စင်ကာပူနိုင်ငံမှာအလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ဦး ကွန်ဒိုမီနီယံကို ဆေးသုတ်နေစဉ် (၄)ထပ်အမြင့်မှ ပြုတ်ကျသေဆုံး

 756

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၄

စင်ကာပူနိုင်ငံ ဘီ‌ဒေါ့ အရပ်ရှိ ကွန်ဒိုမီနီယံ အဆောက်အဦးမှာဆေးတက်သုတ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးဟာ ပြီးခဲ့ရက်ပိုင်းမှာ အဆောက် အဦး (၄)ထပ်အမြင့်ကနေ အောက်ကိုပြုတ်ကျကာ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်၊ ညနေပိုင်းမှာ Bedok Reservoir လမ်းရှိ Waterfront Isle ကွန်ဒိုမီနီယံမှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ စင်ကာပူ လူအင်အားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ စင်ကာပူ လူအင်အားဝန်ကြီးဌာနက သေဆုံးခဲ့သူဟာ မြန်မာနိုင်ငံတစ်ဦးဖြစ်ပြီး ကွန်ဒိုမီနီယံမှာ အခြားအလုပ်သမားတစ်ဦးနဲ့အတူ ဆေးသုတ်နေချိန်မှာ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူလူအင်အားဝန်ကြီးဌာနက"အလုပ်သမားနှစ်ဦးဟာ ကွန်ဒိုမီနီယံမှာ ဆေးသုတ်ဖို့ တန်းလန်းဆွဲထားတဲ့ ငြမ်းစင်ကိုအသုံးပြုခဲ့ပြီးတစ်ဦးနဲ့တစ်ဦး သိပ်မဝေးတဲ့နေရာမျိုးမှာ ဆေးသုတ်နေခဲ့တာဖြစ်တယ်။ ဆေး သုတ်နေသူနှစ်ဦးအနက်တစ်ဦးက အောက်ကိုပြုတ်ကျခဲ့ပြီး ကွန်ကရက်နဲ့ထိခဲ့တယ်။အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်။အမှားအယွင်းတွေ့ရှိခဲ့ပါက တာဝန်ရှိသူများကို တရားစွဲဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး" လို့ပြောပါတယ်။

အဆိုပါ အဖြစ်ပျက်ဟာ စင်ကာပူနိုင်ငံရှိလုပ်ငန်းခွင့်အတွင်း ၂ဝ၂၃ ခုနှစ်မှာပထမဆုံးလူသေဆုံးမှုဖြစ်စေခဲ့ကြောင်းသိရပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံမွာအလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သားတစ္ဦး ကြန္ဒိုမီနီယံကို ေဆးသုတ္ေနစဥ္ (၄)ထပ္အျမင့္မွ ျပဳတ္က်ေသဆုံး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၄

စင္ကာပူႏိုင္ငံ ဘီ‌ေဒါ့ အရပ္ရွိ ကြန္ဒိုမီနီယံ အေဆာက္အဦးမွာေဆးတက္သုတ္ေနတဲ့ ျမန္မာအလုပ္သမားတစ္ဦးဟာ ၿပီးခဲ့ရက္ပိုင္းမွာ အေဆာက္ အဦး (၄)ထပ္အျမင့္ကေန ေအာက္ကိုျပဳတ္က်ကာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

အဲဒီ ျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၂ရက္၊ ညေနပိုင္းမွာ Bedok Reservoir လမ္းရွိ Waterfront Isle ကြန္ဒိုမီနီယံမွာျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ စင္ကာပူ လူအင္အားဝန္ႀကီးဌာနကသတင္းထုတ္ျပန္ထားပါတယ္။ စင္ကာပူ လူအင္အားဝန္ႀကီးဌာနက ေသဆုံးခဲ့သူဟာ ျမန္မာႏိုင္ငံတစ္ဦးျဖစ္ၿပီး ကြန္ဒိုမီနီယံမွာ အျခားအလုပ္သမားတစ္ဦးနဲ႔အတူ ေဆးသုတ္ေနခ်ိန္မွာ ျပဳတ္က်ေသဆုံးခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

စင္ကာပူလူအင္အားဝန္ႀကီးဌာနက"အလုပ္သမားႏွစ္ဦးဟာ ကြန္ဒိုမီနီယံမွာ ေဆးသုတ္ဖို႔ တန္းလန္းဆြဲထားတဲ့ ျငမ္းစင္ကိုအသုံးျပဳခဲ့ၿပီးတစ္ဦးနဲ႔တစ္ဦး သိပ္မေဝးတဲ့ေနရာမ်ိဳးမွာ ေဆးသုတ္ေနခဲ့တာျဖစ္တယ္။ ေဆး သုတ္ေနသူႏွစ္ဦးအနက္တစ္ဦးက ေအာက္ကိုျပဳတ္က်ခဲ့ၿပီး ကြန္ကရက္နဲ႔ထိခဲ့တယ္။အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးသြားမွာျဖစ္တယ္။အမွားအယြင္းေတြ႕ရွိခဲ့ပါက တာဝန္ရွိသူမ်ားကို တရားစြဲဖို႔ တုံ႔ဆိုင္းေနမွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

အဆိုပါ အျဖစ္ပ်က္ဟာ စင္ကာပူႏိုင္ငံရွိလုပ္ငန္းခြင့္အတြင္း ၂ဝ၂၃ ခုႏွစ္မွာပထမဆုံးလူေသဆုံးမႈျဖစ္ေစခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.