မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၃၃ ရာခိုင်နှုန်း ပြန်မြင့်တက်လာခဲ့ကြောင်း UNODC ဆို

 511

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂ဝ၂၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများဟာ ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေဟာ ၆ နှစ် ဆက်တိုက်ကျဆင်းခဲ့ပေမယ့် ၂ဝ၂၂ ခုနှစ်မှာ ပြန်လည် မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်နဲ့ ရာဝတ်မှုရုံး (UNODC) က သတင်းထုတ်ပြန်ထားပါတယ်။ UNODC ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂျရေမီဒေါက်ကလပ်က "၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေ၊ ပျက်စီးမှုတွေ ဖြစ်လာခဲ့တယ်။ နယ်စပ်ဒေသတွေရှိ လယ်သမားတွေဟာ ရွေးချယ် စရာမရှိတော့ဘဲ ဘိန်းစိုက်ပျိုးတွေ ပြန်လည်လုပ်ကိုင်ခဲ့တယ်" လို့ ပြောပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းခဲ့ပြီး ကျပ်ငွေ တန်ဖိုးကျဆင်းမှုနဲ့အတူ အစားစာနဲ့ စွမ်းအင်ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

၎င်းက "စီးပွားရေး တည်ငြိမ်ကောင်းမွန်မှုမရှိခြင်းဟာ စိုက်ပျိုးထုတ်လုပ်မှုတွေကို မြင့်တက်မှုတွေ ဆက်လက် ဖြစ်လာစေခဲ့တယ်" လို့ UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာဖြစ်သူ Benedikt Hofmann က ပြောပါတယ်။ ၂ဝ၂၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာဟာ ၄၁ဝဝဝ ဟတ်တာအထိ မြင့်လာခဲ့ကြောင်း၊ ၂ဝဝ၂ ခုနှစ်နောက်ပိုင်း ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးပြန်ဖြစ်လာခဲ့ကြောင်း UNODC က ပြောပါတယ်။

တရုတ်နိုင်ငံ နဲ့ နယ်စပ်ချင်းထိစပ်နေသော ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့လည်း UNODC က ဆိုပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံမွာ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ၃၃ ရာခိုင္ႏႈန္း ျပန္ျမင့္တက္လာခဲ့ေၾကာင္း UNODC ဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၆

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ၂ဝ၂၂ ခုႏွစ္အတြင္း ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈမ်ားဟာ ၃၃ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း ကုလသမဂၢအဖြဲ႕က ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈေတြဟာ ၆ ႏွစ္ ဆက္တိုက္က်ဆင္းခဲ့ေပမယ့္ ၂ဝ၂၂ ခုႏွစ္မွာ ျပန္လည္ ျမင့္တက္လာခဲ့တယ္လို႔ ကုလသမဂၢ မူးယစ္နဲ႔ ရာဝတ္မႈ႐ုံး (UNODC) က သတင္းထုတ္ျပန္ထားပါတယ္။ UNODC ရဲ႕ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဂ်ေရမီေဒါက္ကလပ္က "၂ဝ၂၁ ခုႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ စီးပြားေရး၊ လုံၿခဳံေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းေတြ၊ ပ်က္စီးမႈေတြ ျဖစ္လာခဲ့တယ္။ နယ္စပ္ေဒသေတြရွိ လယ္သမားေတြဟာ ေ႐ြးခ်ယ္ စရာမရွိေတာ့ဘဲ ဘိန္းစိုက္ပ်ိဳးေတြ ျပန္လည္လုပ္ကိုင္ခဲ့တယ္" လို႔ ေျပာပါတယ္။

အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕စီးပြားေရးက်ဆင္းခဲ့ၿပီး က်ပ္ေငြ တန္ဖိုးက်ဆင္းမႈနဲ႔အတူ အစားစာနဲ႔ စြမ္းအင္ေဈးႏႈန္းျမင့္တက္ခဲ့တယ္လို႔ သိရပါတယ္။

၎က "စီးပြားေရး တည္ၿငိမ္ေကာင္းမြန္မႈမရွိျခင္းဟာ စိုက္ပ်ိဳးထုတ္လုပ္မႈေတြကို ျမင့္တက္မႈေတြ ဆက္လက္ ျဖစ္လာေစခဲ့တယ္" လို႔ UNODC ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာမန္ေနဂ်ာျဖစ္သူ Benedikt Hofmann က ေျပာပါတယ္။ ၂ဝ၂၂ ခုႏွစ္အတြင္း ဘိန္းစိုက္ပ်ိဳးတဲ့ ဧရိယာဟာ ၄၁ဝဝဝ ဟတ္တာအထိ ျမင့္လာခဲ့ေၾကာင္း၊ ၂ဝဝ၂ ခုႏွစ္ေနာက္ပိုင္း ဘိန္းထုတ္လုပ္မႈ အျမင့္ဆုံးျပန္ျဖစ္လာခဲ့ေၾကာင္း UNODC က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ နဲ႔ နယ္စပ္ခ်င္းထိစပ္ေနေသာ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွာ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ၃၉ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့တယ္လို႔လည္း UNODC က ဆိုပါတယ္။

Related news

© 2021. All rights reserved.