၂ဝ၂၃)ခုႏွစ္၊ မတ္လတြင္ ၿပီးစီးေအာင္ ဦးစားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ က်န္ရွိသည့္ အေဆာက္အဦး (၇၃)လုံးႏွင့္ အိမ္ခန္းေပါင္း(၁၁၆၈)ခန္းကိုလည္း အပိုင္းလိုက္ၿပီးစီးေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ စီမံကိန္းလုပ္ငန္းမ်ား သတ္မွတ္ခ်ိန္အမီၿပီးစီးႏိုင္ရန္ ဝန္ ႀကီးဌာနအပါအဝင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ အသင္းခ်ဳပ္တို႔မွ ပူးေပါင္းေဆာင္ ႐ြက္သြားရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ တိုက္တြန္းေျပာခဲ့သည္။

ယခုတည္ေဆာက္ေနသည့္ အိမ္ရာစီမံကိန္းသည္ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူမ်ား ေနထိုင္ေရးအဆင္ေျပေစရန္ ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး အခက္အခဲမ်ား ရွိေသာ္လည္း ေအာင္ျမင္စြာ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္မွ ဆိုသည္။

Related news

© 2021. All rights reserved.