ဆီအုန်းများ သယ်ဆောင်လာသည့်ကားအား တားဆီးကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

963

စော (NP News) - ဇန်နဝါရီ ၂၅
ဘောဆေးနွင်းကျေးရွာ MSPP ဆီအုန်းကုမ္ပဏီမှ ဆီးအုန်းသီးများအား ဘုတ်ပြင်းမြို့သို့ ပို့ဆောင်ရန်ထွက်ခွာသည့်ကားအား တားဆီးကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦးထိခိုက်ဒဏ်ရာရရှိမှု တနင်္သာရီမြို့နယ်၊ မြိတ်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၃ ရက်၊ နံနက် ၅ နာရီအချိန်တွင် မြိတ်မြို့၊ ငြိမ်းချမ်းရေးရပ် ကွက်နေ ဦးအောင်အောင်ဦး (၄၃)နှစ်သည် ကားဖြင့် မောင်းနှင်လာစဉ် ရမ်းဖိုကျေးရွာအရောက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အထက်ပါကဲ့သို့မောင်းနှင်လာစဉ် အကြမ်းဖက်သမားများက ကားအား တားဆီးပစ်ခတ်ခဲ့သဖြင့် ဦးအောင်အောင်ဦးသည် ဘယ်ဘက်လက်မောင်းနှင့် ခြေဖမိုးတို့၌ ကျည်ထိမှန်ဒဏ်ရာနှစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကွမ်းဆိုင်၌ ကွမ်းဝယ်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထား သည်။
ဖြစ်စဉ်မှာ နေ့လည် ၁၁ နာရီဝန်းကျင်အချိန်တွင် ကန်ပိုင်ကျေးရွာနေ မနန်းဇူလိုင် (၃၆)နှစ်သည် သရက္ကန်တောင် ကျေးရွာစျေးရှိ ကွမ်းဆိုင်၌ ကွမ်းဝယ်နေစဉ် အကြမ်း ဖက်သမားနှစ်ဦးကရောက်ရှိလာပြီး ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ထွက်ပြေးသွားသဖြင့် မနန်းဇူလိုင်တွင် ဦးခေါင်းကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက် ရရှိကာသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်သဖြင့် အုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေ့လည် ၃ နာရီဝန်းကျင်အချိန်တွင် ကံသစ်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် (၄၈)နှစ်သည် နေအိမ်၌ရှိနေစဉ်အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။
ထိုသို့ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဦးအောင်နိုင်တွင် ညာဘက်နားနောက်နှင့်နောက်ကျော၊ ဘယ်ဘက်မျက်နှာနှင့် လက်ကောက်ဝတ်တို့ ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ရရှိကာ သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

zawgyi version
ဆီအုန္းမ်ား သယ္ေဆာင္လာသည့္ကားအား တားဆီးကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့သျဖင့္ ယာဥ္ေမာင္းတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဇန္နဝါရီ ၂၅
ေဘာေဆးႏြင္းေက်း႐ြာ MSPP ဆီအုန္းကုမၸဏီမွ ဆီးအုန္းသီးမ်ားအား ဘုတ္ျပင္းၿမိဳ႕သို႔ ပို႔ေဆာင္ရန္ထြက္ခြာသည့္ကားအား တားဆီးကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့သျဖင့္ ယာဥ္ေမာင္းတစ္ဦးထိခိုက္ဒဏ္ရာရရွိမႈ တနသၤာရီၿမိဳ႕နယ္၊ ၿမိတ္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၃ ရက္၊ နံနက္ ၅ နာရီအခ်ိန္တြင္ ၿမိတ္ၿမိဳ႕၊ ၿငိမ္းခ်မ္းေရးရပ္ ကြက္ေန ဦးေအာင္ေအာင္ဦး (၄၃)ႏွစ္သည္ ကားျဖင့္ ေမာင္းႏွင္လာစဥ္ ရမ္းဖိုေက်း႐ြာအေရာက္၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
အထက္ပါကဲ့သို႔ေမာင္းႏွင္လာစဥ္ အၾကမ္းဖက္သမားမ်ားက ကားအား တားဆီးပစ္ခတ္ခဲ့သျဖင့္ ဦးေအာင္ေအာင္ဦးသည္ ဘယ္ဘက္လက္ေမာင္းႏွင့္ ေျခဖမိုးတို႔၌ က်ည္ထိမွန္ဒဏ္ရာႏွစ္ခ်က္ရရွိခဲ့သျဖင့္ ေဆးကုသမႈခံယူေနေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။
အလားတူ မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ ကြမ္းဆိုင္၌ ကြမ္းဝယ္ေနစဥ္ ေသနတ္ျဖင့္ပစ္သတ္ခဲ့သျဖင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကထုတ္ျပန္ထား သည္။
ျဖစ္စဥ္မွာ ေန႔လည္ ၁၁ နာရီဝန္းက်င္အခ်ိန္တြင္ ကန္ပိုင္ေက်း႐ြာေန မနန္းဇူလိုင္ (၃၆)ႏွစ္သည္ သရကၠန္ေတာင္ ေက်း႐ြာေစ်းရွိ ကြမ္းဆိုင္၌ ကြမ္းဝယ္ေနစဥ္ အၾကမ္း ဖက္သမားႏွစ္ဦးကေရာက္ရွိလာၿပီး ပစ္ခတ္ထြက္ေျပးသြားေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္ထြက္ေျပးသြားသျဖင့္ မနန္းဇူလိုင္တြင္ ဦးေခါင္းက်ည္ေဖာက္ထြက္ဒဏ္ရာတစ္ခ်က္ ရရွိကာေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။
အလားတူ မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ပစ္ခတ္သျဖင့္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေန႔လည္ ၃ နာရီဝန္းက်င္အခ်ိန္တြင္ ကံသစ္ေက်း႐ြာေန အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ႏိုင္ (၄၈)ႏွစ္သည္ ေနအိမ္၌ရွိေနစဥ္အၾကမ္းဖက္သမားႏွစ္ဦးက ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာၿပီး ပစ္ခတ္ထြက္ေျပးသြားေၾကာင္းသိရသည္။
ထိုသို႔ပစ္ခတ္ထြက္ေျပးသြားသျဖင့္ ဦးေအာင္ႏိုင္တြင္ ညာဘက္နားေနာက္ႏွင့္ေနာက္ေက်ာ၊ ဘယ္ဘက္မ်က္ႏွာႏွင့္ လက္ေကာက္ဝတ္တို႔ က်ည္ေဖာက္ဝင္ဒဏ္ရာေလးခ်က္ရရွိကာ ေသဆုံးသြားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။