ဗြိတိန်တော်ဝင်မင်းသားဝီလျံ၏ ကိုယ်ထိလက်ရောက်စော်ကားမှုများကို ညီဖြစ်သူ မင်းသားဟယ်ရီ ထုတ်ဖော်ပြောဆို

2957

Pika (NP News) - ဇန်နဝါရီ ၅
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီသည် ၎င်း၏ဇနီးဖြစ်သူ မီဂန်မာကယ်၏ ကိစ္စနှင့်ပတ်သက်ပြီး အစ်ကိုဖြစ်သူ တော်ဝင်မင်းသားတစ်ဦးဖြစ်သည့် ဝီလျံနှင့်စကားများခဲ့ကြကြောင်း အဆိုပါစကားများနေချိန်အတွင်း ၎င်း၏အစ်ကို ဖြစ်သူ ဝီလျံက ၎င်းကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုများရှိခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်၊၊
အဆိုပါ စွပ်စွဲပြောဆိုချက်ကို မင်းသားဟယ်ရီ ကိုယ်တိုင်ရေးသားသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ Spare ဆိုသည့် စာအုပ်ထဲတွင် ဖော်ပြထားကြောင်းလည်း သိရသည်။ အဆိုပါ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ဇန်နဝါရီလ(၁ဝ)ရက်တွင် ထုတ်ဝေရန် စီစဥ်ထားကြောင်းလည်း သိရသည်။
အဆိုပါစာအုပ်ထဲတွင် ဟယ်ရီသည် Kensington နန်းတော်ရှိ Nottingham Cottage တွင် ၎င်း၏ အစ်ကိုဖြစ်သူ ဝီလျံနှင့် အချေအတင်ပြောဆိုမှုတစ်ခုအတွင်း ၎င်း၏အစ်ကိုဖြစ်သူက ကိုယ်ထိလက်ရောက်စော်ကားသည်ဆိုသည့် အကြောင်းကို ထည့်သွင်းရေးသားထားကြောင်းလည်း သိရသည်။ မင်းသားဟယ်ရီနှင့် မီဂန်မာဂယ်တို့သည် (၂ဝ၁၈) ခုနှစ် မေလတွင် လက်ထပ်ခဲ့ပြီးနောက် အဆိုပါကိစ္စသည် (၂ဝ၁၉) ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟယ်ရီနှင့် ဝီလျံတို့သည် လန်ဒန်ရှိ ဟယ်ရီ၏နေအိမ်တွင် စကားပြောဆိုရန် တွေ့ဆုံခဲ့ကြပြီး မင်းသားဝီလျံသည် စိတ်ဆိုးဒေါသဖြစ်သည့် ပုံစံဖြင့်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါစကားဝိုင်းထဲတွင် တော်ဝင်မင်းသား ဝီလျံက ဟယ်ရီ၏ဇနီးဖြစ်သူ မီဂန်မာကယ်သည် ရိုင်းစိုင်းပြီး ခက်ထန်ကြမ်းတမ်းသော အမျိုးသမီးတစ်ဦး ဖြစ်သည် ဟု ပြောဆိုခဲ့ကြောင်းသိရသည်။
အဆိုပါ ပြောဆိုမှုနှင့်ပတ်သက်ပြီး ဟယ်ရီနှင့် ဝီလျံတို့နှစ်ဦးသည် အချေအတင်စကားများကာ ငြင်းခုန် အော်ဟစ်ခဲ့ ကြကြောင်း ဟယ်ရီက ၎င်း၏စာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်။ မင်းသားဝီလျံက ၎င်းသည် ညီဖြစ်သူ ဟယ်ရီကို ကူညီရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဟယ်ရီက ၎င်း၏အစ်ကိုသည် ထီးနန်း ဆက်လိုစိတ် ပြင်းထန်နေသူဖြစ်ပြီး ၎င်းအပေါ် နည်းနည်းလေးမှ နားလည်မှုမရှိကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် မီးဖိုချောင်ထဲသို့ရောက်ရှိသွားခဲ့ပြီး ဟယ်ရီက ဝီလျံကို ရေတခွက်ပေးရန် ကြိုးစား ခဲ့ကာ ၎င်း၏အစ်ကိုဖြစ်သူ ယခုကဲ့သို့ဆက်ဖြစ်နေလျှင် စကားထပ်ပြောနိုင်တော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့ သည်ဟု ဖော်ပြထားသည်။ မင်းသားဟယ်ရီက "ဝီလျံက ကျွန်တော်ပေးတဲ့ရေခွက်ကို ပစ်ချပြီး ကျွန်တော့်ရဲ့ တခြား နာမည်ကိုခေါ်ပြီး အနားကိုမြန်မြန်ရောက်လာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့အင်္ကျီကို ဆွဲပြီးတော့ ကြမ်းပြင်ပေါ်ကို ပစ်လှဲခဲ့ပါတယ်။ ကျွန်တော့် ခွေးစာခွက်ပေါ်ကို လဲကျသွားခဲ့တာပါ။ ခွေး စာခွက်လည်း ကွဲသွားပြီး အပိုင်းအစတွေက ကျွန်တော့်ကို ထိမှန်ကုန်တယ်" ဟု ပြောဆိုခဲ့သည်။
အဆိုပါကိစ္စပြီးနောက် ဝီလျံသည် နောင်တရသည့်ပုံစံဖြင့် ပြန်လည်တောင်းပန်ခဲ့ကြောင်း ဟယ်ရီက စာအုပ်ထဲတွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါကိစ္စကို မင်းသားဟယ်ရီသည် ၎င်း၏ဇနီးဖြစ်သူ မီဂန်ကို ချက်ချင်းမပြောပြခဲ့သော်လည်း နောက်ပိုင်းတွင် ခြစ်ရာများနှင့် ဒဏ်ရာများကို သတိပြုမိသွားသည့်အချိန်တွင် ပြောပြခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မီဂန်သည် အံ့သြခြင်း၊ စိတ်ဆိုးခြင်းများမရှိခဲ့သော်လည်း အလွန်ဝမ်းနည်းသွားခဲ့ကြောင်း မင်းသားဟယ်ရီ က ပြောကြားခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် မင်းသားဟယ်ရီနှင့် ဇနီးဖြစ်သူ မီဂန်တို့သည် ဗြိတိန်တော်ဝင်ထီးနန်း၏တာဝန်များကို ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

Zawgyi Version;
ၿဗိတိန္ေတာ္ဝင္မင္းသားဝီလ်ံ၏ ကိုယ္ထိလက္ေရာက္ေစာ္ကားမႈမ်ားကို ညီျဖစ္သူ မင္းသားဟယ္ရီ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ဇန္နဝါရီ ၅
ၿဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီသည္ ၎၏ဇနီးျဖစ္သူ မီဂန္မာကယ္၏ ကိစၥႏွင့္ပတ္သက္ၿပီး အစ္ကိုျဖစ္သူ ေတာ္ဝင္မင္းသားတစ္ဦးျဖစ္သည့္ ဝီလ်ံႏွင့္စကားမ်ားခဲ့ၾကေၾကာင္း အဆိုပါစကားမ်ားေနခ်ိန္အတြင္း ၎၏အစ္ကို ျဖစ္သူ ဝီလ်ံက ၎ကို ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈမ်ားရွိခဲ့ေၾကာင္း စြပ္စြဲေျပာဆိုခဲ့သည္၊၊
အဆိုပါ စြပ္စြဲေျပာဆိုခ်က္ကို မင္းသားဟယ္ရီ ကိုယ္တိုင္ေရးသားသည့္ ကိုယ္တိုင္ေရးအတၳဳပၸတၱိ Spare ဆိုသည့္ စာအုပ္ထဲတြင္ ေဖာ္ျပထားေၾကာင္းလည္း သိရသည္။ အဆိုပါ ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္ကို ဇန္နဝါရီလ(၁ဝ)ရက္တြင္ ထုတ္ေဝရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။
အဆိုပါစာအုပ္ထဲတြင္ ဟယ္ရီသည္ Kensington နန္းေတာ္ရွိ Nottingham Cottage တြင္ ၎၏ အစ္ကိုျဖစ္သူ ဝီလ်ံႏွင့္ အေခ်အတင္ေျပာဆိုမႈတစ္ခုအတြင္း ၎၏အစ္ကိုျဖစ္သူက ကိုယ္ထိလက္ေရာက္ေစာ္ကားသည္ဆိုသည့္ အေၾကာင္းကို ထည့္သြင္းေရးသားထားေၾကာင္းလည္း သိရသည္။ မင္းသားဟယ္ရီႏွင့္ မီဂန္မာဂယ္တို႔သည္ (၂ဝ၁၈) ခုႏွစ္ ေမလတြင္ လက္ထပ္ခဲ့ၿပီးေနာက္ အဆိုပါကိစၥသည္ (၂ဝ၁၉) ခုႏွစ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဟယ္ရီႏွင့္ ဝီလ်ံတို႔သည္ လန္ဒန္ရွိ ဟယ္ရီ၏ေနအိမ္တြင္ စကားေျပာဆိုရန္ ေတြ႕ဆုံခဲ့ၾကၿပီး မင္းသားဝီလ်ံသည္ စိတ္ဆိုးေဒါသျဖစ္သည့္ ပုံစံျဖင့္ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။ အဆိုပါစကားဝိုင္းထဲတြင္ ေတာ္ဝင္မင္းသား ဝီလ်ံက ဟယ္ရီ၏ဇနီးျဖစ္သူ မီဂန္မာကယ္သည္ ႐ိုင္းစိုင္းၿပီး ခက္ထန္ၾကမ္းတမ္းေသာ အမ်ိဳးသမီးတစ္ဦး ျဖစ္သည္ ဟု ေျပာဆိုခဲ့ေၾကာင္းသိရသည္။
အဆိုပါ ေျပာဆိုမႈႏွင့္ပတ္သက္ၿပီး ဟယ္ရီႏွင့္ ဝီလ်ံတို႔ႏွစ္ဦးသည္ အေခ်အတင္စကားမ်ားကာ ျငင္းခုန္ ေအာ္ဟစ္ခဲ့ ၾကေၾကာင္း ဟယ္ရီက ၎၏စာအုပ္ထဲတြင္ ေရးသားေဖာ္ျပထားသည္။ မင္းသားဝီလ်ံက ၎သည္ ညီျဖစ္သူ ဟယ္ရီကို ကူညီရန္ႀကိဳးစားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း ဟယ္ရီက ၎၏အစ္ကိုသည္ ထီးနန္း ဆက္လိုစိတ္ ျပင္းထန္ေနသူျဖစ္ၿပီး ၎အေပၚ နည္းနည္းေလးမွ နားလည္မႈမရွိေၾကာင္း စြပ္စြဲေျပာဆိုခဲ့သည္။
ထို႔ေနာက္ ၎တို႔ႏွစ္ဦးစလုံးသည္ မီးဖိုေခ်ာင္ထဲသို႔ေရာက္ရွိသြားခဲ့ၿပီး ဟယ္ရီက ဝီလ်ံကို ေရတခြက္ေပးရန္ ႀကိဳးစား ခဲ့ကာ ၎၏အစ္ကိုျဖစ္သူ ယခုကဲ့သို႔ဆက္ျဖစ္ေနလွ်င္ စကားထပ္ေျပာႏိုင္ေတာ့မည္မဟုတ္ေၾကာင္း ေျပာဆိုခဲ့ သည္ဟု ေဖာ္ျပထားသည္။ မင္းသားဟယ္ရီက "ဝီလ်ံက ကြၽန္ေတာ္ေပးတဲ့ေရခြက္ကို ပစ္ခ်ၿပီး ကြၽန္ေတာ့္ရဲ႕ တျခား နာမည္ကိုေခၚၿပီး အနားကိုျမန္ျမန္ေရာက္လာခဲ့ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕အက်ႌကို ဆြဲၿပီးေတာ့ ၾကမ္းျပင္ေပၚကို ပစ္လွဲခဲ့ပါတယ္။ ကြၽန္ေတာ့္ ေခြးစာခြက္ေပၚကို လဲက်သြားခဲ့တာပါ။ ေခြး စာခြက္လည္း ကြဲသြားၿပီး အပိုင္းအစေတြက ကြၽန္ေတာ့္ကို ထိမွန္ကုန္တယ္" ဟု ေျပာဆိုခဲ့သည္။
အဆိုပါကိစၥၿပီးေနာက္ ဝီလ်ံသည္ ေနာင္တရသည့္ပုံစံျဖင့္ ျပန္လည္ေတာင္းပန္ခဲ့ေၾကာင္း ဟယ္ရီက စာအုပ္ထဲတြင္ ေရးသားေဖာ္ျပခဲ့သည္။ အဆိုပါကိစၥကို မင္းသားဟယ္ရီသည္ ၎၏ဇနီးျဖစ္သူ မီဂန္ကို ခ်က္ခ်င္းမေျပာျပခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ျခစ္ရာမ်ားႏွင့္ ဒဏ္ရာမ်ားကို သတိျပဳမိသြားသည့္အခ်ိန္တြင္ ေျပာျပခဲ့ေၾကာင္း ေရးသား ေဖာ္ျပထားသည္။ အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး မီဂန္သည္ အံ့ၾသျခင္း၊ စိတ္ဆိုးျခင္းမ်ားမရွိခဲ့ေသာ္လည္း အလြန္ဝမ္းနည္းသြားခဲ့ေၾကာင္း မင္းသားဟယ္ရီ က ေျပာၾကားခဲ့သည္။ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ မင္းသားဟယ္ရီႏွင့္ ဇနီးျဖစ္သူ မီဂန္တို႔သည္ ၿဗိတိန္ေတာ္ဝင္ထီးနန္း၏တာဝန္မ်ားကို ဆက္လက္လုပ္ေဆာင္ေတာ့မည္မဟုတ္ေၾကာင္း ေၾကညာခဲ့သည္။