ရွှေဈေးနှုန်းမှာ ငွေကျပ်(၂၇)သိန်းအောက်သာရှိပြီး ဈေးနှုန်း ဆွဲတင်၊ ဆွဲချပြုလုပ်နေသူများကို အရေးယူနိုင်ရေးဌာနဆိုင်ရာက စုံစမ်းနေဟု သတိပေး

 1022

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၁

ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ငွေကျပ်(၂၇)သိန်းအောက်သာရှိပြီး ဈေးနှုန်း ဆွဲတင်၊ ဆွဲချပြုလုပ်နေသူများကို အရေးယူနိုင်ရေး ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတိပေးထုတ်ပြန်ထား သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ (ဇန်နဝါရီလ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ယနေ့ ရွှေဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော ဈေးနှုန်းအမှန်သည် ငွေကျပ်(၂၇) သိန်းအောက်တွင်သာရှိပြီး ကောလာဟလ အမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက်ရောင်းဝယ်သူများမှ ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင်၊ ဆွဲချ ပြုလုပ်လျက်ရှိကြောင်း အဆိုပါအသင်းက ဆိုထားသည်။

လက်ရှိတွင် သတင်းအဖြစ်အပျက်အမှန်ကို ဌာနဆိုင်ရာများမှ စုံစမ်းဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဈေးကစားသူများအနေဖြင့် ကောလာဟလများ ထုတ်လွှင့်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန်လည်း အဆိုပါအသင်းက မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ဈေးကွက်၌ ရွှေအရောင်းအဝယ်မှာ အေးလျက်ရှိပြီး ဈေးနှုန်းသာလျှင် မြင့်တက်နေခြင်းဖြစ်ပြီး ရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုများ မဖြစ်စေရန် ဝိုင်းဝန်ဆောင်ရွက်ပေးကြရန်လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မေတ္တာရပ်ခံထားသည်။

ယနေ့တွင် ပြင်ပရွှေဈေးကွက်၌ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သာလျှင် ငွေကျပ် (၂၈)သိန်းနှင့်အထက်သို့ ဈေးဆွဲတင်ကာ ပြောဆိုနေမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

zawgyi version
ေ႐ႊေဈးႏႈန္းမွာ ေငြက်ပ္(၂၇)သိန္းေအာက္သာရွိၿပီး ေဈးႏႈန္း ဆြဲတင္၊ ဆြဲခ်ျပဳလုပ္ေနသူမ်ားကို အေရးယူႏိုင္ေရးဌာနဆိုင္ရာက စုံစမ္းေနဟု သတိေပး
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၁

ေ႐ႊေဈးႏႈန္းမွာ တစ္က်ပ္သားလွ်င္ ေငြက်ပ္(၂၇)သိန္းေအာက္သာရွိၿပီး ေဈးႏႈန္း ဆြဲတင္၊ ဆြဲခ်ျပဳလုပ္ေနသူမ်ားကို အေရးယူႏိုင္ေရး ဌာနဆိုင္ရာမ်ားက စုံစမ္းစစ္ေဆးေနေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက သတိေပးထုတ္ျပန္ထား သည္။

ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ယေန႔ (ဇန္နဝါရီလ ၁၁ ရက္)တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ယေန႔ ေ႐ႊေဈးကြက္အတြင္း၌ ျဖစ္ေပၚေနေသာ ေဈးႏႈန္းအမွန္သည္ ေငြက်ပ္(၂၇) သိန္းေအာက္တြင္သာရွိၿပီး ေကာလာဟလ အမ်ိဳးမ်ိဳးေၾကာင့္ ျပင္ပေ႐ႊေဈးကြက္ေရာင္းဝယ္သူမ်ားမွ ေဈးကစား၍ ေ႐ႊေဈးႏႈန္းကို ဆြဲတင္၊ ဆြဲခ် ျပဳလုပ္လ်က္ရွိေၾကာင္း အဆိုပါအသင္းက ဆိုထားသည္။

လက္ရွိတြင္ သတင္းအျဖစ္အပ်က္အမွန္ကို ဌာနဆိုင္ရာမ်ားမွ စုံစမ္းေဆးလ်က္ရွိၿပီး အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ေဈးကစားသူမ်ားအေနျဖင့္ ေကာလာဟလမ်ား ထုတ္လႊင့္ျခင္းႏွင့္ ေဈးကစားျခင္းမ်ား မျပဳလုပ္ၾကရန္လည္း အဆိုပါအသင္းက ေမတၱာရပ္ခံထားသည္။

လက္ရွိတြင္ ေဈးကြက္၌ ေ႐ႊအေရာင္းအဝယ္မွာ ေအးလ်က္ရွိၿပီး ေဈးႏႈန္းသာလွ်င္ ျမင့္တက္ေနျခင္းျဖစ္ၿပီး ေ႐ႊေဈးကြက္အတြင္း ေဈးႏႈန္းမတည္ၿငိမ္မႈမ်ား မျဖစ္ေစရန္ ဝိုင္းဝန္ေဆာင္႐ြက္ေပးၾကရန္လည္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ေမတၱာရပ္ခံထားသည္။

ယေန႔တြင္ ျပင္ပေ႐ႊေဈးကြက္၌ အကယ္ဒမီ မီးလင္းေ႐ႊတစ္က်ပ္သာလွ်င္ ေငြက်ပ္ (၂၈)သိန္းႏွင့္အထက္သို႔ ေဈးဆြဲတင္ကာ ေျပာဆိုေနမႈမ်ားရွိေၾကာင္း စုံစမ္းသိရွိရသည္။

Related news

© 2021. All rights reserved.