ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၆ဝဝ)ကျော်ကို ခေါ်ယူသွားမည်ဟု ဂျပန်ရှိ မြန်မာသံရုံးကြေညာ

 626

ယွန်း (NP News) - ဇန်နဝါရီ ၁၆

ဂျပန်နိုင်ငံရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာလုပ်သား(၆ဝဝ)ကျော်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ မြန်မာသံရုံး မှ ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇန်နဝါရီလ ၁၆ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို အချိန် နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည် ထောင်ထားခြင်း ရှိ၊ မရှိကို စစ်ဆေးပြီးဖြစ်ကြောင်း မြန်မာသံရုံးမှ ဆိုသည်။

စစ်ဆေးပြီးဖြစ်သည့် အလုပ်ကမ်းလှမ်းစာများကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂ဝ၂၃)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ (၁၆)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၁၅၂)ခု ရှိကြောင်း သိရသည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာများအရ မြန်မာနိုင်ငံမှ အမျိုးသား(၂၈၁)ဦးနှင့် အမျိုးသ မီး(၃၃၄)ဦး စုစုပေါင်း (၆၁၅)ဦးကို ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

zawgyi version
ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ျမန္မာလုပ္သား (၆ဝဝ)ေက်ာ္ကို ေခၚယူသြားမည္ဟု ဂ်ပန္ရွိ ျမန္မာသံ႐ုံးေၾကညာ
ယြန္း (NP News) - ဇန္နဝါရီ ၁၆

ဂ်ပန္ႏိုင္ငံရွိ စက္႐ုံမ်ားတြင္ အလုပ္လုပ္ကိုင္ႏိုင္ရန္ ျမန္မာလုပ္သား(၆ဝဝ)ေက်ာ္ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံရွိ ျမန္မာသံ႐ုံး မွ ထုတ္ျပန္ထားသည္။

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဇန္နဝါရီလ ၁၆ရက္) နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာသံ႐ုံးအေနျဖင့္ အလုပ္သမားဝန္ႀကီးဌာနက ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တစ္ဆင့္ ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာမ်ားကို အခ်ိန္ ႏွင့္ တစ္ေျပးညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ရာတြင္ ဂ်ပန္ႏိုင္ငံရွိ အလုပ္သမားႀကီးၾကပ္ေရး ကုမၸဏီႏွင့္ အလုပ္ေခၚယူသည့္ စက္႐ုံ၊ ကုမၸဏီမ်ားသည္ ဂ်ပန္ႏိုင္ငံတြင္ တရားဝင္ တည္ ေထာင္ထားျခင္း ရွိ၊ မရွိကို စစ္ေဆးၿပီးျဖစ္ေၾကာင္း ျမန္မာသံ႐ုံးမွ ဆိုသည္။

စစ္ေဆးၿပီးျဖစ္သည့္ အလုပ္ကမ္းလွမ္းစာမ်ားကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ေပးပို႔ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕မွ (၂ဝ၂၃)ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္မွ (၁၆)ရက္အတြင္း စိစစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေပးပို႔ခဲ့သည့္ အလုပ္ကမ္းလွမ္းစာ (၁၅၂)ခု ရွိေၾကာင္း သိရသည္။

အဆိုပါ အလုပ္ကမ္းလွမ္းစာမ်ားအရ ျမန္မာႏိုင္ငံမွ အမ်ိဳးသား(၂၈၁)ဦးႏွင့္ အမ်ိဳးသ မီး(၃၃၄)ဦး စုစုေပါင္း (၆၁၅)ဦးကို ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ေခၚယူသြားမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။

Picture

Htet Htet Winn

16/01/2023 15:22

‌ခေါ်တာတော့ဟုတ်ပါပြီ ဘယ်လိုလျောက်ရမည်ကိုပါ ဖော်ပြပေး

Related news

© 2021. All rights reserved.