တိဗက်တွင် နှင်းတောင်ပြိုကျမှုကြောင့် သေဆုံးသူဦးရေမှာ(၂၈)ဦးအထိမြင့်တက်လာ

753

Pika (NP News) - ဇန်နဝါရီ ၂၁
တရုတ်နိုင်ငံ တိဗက်ဒေသ အနောက်တောင်ပိုင်းရှိ Nyingchi မြို့တွင် နှင်းတောင်ပြိုကျမှုကြောင့် သေဆုံးသူဦးရေသည် အနည်းဆုံး(၂၈)ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသတွင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုသည် Mainling ကောင်တီရှိ Pai ရွာနှင့် Medog ကောင်တီကြားရှိ Doxong La ဥမင်လှိုဏ်ခေါင်းအထွက်လမ်းမပေါ်တွင် ဇန်နဝါရီလ(၁၇)ရက်၊ည(၈)နာရီအချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှင်းတောင်ပြိုကျပြီးနောက် လမ်းများပိတ်ဆို့သွားခဲ့ပြီး ယာဥ်ကြောများ ရပ်တန့်သွားခဲ့ကြောင်းလည်းသိရသည်။ အဆိုပါအခင်းဖြစ်ပွားရာနေရာတွင် လုပ်ဆောင်နေသော ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။ အဆိုပါမတော်တဆမှုများဖြစ်ပွားပြီးနောက် ဒေသတွင်းအာဏာ ပိုင်များသည် (၇)ဒသမ(၅)ကီလိုမီတာရှိသော ကယ်ဆယ်ရေးလမ်းကြောင်း တူးဖော်ရာတွင် ကူညီရန်အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင်(၁၃၄၈)ဦးကို စေလွှတ်ခဲ့ရကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီးနောက် (၅၃)ဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ (၅)ဦးသည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကားပြီး Global Times သတင်းစာကဖော်ပြခဲ့သည်။ အမြင့်ပေ(၄၅ဝဝ)နီးပါးရှိသော Doxong La တောင်သည် မတ်စောက်သော တောင်စောင်းများရှိပြီး တောင်ပေါ်ရှိလမ်းများမှာ အလွန်ကြမ်းတမ်းကြောင်းလည်းသိရသည်။
ရာသီဥတုပူနွေးလာမှုနှင့်အတူ လေပြင်းများတိုက်ခတ်ခဲ့ခြင်းတို့ကြောင့် အဆိုပါနှင်းတောင်ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများက အမြင့်ပေ(၃၁ဝဝ)မီတာတွင်ရှိသော Nyingchi မြို့ကို တိဗက်၏ဆွစ်ဇာလန်အဖြစ်တင်စား ခေါ်ဝေါ်ကြကြောင်းလည်းသိရသည်။

zawgyi version
တိဗက္တြင္ ႏွင္းေတာင္ၿပိဳက်မႈေၾကာင့္ ေသဆုံးသူဦးေရမွာ(၂၈)ဦးအထိျမင့္တက္လာ
Pika (NP News) - ဇန္နဝါရီ ၂၁
တ႐ုတ္ႏိုင္ငံ တိဗက္ေဒသ အေနာက္ေတာင္ပိုင္းရွိ Nyingchi ၿမိဳ႕တြင္ ႏွင္းေတာင္ၿပိဳက်မႈေၾကာင့္ ေသဆုံးသူဦးေရသည္ အနည္းဆုံး(၂၈)ဦးအထိရွိလာၿပီျဖစ္ေၾကာင္း ေဒသတြင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။
အဆိုပါ မေတာ္တဆမႈသည္ Mainling ေကာင္တီရွိ Pai ႐ြာႏွင့္ Medog ေကာင္တီၾကားရွိ Doxong La ဥမင္လႈိဏ္ေခါင္းအထြက္လမ္းမေပၚတြင္ ဇန္နဝါရီလ(၁၇)ရက္၊ည(၈)နာရီအခ်ိန္ကျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏွင္းေတာင္ၿပိဳက်ၿပီးေနာက္ လမ္းမ်ားပိတ္ဆို႔သြားခဲ့ၿပီး ယာဥ္ေၾကာမ်ား ရပ္တန႔္သြားခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါအခင္းျဖစ္ပြားရာေနရာတြင္ လုပ္ေဆာင္ေနေသာ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း ဆင္ဟြာသတင္းဌာနကေဖာ္ျပခဲ့သည္။ အဆိုပါမေတာ္တဆမႈမ်ားျဖစ္ပြားၿပီးေနာက္ ေဒသတြင္းအာဏာ ပိုင္မ်ားသည္ (၇)ဒသမ(၅)ကီလိုမီတာရွိေသာ ကယ္ဆယ္ေရးလမ္းေၾကာင္း တူးေဖာ္ရာတြင္ ကူညီရန္အတြက္ ကယ္ဆယ္ေရးအဖြဲ႕ဝင္(၁၃၄၈)ဦးကို ေစလႊတ္ခဲ့ရေၾကာင္း ဆင္ဟြာသတင္းဌာနကေဖာ္ျပခဲ့သည္။
ကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ (၅၃)ဦးကို အသက္ရွင္လ်က္ေတြ႕ရွိခဲ့ၿပီး ၎တို႔အနက္မွ (၅)ဦးသည္ ျပင္းထန္စြာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသတြင္းအာဏာပိုင္မ်ား၏ေျပာၾကားခ်က္ကို ကိုးကားၿပီး Global Times သတင္းစာကေဖာ္ျပခဲ့သည္။ အျမင့္ေပ(၄၅ဝဝ)နီးပါးရွိေသာ Doxong La ေတာင္သည္ မတ္ေစာက္ေသာ ေတာင္ေစာင္းမ်ားရွိၿပီး ေတာင္ေပၚရွိလမ္းမ်ားမွာ အလြန္ၾကမ္းတမ္းေၾကာင္းလည္းသိရသည္။
ရာသီဥတုပူေႏြးလာမႈႏွင့္အတူ ေလျပင္းမ်ားတိုက္ခတ္ခဲ့ျခင္းတို႔ေၾကာင့္ အဆိုပါႏွင္းေတာင္ၿပိဳက်မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဆင္ဟြာသတင္းဌာနကေဖာ္ျပခဲ့သည္။ကမာၻလွည့္ခရီးသြား လုပ္ငန္းမ်ားက အျမင့္ေပ(၃၁ဝဝ)မီတာတြင္ရွိေသာ Nyingchi ၿမိဳ႕ကို တိဗက္၏ဆြစ္ဇာလန္အျဖစ္တင္စား ေခၚေဝၚၾကေၾကာင္းလည္းသိရသည္။