မြန်မာနိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် အင်ဒိုနီးရှားအစိုးရ ထုတ်ဖော်ပြောဆို

 1400

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၁

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အောင် ကူညီပေးဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပတဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး မူဝါဒများနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုမျိုးပြောခဲ့တာဖြစ်ကြောင်း အင်ဒိုနီးရှားသတင်းတွေ က ဖော်ပြထားပါတယ်။ အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရက်နိုမာဆူဒီက "မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ ရဲ့ အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ပါဝင် မှာ ဖြစ်တယ်။ အာဆီယံသဘောတူညီချက်ငါးချက် နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး စေ့စပ် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်၊ ဒီမိုကရေစီ အခြေခံမူများ အပါအဝင် အာဆီယံကြေညာစာတမ်းရဲ့ အခြေခံစံတန်ဖိုးများ၊ အခြေခံမှုများကို အခြေခံကာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လည်း ၎င်းက ပြောပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးက အာဆီယံသဘောတူညီချက်ငါးချက်ထဲတွင် ပါဝင်နေပြီး အာဆီယံသဘောတူညီချက် ငါးချက်ထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်မှုများဖြစ်စေဖို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရမယ့်ကိစ္စများ ပါဝင်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီး က ပြောပါတယ်။

မြန်မာနိုင်ငံရေးပြဿနာက အာဆီယံအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေး အားကောင်းစေဖို့ လုပ်ငန်းစဉ်ကို ထိခိုက်တာမျိုးတွေရှိလာမှာကို ခွင့်မပြုကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

အင်ဒိုနီးရှားဟာ ဇန်နဝါရီလ ၁ ရက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်တွေကို စတင်တာဝန်ယူနေပြီး ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တစ်ကျော့ပြန်တာဝန်ယူခွင့်ရခြင်းဖြစ်ပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးျပႆနာနဲ႔ပတ္သက္ၿပီး အာဆီယံအလွည့္က်ဥကၠ႒တာဝန္ယူမယ့္ အင္ဒိုနီးရွားအစိုးရ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၁

အင္ဒိုနီးရွားႏိုင္ငံဟာ ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ေအာင္ ကူညီေပးဖို႔ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အင္ဒိုနိးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီဟာ ဇန္နဝါရီ ၁၁ ရက္မွာ က်င္းပတဲ့ အင္ဒိုနီးရွားႏိုင္ငံ ႏိုင္ငံျခားေရး မူဝါဒမ်ားနဲ႔ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ေၾကာင္း အင္ဒိုနီးရွားသတင္းေတြ က ေဖာ္ျပထားပါတယ္။ အင္ဒိုနိးရွားႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ရက္ႏိုမာဆူဒီက "ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံဥကၠ႒ ရဲ႕ အထူးကိုယ္စားလွယ္အဖြဲ႕ကို ဖြဲ႕စည္းေတာ့မွာျဖစ္ပါတယ္။ အဲဒီအဖြဲ႕မွာ ႏိုင္ငံျခားေရးဝန္ႀကီးက ဦးေဆာင္ပါဝင္ မွာ ျဖစ္တယ္။ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ နဲ႔ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအတိုင္း အင္ဒိုနီးရွားဟာ ျမန္မာႏိုင္ငံေရးျပႆနာနဲ႔ပတ္သက္ၿပီး ေစ့စပ္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားမွာပါ" လို႔ ေျပာပါတယ္။

အင္ဒိုနီးရွားအစိုးရဟာ တရားဥပေဒစိုးမိုးေရး၊ ေကာင္းမြန္ေသာအုပ္ခ်ဳပ္၊ ဒီမိုကေရစီ အေျခခံမူမ်ား အပါအဝင္ အာဆီယံေၾကညာစာတမ္းရဲ႕ အေျခခံစံတန္ဖိုးမ်ား၊ အေျခခံမႈမ်ားကို အေျခခံကာ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ လည္း ၎က ေျပာပါတယ္။ ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးေရးက အာဆီယံသေဘာတူညီခ်က္ငါးခ်က္ထဲတြင္ ပါဝင္ေနၿပီး အာဆီယံသေဘာတူညီခ်က္ ငါးခ်က္ထဲမွာ အမ်ိဳးသား ျပန္လည္သင့္ျမတ္မႈမ်ားျဖစ္ေစဖို႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ရမယ့္ကိစၥမ်ား ပါဝင္ေနတယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ ျခားေရးဝန္ႀကီး က ေျပာပါတယ္။

ျမန္မာႏိုင္ငံေရးျပႆနာက အာဆီယံအသိုက္အဝန္းဖြံ႕ၿဖိဳးတိုးတက္ေရး အားေကာင္းေစဖို႔ လုပ္ငန္းစဥ္ကို ထိခိုက္တာမ်ိဳးေတြရွိလာမွာကို ခြင့္မျပဳေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး က ေျပာပါတယ္။

အင္ဒိုနီးရွားဟာ ဇန္နဝါရီလ ၁ ရက္မွာ အာဆီယံအလွည့္က်ဥကၠ႒တာဝန္ေတြကို စတင္တာဝန္ယူေနၿပီး ၂ဝ၁၁ ခုႏွစ္ေနာက္ပိုင္း အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တစ္ေက်ာ့ျပန္တာဝန္ယူခြင့္ရျခင္းျဖစ္ပါတယ္။

Picture

san yuko

12/01/2023 11:37

ကိုယ်ကိုယ်တိုင်ကအာဆီယံစံတန်ဖိုးတွေကိုတန်ဖိုးမထားပဲနဲ့ ဘာမှလာပြောမနေပါနဲ့ကွာ

Related news

© 2021. All rights reserved.