မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်မည်ဟုဆို

 699

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံရေးအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ယခုနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရေးရာမူဝါဒများနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၁ ရက် တွင် ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားနိုင်ငံခြားရေဝန်ကြီးရက်နို မာဒူဒီ က ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က "အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွဲ့စည်းတည်ထောင်သွားမှာ ဖြစ်တယ်။ အဲဒီ ရုံးအဖွဲ့ကို ကျွန်မက ဦးဆောင်သွားပါမယ်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်း နိုင်အောင် ကူညီပေးရန်အတွက် အာဆီယံသဘောတူညီချက်ငါးချက်နှင့်ပတ်သက်သော လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

၎င်းက "အာဆီယံသဘောတူညီချက်ငါးချက်အပြင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံရေးမှာ ပါဝင်နေသူ အားလုံးနဲ့စေ့စပ်ဆွေးနွေးသွားမှာဖြစ်တယ်" ဟု ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင်း မြန်မာနိုင်ငံရေးနှင့်သက်ဆိုင်သူအားလုံး နှင့် စေ့စပ်ဆွေးနွေးမည်ဟုလည်း ၎င်းက ပြောသည်။ ထို့အပြင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် တာဝန်ယူချိန်အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။

Zawgyi Version;
ျမန္မာအေရးႏွင့္ပတ္သက္ၿပီး အာဆီယံအထူးကိုယ္စားလွယ္႐ုံးအဖြဲ႕ကို အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ဦးေဆာင္မည္ဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၂

ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကို ကိုင္တြယ္ေျဖရွင္းႏိုင္ရန္ရည္႐ြယ္ၿပီး အာဆီယံဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္႐ုံးကို ဖြဲ႕စည္းတည္ေထာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အင္ဒိုနီးရွားႏိုင္ငံ၏ ယခုႏွစ္အတြင္း ေဆာင္႐ြက္မည့္ ႏိုင္ငံျခားေရးရာမူဝါဒမ်ားႏွင့္ပတ္သက္ၿပီး ဇန္နဝါရီ ၁၁ ရက္ တြင္ ျပဳလုပ္ခဲ့ေသာသတင္းစာရွင္းလင္းပြဲတြင္ အင္ဒိုနီးရွားႏိုင္ငံျခားေရဝန္ႀကီးရက္ႏို မာဒူဒီ က ထုတ္ေဖာ္ေျပာဆို လိုက္ျခင္းျဖစ္သည္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး က "အာဆီယံအထူးကိုယ္စားလွယ္႐ုံး ဖြဲ႕စည္းတည္ေထာင္သြားမွာ ျဖစ္တယ္။ အဲဒီ ႐ုံးအဖြဲ႕ကို ကြၽန္မက ဦးေဆာင္သြားပါမယ္" ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ယူခ်ိန္အတြင္း ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္း ႏိုင္ေအာင္ ကူညီေပးရန္အတြက္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ႏွင့္ပတ္သက္ေသာ လုပ္ပိုင္ခြင့္မ်ားအတိုင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။

၎က "အာဆီယံသေဘာတူညီခ်က္ငါးခ်က္အျပင္ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအတိုင္း အင္ဒိုနီးရွားႏိုင္ငံဟာ ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနသူ အားလုံးနဲ႔ေစ့စပ္ေဆြးေႏြးသြားမွာျဖစ္တယ္" ဟု ဆိုသည္။

အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ယူခ်ိန္တြင္း ျမန္မာႏိုင္ငံေရးႏွင့္သက္ဆိုင္သူအားလုံး ႏွင့္ ေစ့စပ္ေဆြးေႏြးမည္ဟုလည္း ၎က ေျပာသည္။ ထို႔အျပင္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္ တာဝန္ယူခ်ိန္အတြင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး က ေျပာသည္။

Related news

© 2021. All rights reserved.