အစ္စရေးအခြေစိုက် Software က မြန်မာနိုင်ငံကို ကြားဖြတ်ဖမ်းယူရေး intercept spyware ပစ္စည်းကိရိယာများ ရောင်းချပေးဖို့ တင်ဒါအောင်မြင်ခဲ့

 1523

Pika (NP News) - ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမဖြစ်ပွားခင် အစ္စရေးအခြေစိုက် Cognyte Software Ltd (CGNT.O) ဟာ မြန်မာ အစိုးရပိုင် ဆက်သွယ်ရေးလုပ်ငန်းကို ကြားဖြတ်ဖမ်းယူရေးပစ္စည်းကိရိယာများ ရောင်းချဖို့ တင်ဒါအောင်မြင်ခဲ့ ကြောင်း၊ ရိုက်တာသတင်းဌာန က ဆိုပါတယ်။

ရိုက်တာသတင်းဌာနဟာ အဆိုပါကိစ္စနဲ့ပတ်သက်တဲ့စာရွက်စာတမ်းကို လေ့လာသုံးသပ်ခဲ့ပြီးနောက် အခုလိုမျိုး ဖော်ပြခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာနည်းပညာတွေ မရောင်းချဖို့ အစ္စရေးတရားရုံးချုပ်က ၂ဝ၁၇ ခုနှစ်မှာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ရောင်းချခြင်းဖြစ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အစ္စရေးအစိုးရကလည်း ကာကွယ်ရေးဆိုင်ရာ ပို့ကုန်တွေ တင်ပို့မှုကို မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ အစ္စရေးလူအခွင့်အရေး ရှေ့နေတစ်ဦးဖြစ်သူ အီတေးမက်က အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းတောင်းဆိုထားပြီး အစ္စရေးနည်းပညာကုမ္ပဏီ အပါအဝင် အမည်မဖော်လိုတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးတာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ အဆိုပါတင်ဒါစာချုပ်ကိစ္စကို ကြီးကြပ်ခဲ့ကြောင်း ဆိုပါတယ်။

အစ္စရေးအခြေစိုက် Cognyte Software ကုမ္ပဏီက ထုတ်လုပ်တဲ့ Intercept spyware ပစ္စည်းများဟာ အီမေးလ် အပါအဝင် ဝက်ဆိုဒ်များ၊ text messages များ၊ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်နိုင်အောင် ကူညီပေးနိုင် သလို ဆက်သွယ်ရေးနဲ့ အင်တာနက်ကုမ္ပဏီရဲ့အကူအညီ မပါဘဲလည်း သုံးစွဲသူရဲ့တည်နေရာကို ခြေရာခံနိုင်စွမ်းရှိ တယ်လို့ သိရပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အစ္စရေး Software ကုမ္ပဏီဖြစ်တဲ့ Cognyte၊ နစက နဲ့ မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT တို့ဟာ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးကြောင်း ရိုက်တာသတင်းဌာန က ပြောပါတယ်။ ဒါ့အပြင် အစ္စရေး ရှေ့နေချုပ်၊ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန တို့ဟာလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။

Cognyte ကုမ္ပဏီက ထုတ်လုပ်တဲ့ကြားဖြတ်ထောက်လှမ်းရေးပစ္စည်းကိရိယာကို မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT က စမ်းသပ်ထားပြီးဖြစ်ကြောင်း အဆိုပါကိစ္စကို သိရှိသူနှစ်ဦးက ပြောဆိုထားကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြထားပါတယ်။

MPT ဟာ အဆိုပါကြားဖြတ်ဖမ်းယူရေးကိရိယာ intercept spyware ကို အသုံးပြုနေတယ်လို့ အဆိုပါကိစ္စကို တိုက်ရိုက်သိရှိထားတဲ့ အရင်းအမြစ်က ပြောဆိုထားပါတယ်။ အစ္စရေးအခြေစိုက် Cognyte ဟာ မြန်မာဆက်သွယ် ရေးလုပ်ငန်း MPT ကို ကြားဖြတ်ဖမ်းယူရေး ပစ္စည်းကိရိယာများ ရောင်းချပေးမှုအပြီးသတ်လုပ်နိုင်ခဲ့ခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို အတိအကျမသိရသေးကြောင်း ရိုက်တာသတင်းဌာနက ဆိုပါတယ်။

Zawgyi Version;
အစၥေရးအေျခစိုက္ Software က ျမန္မာႏိုင္ငံကို ၾကားျဖတ္ဖမ္းယူေရး intercept spyware ပစၥည္းကိရိယာမ်ား ေရာင္းခ်ေပးဖို႔ တင္ဒါေအာင္ျမင္ခဲ့
Pika (NP News) - ဇန္နဝါရီ ၁၆

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈမျဖစ္ပြားခင္ အစၥေရးအေျခစိုက္ Cognyte Software Ltd (CGNT.O) ဟာ ျမန္မာ အစိုးရပိုင္ ဆက္သြယ္ေရးလုပ္ငန္းကို ၾကားျဖတ္ဖမ္းယူေရးပစၥည္းကိရိယာမ်ား ေရာင္းခ်ဖို႔ တင္ဒါေအာင္ျမင္ခဲ့ ေၾကာင္း၊ ႐ိုက္တာသတင္းဌာန က ဆိုပါတယ္။

႐ိုက္တာသတင္းဌာနဟာ အဆိုပါကိစၥနဲ႔ပတ္သက္တဲ့စာ႐ြက္စာတမ္းကို ေလ့လာသုံးသပ္ခဲ့ၿပီးေနာက္ အခုလိုမ်ိဳး ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကို ကာကြယ္ေရးဆိုင္ရာနည္းပညာေတြ မေရာင္းခ်ဖို႔ အစၥေရးတရား႐ုံးခ်ဳပ္က ၂ဝ၁၇ ခုႏွစ္မွာ ဆုံးျဖတ္ခ်က္ကို ခ်ိဳးေဖာက္ၿပီး ေရာင္းခ်ျခင္းျဖစ္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အစၥေရးအစိုးရကလည္း ကာကြယ္ေရးဆိုင္ရာ ပို႔ကုန္ေတြ တင္ပို႔မႈကို ျမန္မာႏိုင္ငံအေပၚ ပိတ္ပင္ထားေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။ အစၥေရးလူအခြင့္အေရး ေရွ႕ေနတစ္ဦးျဖစ္သူ အီေတးမက္က အဆိုပါကိစၥကို စုံစမ္းစစ္ေဆးေပးဖို႔ တိုက္တြန္းေတာင္းဆိုထားၿပီး အစၥေရးနည္းပညာကုမၸဏီ အပါအဝင္ အမည္မေဖာ္လိုတဲ့ အစၥေရးကာကြယ္ေရးဝန္ႀကီးတာဝန္ရွိသူမ်ား၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ား အဆိုပါတင္ဒါစာခ်ဳပ္ကိစၥကို ႀကီးၾကပ္ခဲ့ေၾကာင္း ဆိုပါတယ္။

အစၥေရးအေျခစိုက္ Cognyte Software ကုမၸဏီက ထုတ္လုပ္တဲ့ Intercept spyware ပစၥည္းမ်ားဟာ အီေမးလ္ အပါအဝင္ ဝက္ဆိုဒ္မ်ား၊ text messages မ်ား၊ ဖုန္းေခၚဆိုမႈမ်ားကို ၾကားျဖတ္နားေထာင္ႏိုင္ေအာင္ ကူညီေပးႏိုင္ သလို ဆက္သြယ္ေရးနဲ႔ အင္တာနက္ကုမၸဏီရဲ႕အကူအညီ မပါဘဲလည္း သုံးစြဲသူရဲ႕တည္ေနရာကို ေျခရာခံႏိုင္စြမ္းရွိ တယ္လို႔ သိရပါတယ္။

အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး အစၥေရး Software ကုမၸဏီျဖစ္တဲ့ Cognyte၊ နစက နဲ႔ ျမန္မာဆက္သြယ္ေရးလုပ္ငန္း MPT တို႔ဟာ တစ္စုံတစ္ရာ တုံ႔ျပန္ျခင္းမရွိေသးေၾကာင္း ႐ိုက္တာသတင္းဌာန က ေျပာပါတယ္။ ဒါ့အျပင္ အစၥေရး ေရွ႕ေနခ်ဳပ္၊ အစၥေရးကာကြယ္ေရးဝန္ႀကီးဌာန၊ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးဌာန တို႔ဟာလည္း အဆိုပါကိစၥနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္း သိရပါတယ္။

Cognyte ကုမၸဏီက ထုတ္လုပ္တဲ့ၾကားျဖတ္ေထာက္လွမ္းေရးပစၥည္းကိရိယာကို ျမန္မာဆက္သြယ္ေရးလုပ္ငန္း MPT က စမ္းသပ္ထားၿပီးျဖစ္ေၾကာင္း အဆိုပါကိစၥကို သိရွိသူႏွစ္ဦးက ေျပာဆိုထားေၾကာင္း ႐ိုက္တာသတင္းဌာန က ေဖာ္ျပထားပါတယ္။

MPT ဟာ အဆိုပါၾကားျဖတ္ဖမ္းယူေရးကိရိယာ intercept spyware ကို အသုံးျပဳေနတယ္လို႔ အဆိုပါကိစၥကို တိုက္႐ိုက္သိရွိထားတဲ့ အရင္းအျမစ္က ေျပာဆိုထားပါတယ္။ အစၥေရးအေျခစိုက္ Cognyte ဟာ ျမန္မာဆက္သြယ္ ေရးလုပ္ငန္း MPT ကို ၾကားျဖတ္ဖမ္းယူေရး ပစၥည္းကိရိယာမ်ား ေရာင္းခ်ေပးမႈအၿပီးသတ္လုပ္ႏိုင္ခဲ့ျခင္း ရွိ/မရွိ ဆိုတဲ့အခ်က္ကို အတိအက်မသိရေသးေၾကာင္း ႐ိုက္တာသတင္းဌာနက ဆိုပါတယ္။

Related news

© 2021. All rights reserved.