ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးနှင့် မြို့နယ်လဝကရုံး မီးရှို့ဖျက်ဆီးခံရ

 943

စော (NP News) -ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးနှင့် မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ ဇန်နဝါရီလ ၉ရက်၊ နေ့လည်၂နာရီ အချိန်တွင် PDF အမည်ခံအကြမ်းဖက် (၆)ဦးခန့်က ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် မြို့နယ်သစ်တောဦးစီးဌာနရုံး၏ သွပ်မိုး၊ အုတ်ကာ တစ်ထပ်တိုက်အဆောက်အဦးတစ်လုံး နှင့် ဦးစီးမှူး၏ နေအိမ်အဆောက်အဦးတစ်လုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကာ မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကိုလည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ လူအင်အား(၁ဝ)ဦးခန့်က ည ၉ နာရီအချိန်တွင် မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာကာ ထပ်မံ မီးရှို့ဖျက်ဆီးသွားခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် မီးငြှိမ်းသတ်ရာတွင် ည ၁ဝ နာရီ ၅ မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထိုသို့မီးရှို့ဖျက်ဆီးခံရမှုကြောင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး၏ သွပ်မိုး၊ အုတ်ကာတစ်ထပ်အဆောက်အဦးတစ်လုံး ထပ်မံမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

နိုင်ငံတော်ပိုင် ဌာနဆိုင်ရာရုံးအဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်း ဖက်သမားများကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

zawgyi version
ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန႐ုံးႏွင့္ ၿမိဳ႕နယ္လဝက႐ုံး မီးရႈိ႕ဖ်က္ဆီးခံရ
ေစာ (NP News) -ဇန္နဝါရီ ၁၁

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန႐ုံးႏွင့္ ၿမိဳ႕နယ္လူ ဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန႐ုံးအား PDF အမည္ခံအၾကမ္းဖက္သမားမ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန႐ုံးသို႔ ဇန္နဝါရီလ ၉ရက္၊ ေန႔လည္၂နာရီ အခ်ိန္တြင္ PDF အမည္ခံအၾကမ္းဖက္ (၆)ဦးခန႔္က ဆိုင္ကယ္(၃)စီးျဖင့္ ေရာက္ရွိလာၿပီး မီးရႈိ႕ဖ်က္ဆီး ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန႐ုံး၏ သြပ္မိုး၊ အုတ္ကာ တစ္ထပ္တိုက္အေဆာက္အဦးတစ္လုံး ႏွင့္ ဦးစီးမႉး၏ ေနအိမ္အေဆာက္အဦးတစ္လုံးမွာလည္း မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ပူးေပါင္းကာ မီးသတ္ယာဥ္(၂)စီးျဖင့္ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

အလားတူ ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန႐ုံးကိုလည္း PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕မွ လူအင္အား(၁ဝ)ဦးခန႔္က ည ၉ နာရီအခ်ိန္တြင္ ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ ေရာက္ရွိလာကာ ထပ္မံ မီးရႈိ႕ဖ်က္ဆီးသြားခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ မီးျငႇိမ္းသတ္ရာတြင္ ည ၁ဝ နာရီ ၅ မိနစ္အခ်ိန္၌ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန႐ုံး၏ သြပ္မိုး၊ အုတ္ကာတစ္ထပ္အေဆာက္အဦးတစ္လုံး ထပ္မံမီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

ႏိုင္ငံေတာ္ပိုင္ ဌာနဆိုင္ရာ႐ုံးအေဆာက္အဦးမ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ေသာ အၾကမ္း ဖက္သမားမ်ားကို ဖမ္းဆီးအေရးယူႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.