လျှပ်စစ်ကားများအတွက် Charging Station များကို ရန်ကုန်၊ မန္တလေးရှိ နေရာ(၁၃)ခုနှင့် စက်သုံးဆီဆိုင်(၃၈)ဆိုင်၌ (၁)နှစ်အတွင်း အပြီးတည်ဆောက်မည်

 911

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၆

လျှပ်စစ်ကားများအတွက် Charging Station များကို ရန်ကုန်၊ မန္တလေးရှိ နေရာ (၁၃)ခုနှင့် စက်သုံးဆီဆိုင်(၃၈)ဆိုင်၌ (၁)နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သတင်းရရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့၊ နေပြည်တော်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့တွင် Charging Station (၁၃) ခုတည်ဆောက်ရန်အတွက် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော ကော်မတီက ပထမဦးဆုံးခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

“DC Port Charger ဆိုရင် လက်ရှိမှာ (၁၃)နေရာအထိကို ပထမဦးဆုံးခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒီ(၁၃)နေရာတွေမှာ DC Port Charger စုစုပေါင်း ၁ဝဝ ကျော်တည် ဆောက်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မှာရှိမယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမှာရှိမယ်။ မန္တလေးမှာ ရှိမယ်။ နေပြည်တော်မှာရှိမယ်” ဟု စက်မှုဝန်ကြီးဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မြတ်မွန်သိန်းက ပြောဆိုထားသည်။

ထို့ပြင် လျှပ်စစ်ကား(EV)များအတွက် Charging Station များကိုလည်း စက်သုံးဆီအရောင်းဆိုင်(Fuel Stations)၌ ပူးတွဲဆောင်ရွက်ခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“အဲဒါအပြင်ကို Fuel Station တွေမှာ Charging တပ်ဆင်ဖို့ သတ်မှတ်နေရာ၊ အကျယ်အဝန်းတွေရှိမယ်ဆိုရင် charging တွေ ပူးတွဲဆောင်ရွက်ခွင့်ဆိုပြီး ညှိနှိုင်းနေတာရှိပါတယ်။ ဒါ Fuel Station (၃၈)ဆိုင်မှာ charger (၅၂)ခုနဲ့ဆိုရင် စုစုပေါင်း (၁၅ဝ) ကျော်ကို တစ်နှစ် Pilot Project အတွင်းမှာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါတွေဟာ မကြာမီမှာ အကောင်အထည်ပေါ်လာတော့မယ့် အခြေအနေတွေလည်း ဖြစ်ပါတယ်”ဟု ဒေါ်မြတ်မွန်သိန်းက ဆိုသည်။

ပြည်ပနိုင်ငံများမှတစ်ဆင့် လျှပ်စစ်ကားများ တင်သွင်းရန် အဆိုပြုတင်ပြထားသည့် ကုမ္ပဏီမှာ စုစုပေါင်း(၄ဝ)နီးပါးအထိရှိနေပြီး ၎င်းတို့အထဲမှ ကုမ္ပဏီ(၆)ခုအား သွင်းကုန်လိုင်စင်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးထားကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်များအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့်မြို့ကြီးများတွင်လည်း ဆက်လက်တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုထား သည်။

zawgyi version
လွ်ပ္စစ္ကားမ်ားအတြက္ Charging Station မ်ားကို ရန္ကုန္၊ မႏၲေလးရွိ ေနရာ(၁၃)ခုႏွင့္ စက္သုံးဆီဆိုင္(၃၈)ဆိုင္၌ (၁)ႏွစ္အတြင္း အၿပီးတည္ေဆာက္မည္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၆

လွ်ပ္စစ္ကားမ်ားအတြက္ Charging Station မ်ားကို ရန္ကုန္၊ မႏၲေလးရွိ ေနရာ (၁၃)ခုႏွင့္ စက္သုံးဆီဆိုင္(၃၈)ဆိုင္၌ (၁)ႏွစ္အတြင္း အၿပီးတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာနထံမွ သတင္းရရွိသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၊ ေနျပည္ေတာ္ႏွင့္ ရန္ကုန္-မႏၲေလးအျမန္လမ္းတို႔တြင္ Charging Station (၁၃) ခုတည္ေဆာက္ရန္အတြက္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး ဦးေဆာင္ေသာ ေကာ္မတီက ပထမဦးဆုံးခြင့္ျပဳထားၿပီးျဖစ္ေၾကာင္း သိရသည္။

“DC Port Charger ဆိုရင္ လက္ရွိမွာ (၁၃)ေနရာအထိကို ပထမဦးဆုံးခြင့္ျပဳထားၿပီးျဖစ္ပါတယ္။ ဒီ(၁၃)ေနရာေတြမွာ DC Port Charger စုစုေပါင္း ၁ဝဝ ေက်ာ္တည္ ေဆာက္ေပးသြားမွာျဖစ္ပါတယ္။ ရန္ကုန္မွာရွိမယ္။ ရန္ကုန္-မႏၲေလး အျမန္လမ္းမွာရွိမယ္။ မႏၲေလးမွာ ရွိမယ္။ ေနျပည္ေတာ္မွာရွိမယ္” ဟု စက္မႈဝန္ႀကီးဌာနမွ ဒုတိယအေထြေထြမန္ေနဂ်ာ ေဒၚျမတ္မြန္သိန္းက ေျပာဆိုထားသည္။

ထို႔ျပင္ လွ်ပ္စစ္ကား(EV)မ်ားအတြက္ Charging Station မ်ားကိုလည္း စက္သုံးဆီအေရာင္းဆိုင္(Fuel Stations)၌ ပူးတြဲေဆာင္႐ြက္ခြင့္ရရွိေရး ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ား ရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

“အဲဒါအျပင္ကို Fuel Station ေတြမွာ Charging တပ္ဆင္ဖို႔ သတ္မွတ္ေနရာ၊ အက်ယ္အဝန္းေတြရွိမယ္ဆိုရင္ charging ေတြ ပူးတြဲေဆာင္႐ြက္ခြင့္ဆိုၿပီး ညႇိႏႈိင္းေနတာရွိပါတယ္။ ဒါ Fuel Station (၃၈)ဆိုင္မွာ charger (၅၂)ခုနဲ႔ဆိုရင္ စုစုေပါင္း (၁၅ဝ) ေက်ာ္ကို တစ္ႏွစ္ Pilot Project အတြင္းမွာ ေဆာင္႐ြက္ေပးမွာျဖစ္ပါတယ္။ ဒါေတြဟာ မၾကာမီမွာ အေကာင္အထည္ေပၚလာေတာ့မယ့္ အေျခအေနေတြလည္း ျဖစ္ပါတယ္”ဟု ေဒၚျမတ္မြန္သိန္းက ဆိုသည္။

ျပည္ပႏိုင္ငံမ်ားမွတစ္ဆင့္ လွ်ပ္စစ္ကားမ်ား တင္သြင္းရန္ အဆိုျပဳတင္ျပထားသည့္ ကုမၸဏီမွာ စုစုေပါင္း(၄ဝ)နီးပါးအထိရွိေနၿပီး ၎တို႔အထဲမွ ကုမၸဏီ(၆)ခုအား သြင္းကုန္လိုင္စင္ခြင့္ျပဳေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္ဓာတ္အားသုံးေမာ္ေတာ္ယာဥ္မ်ား တင္သြင္းႏိုင္ေရးအတြက္ အခြန္ႏႈန္းထားမ်ားကို ေလွ်ာ့ေပါ့ေပးထားေၾကာင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေဖေဖာ္ဝါရီလ ၅ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံစဥ္ အသိေပးေျပာဆိုခဲ့သည္။

ထို႔ျပင္ လွ်ပ္စစ္ဓာတ္အားသုံးေမာ္ေတာ္ယာဥ္မ်ားအတြက္ Power Station မ်ားကို စတင္တည္ေဆာက္လ်က္ရွိၿပီး လူအသုံးမ်ားသည့္ လမ္းမ်ားႏွင့္ၿမိဳ႕ႀကီးမ်ားတြင္လည္း ဆက္လက္တိုးခ်ဲ႕တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ၎က ေျပာဆိုထား သည္။

© 2021. All rights reserved.