မိတ္ထီလာ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် တက်ရောက်သူများအား ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်သည်အထိ ကူညီထောက်ပံ့ပေးမည်

645

ရဲပြည့် (NP News) - ဇန်နဝါရီ ၂၆
မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် အခမဲ့ ရက်ကန်းအတတ်ပညာတက်ရောက်သူများအား ကိုယ်ပိုင်လုပ်ငန်းလုပ် ကိုင်နိုင်သည်အထိ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
သမဝါယမ နှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ရိုးရာရက် ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ရက်ကန်းအတက်ပညာများ အခမဲ့ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ် ကြောင်းလည်း သိရသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးပွားလာစေရန်နှင့် တစ်ဦးချင်း ဝင်ငွေတိုး ပွားလာပြီး မိသားစုဝင်ငွေကို အထောက်အကူဖြစ်ရန် နှင့် ဆင်းရဲမှုလျော့ချရေးတို့အတွက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ အသက် မွေးဝမ်းကျောင်းအထောက်အကူပြု ပညာရပ်များကို နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင် ကြားပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“သင်တန်း တက်ရောက်နေတဲ့ကာလမှာ ရက်ကန်းနဲ့အသက်မွေးပညာ သင်တန်းကျောင်းမှာရှိတဲ့ အဆောင်တွေမှာ အခမဲ့နေထိုင်ခွင့်အပြင် ပညာသင်ထောက်ပံ့ ကြေး တစ်လကို ငွေကျပ် ၃ဝဝဝဝ ထောက်ပံ့ပေးတယ်။ သင်တန်းပြီးသွားတဲ့အချိန်မှာလည်း နိုင်ငံတော်ပိုင်/ ပုဂ္ဂလိကပိုင် ချည်မျှင်နဲ့အထည်အလိပ်စက်ရုံတွေမှာ ဝင်ပြီးအလုပ်လုပ်နိုင်ဖို့နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နိုင်တဲ့အထိ ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်”ဟု ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က ပြောသည်။
ထို့ပြင် မိတ္ထီလာသင်တန်းကျောင်းတွင် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတိုအပြင် ကာလတိုသင်တန်းများဖြစ်သည့် စက်မောင်းစက်ပြင် သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံ သံဂဟေဆက်နည်းပညာသင်တန်း၊ သစ်သီးဝလံ အခြေခံစားသောက်ကုန်သင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းများတွင် သင်တန်းတက်ရောက်သူများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း အိမ်ထောင် မရှိသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ် သင်တန်းတက်ရောက်လိုသူများသည် အလယ်တန်းအောင်ရမည်ဖြစ်ပြီး လက်ရက်ကန်း ခြောက်လ သင်တန်းတက် ရောက်သူများအနေဖြင့် မူလတန်း အောင်မြင်ရမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
မိတၳီလာ ရက္ကန္းႏွင့္အသက္ေမြးပညာသင္တန္းေက်ာင္းတြင္ တက္ေရာက္သူမ်ားအား ကိုယ္ပိုင္လုပ္ငန္းလုပ္ကိုင္ႏိုင္သည္အထိ ကူညီေထာက္ပံ့ေပးမည္
ရဲျပည့္ (NP News) - ဇန္နဝါရီ ၂၆
မႏၲေလးတိုင္း မိတၳီလာၿမိဳ႕နယ္ ရက္ကန္း ႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္းတြင္ အခမဲ့ ရက္ကန္းအတတ္ပညာတက္ေရာက္သူမ်ားအား ကိုယ္ပိုင္လုပ္ငန္းလုပ္ ကိုင္ႏိုင္သည္အထိ ကူညီေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။
သမဝါယမ ႏွင့္ ေက်းလက္ဖြံၿဖိဳးေရးဝန္ႀကီးဌာန၊ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာန၊ ရက္ကန္း ႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း(မိတၳီလာ)မွ ႐ိုးရာရက္ ကန္းပညာမ်ား ထိန္းသိမ္းေစာင့္ေရွာက္ရန္ ႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိေစေရးအတြက္ ရက္ကန္းအတက္ပညာမ်ား အခမဲ့ဖြင့္လွစ္သင္ၾကားေပးေနျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။
အေသးစားစက္မႈလက္မႈလုပ္ငန္းမ်ား တိုးပြားလာေစရန္ႏွင့္ တစ္ဦးခ်င္း ဝင္ေငြတိုး ပြားလာၿပီး မိသားစုဝင္ေငြကို အေထာက္အကူျဖစ္ရန္ ႏွင့္ ဆင္းရဲမႈေလ်ာ့ခ်ေရးတို႔အတြက္ ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း(မိတၳီလာ)မွ အသက္ ေမြးဝမ္းေက်ာင္းအေထာက္အကူျပဳ ပညာရပ္မ်ားကို ႏွစ္စဥ္ အခမဲ့ ဖြင့္လွစ္သင္ ၾကားေပးေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“သင္တန္း တက္ေရာက္ေနတဲ့ကာလမွာ ရက္ကန္းနဲ႔အသက္ေမြးပညာ သင္တန္းေက်ာင္းမွာရွိတဲ့ အေဆာင္ေတြမွာ အခမဲ့ေနထိုင္ခြင့္အျပင္ ပညာသင္ေထာက္ပံ့ ေၾကး တစ္လကို ေငြက်ပ္ ၃ဝဝဝဝ ေထာက္ပံ့ေပးတယ္။ သင္တန္းၿပီးသြားတဲ့အခ်ိန္မွာလည္း ႏိုင္ငံေတာ္ပိုင္/ ပုဂၢလိကပိုင္ ခ်ည္မွ်င္နဲ႔အထည္အလိပ္စက္႐ုံေတြမွာ ဝင္ၿပီးအလုပ္လုပ္ႏိုင္ဖို႔နဲ႔ ကိုယ္ပိုင္လုပ္ငန္းေတြ လုပ္ႏိုင္တဲ့အထိ ကူညီပံ့ပိုးေပးသြားမွာျဖစ္ပါတယ္”ဟု ရက္ကန္းႏွင့္အသက္ေမြးပညာသင္တန္းေက်ာင္း(မိတၳီလာ)မွ ေက်ာင္းအုပ္ႀကီး ေဒၚခင္စန္းတင္က ေျပာသည္။
ထို႔ျပင္ မိတၳီလာသင္တန္းေက်ာင္းတြင္ ခ်ည္မွ်င္ႏွင့္ အထည္အလိပ္ ကြၽမ္းက်င္သူ တစ္ႏွစ္သင္တန္းႏွင့္ လက္ရက္ကန္း ေျခာက္လသင္တန္းတိုအျပင္ ကာလတိုသင္တန္းမ်ားျဖစ္သည့္ စက္ေမာင္းစက္ျပင္ သင္တန္း၊ အေျခခံစက္ခ်ဳပ္သင္တန္း၊ အေျခခံေမာ္ေတာ္ဆိုင္ကယ္ ျပဳျပင္ထိန္းသိမ္းနည္းသင္တန္း၊ အေျခခံ သံဂေဟဆက္နည္းပညာသင္တန္း၊ သစ္သီးဝလံ အေျခခံစားေသာက္ကုန္သင္တန္းႏွင့္ လူသုံးကုန္ထုတ္လုပ္မႈ နည္းပညာသင္တန္းတို႔ကို ဖြင့္လွစ္သင္ၾကားေပးလ်က္ ရွိေၾကာင္းသိရသည္။
ခ်ည္မွ်င္ႏွင့္ အထည္အလိပ္ကြၽမ္းက်င္သူ တစ္ႏွစ္သင္တန္းႏွင့္ လက္ရက္ကန္း ေျခာက္လသင္တန္းမ်ားတြင္ သင္တန္းတက္ေရာက္သူမ်ားအေနျဖင့္ အသက္ ၁၆ ႏွစ္မွ ၂၅ ႏွစ္အတြင္း အိမ္ေထာင္ မရွိသူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ခ်ည္မွ်င္ႏွင့္ အထည္အလိပ္ကြၽမ္းက်င္သူ တစ္ႏွစ္ သင္တန္းတက္ေရာက္လိုသူမ်ားသည္ အလယ္တန္းေအာင္ရမည္ျဖစ္ၿပီး လက္ရက္ကန္း ေျခာက္လ သင္တန္းတက္ ေရာက္သူမ်ားအေနျဖင့္ မူလတန္း ေအာင္ျမင္ရမည္ျဖစ္ေၾကာင္းသိရသည္။