တရုတ်နိုင်ငံရဲ့လူဦးရေက ၁၉၆ဝ ခုနှစ်များနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာ

1183

ရောင်နီ (NP News) - ဇန်နဝါရီ ၁၈
ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့လူဦးရေဟာ ဆယ်စုနှစ်ခြောက်စုအတွင်း ပထမဆုံး အကြိမ်အဖြစ် ၂ဝ၂၂ ခုနှစ်မှာ ကျဆင်းလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရဲ့ ၂ဝ၂၂ နှစ်အကုန် လူဦးရေမှာ ၁.၄၁ ဘီလျံရှိပြီး ၂ဝ၂၁ ခုနှစ်ကုန်ထက် ၈၅ဝဝဝဝ ခန့် လျော့နည်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ဇန်နဝါရီလ ၁၇ ရက်၊ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါဟာ ယခင်ခေါင်းဆောင်ဟောင်း မော်စီတုံးလက်ထက် မဟာအစာခေါင်းပါးမှု နောက်ဆုံးနှစ်ဖြစ်တဲ့ ၁၉၆၁ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် လူဦးရေ ကျဆင်းမှုဖြစ်ပြီး၊ ၄င်းဟာ ၁၉၇ဝ ခုနှစ်များနောက်ပိုင်း ဒုတိယအနှေးကွေး ဆုံး တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကိန်းဂဏန်းတွေနဲ့လည်း တိုက်ဆိုင်မှုရှိနေပါတယ်။
အစိုးရဟာ မိသားစုများကို ကလေးများများမွေးဖို့ ကြိုးပမ်းနေသော်လည်း မွေးဖွားတဲ့ကလေးအရေအတွက်ဟာ ၂ဝ၂၁ ခုနှစ်က အနည်းဆုံး ၁ဝ.၆၂ သန်း ရှိခဲ့ရာမှ ၂ဝ၂၂ ခုနှစ်မှာ ၉.၅၆ သန်းထိ ကျဆင်းလာခဲ့ပါတယ်။
နှစ်တစ်နှစ်ရဲ့ သေဆုံးသူ ဦးရေကတော့ စုစုပေါင်း လူ ၁ဝ.၄၁ သန်း ရှိပြီး ဒီဇင်ဘာလအစောပိုင်းက ဗိုင်းရပ်စ် ကူးစက်မှု ရုတ်ခြည်းမြင့်တက်လာမှုကြောင့် Covid ဆက်စပ်သေဆုံးမှုများလည်း မြင့်တက်လာခဲ့ပါတယ်။ သီတင်း ပတ်များအတွင်း ကူးစက်မှုနှေးကွေးနေပေမယ့် နိုင်ငံတစ်ဝန်း ကူးစက်မှု ဆက်လက်ပျံ့နှံ့နေဆဲဖြစ်တာကြောင့် ၂ဝ၂၃ နှစ်မှာလည်း ကိုဗစ်နဲ့ဆက်နွယ်တဲ့သေဆုံးမှုတွေ ပိုများလာဖွယ်ရှိပါတယ်။
အဆိုပါရောဂါဖြစ်ပွားမှုဟာ အခုနှစ်အတွင်း သေဆုံးမှုအရေအတွက်ကို ပိုမိုမြင့်တက်လာစေနိုင်တယ်လို့ သိရပါ တယ်။ မွေးကင်းစကလေးငယ်တွေရဲ့အရေအတွက် ကျဆင်းခြင်းဟာ လူဦးရေကျုံ့ခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုအကြီးအကဲ ကန်ရီ က ပြောကြားပါတယ်။
"ဒါဟာ လူတွေရဲ့ ကလေးမွေးလိုစိတ် ကျဆင်းလာမှု၊ အိမ်ထောင်ရေးနဲ့ ကိုယ်ဝန်နှောင့်နှေးမှုတွေနဲ့ ကလေးမွေးဖွား တဲ့အရွယ် အမျိုးသမီးအရေအတွက် ကျဆင်းလာရခြင်းရဲ့ အဓိကရလဒ်ဖြစ်ပါတယ်" လို့ ကန် က ပြောကြားပါတယ်။ Pinpoint Asset Management Ltd မှ ဥက္ကဋ္ဌ နဲ့ စီးပွားရေးပညာရှင် ကျန်ကျီဝေ က လာမယ့်နှစ်များအတွင်း လူဦးရေများ ကျဆင်းလာဖွယ်ရှိကြောင်း၊ ၄င်းဟာ အလားအလာရှိသော တိုးတက်မှုနဲ့ ပြည်တွင်းဝယ်လိုအား အတွက် သက်ရောက်မှုများအတွက် အလွန်အရေးကြီးကြောင်း ပြောကြားပါတယ်။
ကုလသမဂ္ဂဟာ ၂ဝ၁၉ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့လူဦးရေဟာ အထွတ်အထိပ်သို့ရောက်လာနိုင်တယ်လို့ ခန့်မှန်းထား ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂဟာ အဆိုပါခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ပြီး ၂ဝ၂၂ ခုနှစ်အစကသာ တရုတ်နိုင်ငံအတွက် လူဦးရေ အမြင့်ဆုံးဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လုပ်သားအင်အား ရေရှည်ကျုံ့နေပြီ ဖြစ်ပြီး အိမ်ဝယ်လိုအား ပိုမိုကျဆင်းနိုင်ဖွယ်ရှိကာ အစိုးရအနေနဲ့ ရန်ပုံငွေမပြည့်မီတဲ့ နိုင်ငံလုံးဆိုင်ရာ ပင်စင်စနစ် အတွက် ပေးချေဖို့ ရုန်းကန်ရနိုင်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း (သို့မဟုတ်) လူ ၁ဝဝဝ မှာ ကလေးမွေးဖွားနှုန်း အရေအတွက်ဟာ ယမန်နှစ်က ၆.၇၇ သို့ ကျဆင်းသွားပြီး ၁၉၇၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်နေပါတယ်။ အမျိုးသားစာရင်းအင်းဗျူရို မှ ထုတ်ပြန်တဲ့အချက်အလက်တွေအရ လူဦးရေရဲ့ ၆၂ ရာခိုင်နှုန်းက အသက် ၁၆ နှစ်မှ ၅၉ နှစ်ကြား အရွယ်များဖြစ်ပြီး တရုတ်က သတ်မှတ်ထားတဲ့အသက်အရွယ်အရ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ၇ဝ ရာခိုင်နှုန်းဝန်းကျင်မှ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရဲ႕လူဦးေရက ၁၉၆ဝ ခုႏွစ္မ်ားေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ က်ဆင္းလာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၈
ကမာၻ႔ဒုတိယ အႀကီးဆုံး စီးပြားေရးႏိုင္ငံျဖစ္တဲ့ တ႐ုတ္ႏိုင္ငံရဲ႕လူဦးေရဟာ ဆယ္စုႏွစ္ေျခာက္စုအတြင္း ပထမဆုံး အႀကိမ္အျဖစ္ ၂ဝ၂၂ ခုႏွစ္မွာ က်ဆင္းလာခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ႏိုင္ငံရဲ႕ ၂ဝ၂၂ ႏွစ္အကုန္ လူဦးေရမွာ ၁.၄၁ ဘီလ်ံရွိၿပီး ၂ဝ၂၁ ခုႏွစ္ကုန္ထက္ ၈၅ဝဝဝဝ ခန္႔ ေလ်ာ့နည္းခဲ့ေၾကာင္း အမ်ိဳးသားစာရင္းအင္းဗ်ဴ႐ိုမွ ဇန္နဝါရီလ ၁၇ ရက္၊ အဂၤါေန႔က ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ သိရပါတယ္။
ဒါဟာ ယခင္ေခါင္းေဆာင္ေဟာင္း ေမာ္စီတုံးလက္ထက္ မဟာအစာေခါင္းပါးမႈ ေနာက္ဆုံးႏွစ္ျဖစ္တဲ့ ၁၉၆၁ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ လူဦးေရ က်ဆင္းမႈျဖစ္ၿပီး၊ ၄င္းဟာ ၁၉၇ဝ ခုႏွစ္မ်ားေနာက္ပိုင္း ဒုတိယအေႏွးေကြး ဆုံး တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈကိန္းဂဏန္းေတြနဲ႔လည္း တိုက္ဆိုင္မႈရွိေနပါတယ္။
အစိုးရဟာ မိသားစုမ်ားကို ကေလးမ်ားမ်ားေမြးဖို႔ ႀကိဳးပမ္းေနေသာ္လည္း ေမြးဖြားတဲ့ကေလးအေရအတြက္ဟာ ၂ဝ၂၁ ခုႏွစ္က အနည္းဆုံး ၁ဝ.၆၂ သန္း ရွိခဲ့ရာမွ ၂ဝ၂၂ ခုႏွစ္မွာ ၉.၅၆ သန္းထိ က်ဆင္းလာခဲ့ပါတယ္။
ႏွစ္တစ္ႏွစ္ရဲ႕ ေသဆုံးသူ ဦးေရကေတာ့ စုစုေပါင္း လူ ၁ဝ.၄၁ သန္း ရွိၿပီး ဒီဇင္ဘာလအေစာပိုင္းက ဗိုင္းရပ္စ္ ကူးစက္မႈ ႐ုတ္ျခည္းျမင့္တက္လာမႈေၾကာင့္ Covid ဆက္စပ္ေသဆုံးမႈမ်ားလည္း ျမင့္တက္လာခဲ့ပါတယ္။ သီတင္း ပတ္မ်ားအတြင္း ကူးစက္မႈေႏွးေကြးေနေပမယ့္ ႏိုင္ငံတစ္ဝန္း ကူးစက္မႈ ဆက္လက္ပ်ံ႕ႏွံ႔ေနဆဲျဖစ္တာေၾကာင့္ ၂ဝ၂၃ ႏွစ္မွာလည္း ကိုဗစ္နဲ႔ဆက္ႏြယ္တဲ့ေသဆုံးမႈေတြ ပိုမ်ားလာဖြယ္ရွိပါတယ္။
အဆိုပါေရာဂါျဖစ္ပြားမႈဟာ အခုႏွစ္အတြင္း ေသဆုံးမႈအေရအတြက္ကို ပိုမိုျမင့္တက္လာေစႏိုင္တယ္လို႔ သိရပါ တယ္။ ေမြးကင္းစကေလးငယ္ေတြရဲ႕အေရအတြက္ က်ဆင္းျခင္းဟာ လူဦးေရက်ဳံ႕ျခင္းရဲ႕ အဓိကအေၾကာင္းရင္း ျဖစ္ေၾကာင္း အမ်ိဳးသားစာရင္းအင္းဗ်ဴ႐ိုအႀကီးအကဲ ကန္ရီ က ေျပာၾကားပါတယ္။
"ဒါဟာ လူေတြရဲ႕ ကေလးေမြးလိုစိတ္ က်ဆင္းလာမႈ၊ အိမ္ေထာင္ေရးနဲ႔ ကိုယ္ဝန္ေႏွာင့္ေႏွးမႈေတြနဲ႔ ကေလးေမြးဖြား တဲ့အ႐ြယ္ အမ်ိဳးသမီးအေရအတြက္ က်ဆင္းလာရျခင္းရဲ႕ အဓိကရလဒ္ျဖစ္ပါတယ္" လို႔ ကန္ က ေျပာၾကားပါတယ္။ Pinpoint Asset Management Ltd မွ ဥကၠ႒ နဲ႔ စီးပြားေရးပညာရွင္ က်န္က်ီေဝ က လာမယ့္ႏွစ္မ်ားအတြင္း လူဦးေရမ်ား က်ဆင္းလာဖြယ္ရွိေၾကာင္း၊ ၄င္းဟာ အလားအလာရွိေသာ တိုးတက္မႈနဲ႔ ျပည္တြင္းဝယ္လိုအား အတြက္ သက္ေရာက္မႈမ်ားအတြက္ အလြန္အေရးႀကီးေၾကာင္း ေျပာၾကားပါတယ္။
ကုလသမဂၢဟာ ၂ဝ၁၉ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံရဲ႕လူဦးေရဟာ အထြတ္အထိပ္သို႔ေရာက္လာႏိုင္တယ္လို႔ ခန႔္မွန္းထား ေပမယ့္လည္း ၿပီးခဲ့တဲ့ႏွစ္က ကုလသမဂၢဟာ အဆိုပါခန႔္မွန္းခ်က္ကို ျပန္လည္ျပင္ဆင္ၿပီး ၂ဝ၂၂ ခုႏွစ္အစကသာ တ႐ုတ္ႏိုင္ငံအတြက္ လူဦးေရ အျမင့္ဆုံးျဖစ္ႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ လုပ္သားအင္အား ေရရွည္က်ဳံ႕ေနၿပီ ျဖစ္ၿပီး အိမ္ဝယ္လိုအား ပိုမိုက်ဆင္းႏိုင္ဖြယ္ရွိကာ အစိုးရအေနနဲ႔ ရန္ပုံေငြမျပည့္မီတဲ့ ႏိုင္ငံလုံးဆိုင္ရာ ပင္စင္စနစ္ အတြက္ ေပးေခ်ဖို႔ ႐ုန္းကန္ရႏိုင္ပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ ကေလးေမြးဖြားႏႈန္း (သို႔မဟုတ္) လူ ၁ဝဝဝ မွာ ကေလးေမြးဖြားႏႈန္း အေရအတြက္ဟာ ယမန္ႏွစ္က ၆.၇၇ သို႔ က်ဆင္းသြားၿပီး ၁၉၇၈ ခုႏွစ္ေနာက္ပိုင္း အနိမ့္ဆုံးအဆင့္ျဖစ္ေနပါတယ္။ အမ်ိဳးသားစာရင္းအင္းဗ်ဴ႐ို မွ ထုတ္ျပန္တဲ့အခ်က္အလက္ေတြအရ လူဦးေရရဲ႕ ၆၂ ရာခိုင္ႏႈန္းက အသက္ ၁၆ ႏွစ္မွ ၅၉ ႏွစ္ၾကား အ႐ြယ္မ်ားျဖစ္ၿပီး တ႐ုတ္က သတ္မွတ္ထားတဲ့အသက္အ႐ြယ္အရ လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္း ၇ဝ ရာခိုင္ႏႈန္းဝန္းက်င္မွ က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။