၂ဝ၂၂ ခုနှစ်အတွင်း တရားမဝင်ကျွန်းသစ် တန် (၄၅ဝဝ)ကျော် ဖမ်းဆီးရမိခဲ့ဟုဆို

 331

ယွန်း (NP News) - ဇန်နဝါရီ ၁၂

၂ဝ၂၂ ခုနှစ်အတွင်း တရားမဝင်ကျွန်းသစ် တန်ပေါင်း(၄၅၄၉)တန် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြီးခဲ့သည့် ဇန်နဝါရီလ(၁၁)ရက်တွင် ကျင်းပခဲ့သော အစည်းအဝေး၌ အထက်ပါကဲ့သို့ အသိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတွင်း သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာရန်နှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် သစ်တောများ ပြန်လည်တည်ထောင်ခြင်း စီမံကိန်းကို အထူးအလေးထားဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးမှဆိုသည်။

ထို့ပြင် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံကိန်းများကိုလည်း အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီမှ ဆိုသည်။

ထိုသို့ စီမံကိန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာ ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျသုံးစွဲရန် ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုခဲ့သည်။

၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တရားမဝင်ကျွန်းသစ် (၄၅၄၉) တန် အပါအဝင် သစ်မာနှင့် အခြားသစ်များ (၆၉၂၆)တန် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် တရားမဝင်သစ်များ တားဆီးကာကွယ်ရေးကို အရှိန်အဟုန်ဖြင့် ဆက် လက်ဆောင်ရွက်သွားရန်နှင့် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအပြင် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းရန် ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောဆိုခဲ့သည်။

zawgyi version
၂ဝ၂၂ ခုႏွစ္အတြင္း တရားမဝင္ကြၽန္းသစ္ တန္ (၄၅ဝဝ)ေက်ာ္ ဖမ္းဆီးရမိခဲ့ဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၁၂

၂ဝ၂၂ ခုႏွစ္အတြင္း တရားမဝင္ကြၽန္းသစ္ တန္ေပါင္း(၄၅၄၉)တန္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုထားသည္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၁)ရက္တြင္ က်င္းပခဲ့ေသာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ အသိေပး ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အတြင္း သစ္ေတာဖုံးလႊမ္းမႈ ျပန္လည္ေကာင္းမြန္လာရန္ႏွင့္ ရာသီဥတုေျပာင္းလဲမႈ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ သစ္ေတာမ်ား ျပန္လည္တည္ေထာင္ျခင္း စီမံကိန္းကို အထူးအေလးထားေဆာင္႐ြက္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွဆိုသည္။

ထို႔ျပင္ ေတာ႐ိုင္းတိရစာၦန္မ်ားအတြက္ ေနရင္းေဒသမ်ား ျပန္လည္တည္ေထာင္ျခင္း လုပ္ငန္းစီမံကိန္းမ်ားကိုလည္း အေလးထားေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီမွ ဆိုသည္။

ထိုသို႔ စီမံကိန္းမ်ား ေဆာင္႐ြက္ရာတြင္ လိုအပ္ေသာ ခြင့္ျပဳရန္ပုံေငြမ်ားကို ဘ႑ာ ေရးစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ စနစ္တက်သုံးစြဲရန္ ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုခဲ့သည္။

၂ဝ၂၂ ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလကုန္အထိ တရားမဝင္ကြၽန္းသစ္ (၄၅၄၉) တန္ အပါအဝင္ သစ္မာႏွင့္ အျခားသစ္မ်ား (၆၉၂၆)တန္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ တရားမဝင္သစ္မ်ား တားဆီးကာကြယ္ေရးကို အရွိန္အဟုန္ျဖင့္ ဆက္ လက္ေဆာင္႐ြက္သြားရန္ႏွင့္ ႀကိဳးဝိုင္း၊ ႀကိဳးျပင္ ကာကြယ္ေတာမ်ားအျပင္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ား တိုးခ်ဲ႕ဖြဲ႕စည္းရန္ ျပည္ေထာင္စုဝန္ႀကီးမွ တိုက္တြန္းေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.