မြစ်ကြီးနားမြို့ရှိ မြဝတီဘဏ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

744

စော (NP News) - ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြဝတီဘဏ်အား အကြမ်းဖက်သမား(၂)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၄ရက် ၊ ညနေ ၅နာရီဝန်းကျင်တွင် မြေမြင့်ရပ်ကွက်ရှိနယ်မြေ(၉)ပြည်ထောင်စုလမ်းမကြီးဘေးရှိ “မြဝတီ”ဘဏ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ မြေမြင့်ရပ်ကွက်မှ မြို့သစ်ကြီးရပ်ကွက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာသည့် အကြမ်းဖက်သမားနှစ်ဦးက ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြဝတီဘဏ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်းသိရသည်။
၎င်းတို့ ပစ်ပေါက်ခဲ့သော လက်ပစ်ဗုံးမှာ ဘဏ်အရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဘဏ်၌လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဘဏ်လုံခြုံရေးဝန်းထမ်းတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာရှိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ထို့ပြင် ဇန်နဝါရီလ(၂၅)ရက်၊ နံနက်(၄)နာရီခွဲ အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမားနှစ်ဦးက အဆိုပါ မြို့နယ်ပညာရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်လုပ်ဗုံးမှာ ရုံးရှေ့လမ်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တံခါးမကြီးနှင့် ဓာတ်တိုင်အောက်ခြေအနည်းငယ်ပျက်စီးသဖြင့် ဓာတ်တိုင်တွင်တပ်ဆင်ထားသည့် ဖုန်းကြိုးများလည်းပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အထက်ပါဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။

zawgyi version
ျမစ္ႀကီးနားၿမိဳ႕ရွိ ျမဝတီဘဏ္အား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခဲ့ရာ အမ်ိဳးသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့
ေစာ (NP News) - ဇန္နဝါရီ ၂၆
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ျမဝတီဘဏ္အား အၾကမ္းဖက္သမား(၂)ဦးက လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၄ရက္ ၊ ညေန ၅နာရီဝန္းက်င္တြင္ ေျမျမင့္ရပ္ကြက္ရွိနယ္ေျမ(၉)ျပည္ေထာင္စုလမ္းမႀကီးေဘးရွိ “ျမဝတီ”ဘဏ္အား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ေျမျမင့္ရပ္ကြက္မွ ၿမိဳ႕သစ္ႀကီးရပ္ကြက္သို႔ ဆိုင္ကယ္ျဖင့္ေမာင္းႏွင္လာသည့္ အၾကမ္းဖက္သမားႏွစ္ဦးက ျပည္ေထာင္စုလမ္းမႀကီးေဘးရွိ ျမဝတီဘဏ္အား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္းသိရသည္။
၎တို႔ ပစ္ေပါက္ခဲ့ေသာ လက္ပစ္ဗုံးမွာ ဘဏ္အေရွ႕သို႔ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ဘဏ္၌လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္တစ္ဦးႏွင့္ ဘဏ္လုံၿခဳံေရးဝန္းထမ္းတစ္ဦးတို႔တြင္ ဗုံးစထိမွန္ဒဏ္ရာရွိခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။
ထို႔ျပင္ ဇန္နဝါရီလ(၂၅)ရက္၊ နံနက္(၄)နာရီခြဲ အခ်ိန္တြင္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ ၊ ရန္မ်ိဳးေအာင္ရပ္ကြက္ရွိ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးေရွ႕တြင္ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွသတင္းရရွိသည္။
ျဖစ္စဥ္မွာ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အၾကမ္းဖက္သမားႏွစ္ဦးက အဆိုပါ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးအား လက္လုပ္ဗုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္း သိရသည္။
အဆိုပါလက္လုပ္ဗုံးမွာ ႐ုံးေရွ႕လမ္းေဘးသို႔ က်ေရာက္ေပါက္ကြဲခဲ့ၿပီး တံခါးမႀကီးႏွင့္ ဓာတ္တိုင္ေအာက္ေျခအနည္းငယ္ပ်က္စီးသျဖင့္ ဓာတ္တိုင္တြင္တပ္ဆင္ထားသည့္ ဖုန္းႀကိဳးမ်ားလည္းပ်က္စီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။
အထက္ပါျဖစ္စဥ္မ်ားတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထား သည္။