ယာဥ်မောင်းလိုင်စင်အနက် သက်တမ်း(၃)နှစ်ပြည့်ပြီးသူတိုင်း လိုင်စင်အနီဖြေဆိုနိုင်ရန် သင်တန်းဖွင့်လှစ်သင်ကြားပေးမည်
![](/img/icon_eye.svg)
3281
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/63d66323ee350d0ccf7a3ebc/banner-63d66323ee350d0ccf7a3ebc-x800.jpg)
ယွန်း (NP News) - ဇန်နဝါရီ ၁၉
ယာဥ်မောင်းလိုင်စင်အနက် သက်တမ်း(၃)နှစ်ပြည့်ပြီးသူတိုင်း လိုင်စင်အနီဖြေရန်အတွက် သင်တန်းအမှတ်(၆၂)အား ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(MHFTSA) မှ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၈)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းနှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း၍ အဆိုပါသင်တန်းအား (၁)လလျှင် အနည်းဆုံး(၁)ကြိမ် နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသင်တန်းတွင် ယာဥ်မောင်းလိုင်စင်အနက် သက်တမ်း(၃)နှစ်ပြည့်ပြီးသူများအနေဖြင့် လိုင်စင်အနီကို စာတွေ့၊ လက်တွေ့ ဖြေဆိုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါသင်တန်းအား လာမည့် ဖေဖော်ဝါရီလ(၈) ရက်မှစ၍ ဖေဖော်ဝါရီလ(၁၄) ရက်အထိ (၁)ပတ်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်မည့်သူများသည် လိုင်စင်အနက်သက်တမ်း(၃)နှစ် ပြည့်ရန်လိုပြီး ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးသူ ဖြစ်ရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
zawgyi version
ယာဥ္ေမာင္းလိုင္စင္အနက္ သက္တမ္း(၃)ႏွစ္ျပည့္ၿပီးသူတိုင္း လိုင္စင္အနီေျဖဆိုႏိုင္ရန္ သင္တန္းဖြင့္လွစ္သင္ၾကားေပးမည္
ယြန္း (NP News) - ဇန္နဝါရီ ၁၉
ယာဥ္ေမာင္းလိုင္စင္အနက္ သက္တမ္း(၃)ႏွစ္ျပည့္ၿပီးသူတိုင္း လိုင္စင္အနီေျဖရန္အတြက္ သင္တန္းအမွတ္(၆၂)အား ဖြင့္လွစ္သင္ၾကားေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန(MHFTSA) မွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၈)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္မ်ားအသင္းႏွင့္ ကုန္လမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနတို႔ ပူးေပါင္း၍ အဆိုပါသင္တန္းအား (၁)လလွ်င္ အနည္းဆုံး(၁)ႀကိမ္ ေနျပည္ေတာ္တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎သင္တန္းတြင္ ယာဥ္ေမာင္းလိုင္စင္အနက္ သက္တမ္း(၃)ႏွစ္ျပည့္ၿပီးသူမ်ားအေနျဖင့္ လိုင္စင္အနီကို စာေတြ႕၊ လက္ေတြ႕ ေျဖဆိုႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါသင္တန္းအား လာမည့္ ေဖေဖာ္ဝါရီလ(၈) ရက္မွစ၍ ေဖေဖာ္ဝါရီလ(၁၄) ရက္အထိ (၁)ပတ္ၾကာ သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။
သင္တန္းတက္ေရာက္မည့္သူမ်ားသည္ လိုင္စင္အနက္သက္တမ္း(၃)ႏွစ္ ျပည့္ရန္လိုၿပီး ကိုဗစ္ကာကြယ္ေဆး(၂)ႀကိမ္ ထိုးၿပီးသူ ျဖစ္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။