လာမည့်တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်ရှိ ကျောင်းပေါင်း(၅၅)ကျောင်းမှ ကျောင်းသား(၂၈ဝဝ)ကျော် ဝင်ရောက်ဖြေဆိုမည်ဟုဆို

 588

ယွန်း (NP News) - ဇန်နဝါရီ ၁၂

၂ဝ၂၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်ရှိ ကျောင်းပေါင်း (၅၅)ကျောင်းမှ ကျောင်းသား(၂၈၂၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်နန့်ဆယ်လီလိုင်က ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) နံနက်ပိုင်းတွင် ဘားအံမြို့ရှိ မြသံလွင်ခန်းမ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် စနစ်ဟောင်းအတွက် နောက်ဆုံးနှစ်ဖြစ်ပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ရွှေ့ပြောင်းပြင်ပဖြေကျောင်း စုစုပေါင်း(၅၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၈၂၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား(၂၈၂၁)ဦးအား ဇန်နဝါရီလ(၁၃)ရက်တွင် ဘားအံတက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများနှင့် လက်ထောက် ကထိကများက ဘာသာရပ်အလိုက် ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဒေါ်နန့်ဆယ်လီလိုင်မှ အသိပေးပြော ဆိုထားသည်။

ထို့ပြင် တက္ကသိုလ်ဝင်မျှော်မှန်းအောင်ချက်ပြည့်မီစေရန်အတွက် အမှတ်ပေးစည်း မျဉ်းနှင့်အညီ သင်ကြားပေးရန် သင်ကြားရေး ဆရာ၊ ဆရာမများအား တိုက်တွန်းပြောဆိုခဲ့သည်။

လာမည့် ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှ မတ်လ(၁၈)ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် (၂ဝ၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကရင်ပြည်နယ်ရှိ မြို့နယ်(၇) မြို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၅၃၇၈)ဦးရှိခဲ့သည်။

ယင်းတို့အနက် ဖြေဆိုအောင်မြင်သူ (၂၃၁၉)ဦးရှိပြီး ပြည်နယ်တစ်ခုလုံးအနေဖြင့် အောင်မြင်မှု (၄၄ ဒသမ ၄၆)ရာခိုင်နှုန်း ရှိခဲ့သည်။

zawgyi version
လာမည့္တကၠသိုလ္ဝင္စာေမးပြဲကို ကရင္ျပည္နယ္ရွိ ေက်ာင္းေပါင္း(၅၅)ေက်ာင္းမွ ေက်ာင္းသား(၂၈ဝဝ)ေက်ာ္ ဝင္ေရာက္ေျဖဆိုမည္ဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၁၂

၂ဝ၂၃ ခုႏွစ္တြင္ က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲကို ကရင္ျပည္နယ္ရွိ ေက်ာင္းေပါင္း (၅၅)ေက်ာင္းမွ ေက်ာင္းသား(၂၈၂၁)ဦး ဝင္ေရာက္ေျဖဆိုမည္ျဖစ္ေၾကာင္း သိရသည္။

ကရင္ျပည္နယ္ပညာေရးမႉး႐ုံး ၫႊန္ၾကားေရးမႉး ေဒၚနန႔္ဆယ္လီလိုင္က ယေန႔ (ဇန္နဝါရီလ ၁၂ ရက္) နံနက္ပိုင္းတြင္ ဘားအံၿမိဳ႕ရွိ ျမသံလြင္ခန္းမ၌ က်င္းပခဲ့ေသာ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲသည္ စနစ္ေဟာင္းအတြက္ ေနာက္ဆုံးႏွစ္ျဖစ္ၿပီး အေျခခံပညာေက်ာင္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းႏွင့္ ေ႐ႊ႕ေျပာင္းျပင္ပေျဖေက်ာင္း စုစုေပါင္း(၅၅)ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူ (၂၈၂၁)ဦး ဝင္ေရာက္ေျဖဆိုမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းသား(၂၈၂၁)ဦးအား ဇန္နဝါရီလ(၁၃)ရက္တြင္ ဘားအံတကၠသိုလ္မွ ပါေမာကၡမ်ား၊ ကထိကမ်ားႏွင့္ လက္ေထာက္ ကထိကမ်ားက ဘာသာရပ္အလိုက္ ေဆြးေႏြးသင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း ၫႊန္ၾကားေရးမႉး ေဒၚနန႔္ဆယ္လီလိုင္မွ အသိေပးေျပာ ဆိုထားသည္။

ထို႔ျပင္ တကၠသိုလ္ဝင္ေမွ်ာ္မွန္းေအာင္ခ်က္ျပည့္မီေစရန္အတြက္ အမွတ္ေပးစည္း မ်ဥ္းႏွင့္အညီ သင္ၾကားေပးရန္ သင္ၾကားေရး ဆရာ၊ ဆရာမမ်ားအား တိုက္တြန္းေျပာဆိုခဲ့သည္။

လာမည့္ ၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွ မတ္လ(၁၈)ရက္ အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက ပညာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ (၂ဝ၂၂)ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ကရင္ျပည္နယ္ရွိ ၿမိဳ႕နယ္(၇) ၿမိဳ႕မွ တကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုသူ (၅၃၇၈)ဦးရွိခဲ့သည္။

ယင္းတို႔အနက္ ေျဖဆိုေအာင္ျမင္သူ (၂၃၁၉)ဦးရွိၿပီး ျပည္နယ္တစ္ခုလုံးအေနျဖင့္ ေအာင္ျမင္မႈ (၄၄ ဒသမ ၄၆)ရာခိုင္ႏႈန္း ရွိခဲ့သည္။

Related news

© 2021. All rights reserved.