ပါကစ္စတန်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဘာသာရေးစော်ကားမှုနဲ့ အချုပ်ကျနေတဲ့ အမျိုးသားကို အကျဉ်းထောင်ထဲမှထုတ်ကာ ရိုက်နှက်မှုဖြစ်ပွား

 499

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၂

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ရဲစခန်းတစ်ခုမှာ ရာနဲ့ချီသော ဒေါသထွက်နေတဲ့ မွတ်ဆလင်များက ရဲစခန်းသို့ဝင်ရောက်ကာ ဘာသာရေးစော်ကားမှုနဲ့ အချုပ်ကျနေနေ အမျိုးသားတစ်ဦးကို အပြင်ခေါ်ထုတ်ကာ ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အကြီးတန်းရဲအရာရှိ ဘာဘာဆာဖာရက်ဇ် အယ်လ်ပါက ဝါရစ်လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ အစ္စလာမ်ဘာသာရဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ စာမျက်နှာတွေကို ရှုတ်ချတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လို့ စနေနေ့(ဖေဖော်ဝါရီလ ၁၁ ရက်)က ပြောပါတယ်။

ဝါရီဟာ ကုရ်အာန် စာအုပ်ရဲ့ စာမျက်နှာများစွာမှာ သူ့နဲ့ သူ့ဇနီး ပုံများကို ကူးထည့်ကာ နန်ကာနာ ကျေးလက်ဒေသမှာ ပစ်ချခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ ယင်းအတွက် ရာနဲ့ချီတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ဟာ ဝါဘာတွန် ရဲစခန်းကို လာရောက်ခဲ့ပြီး အချို့က ရဲစခန်း နံရံကိုတက်ရန် သစ်သားလှေခါးကို အသုံးပြုခဲ့ကြခြင်းကြောင့် ဒေါသထွက်နေသော လူအုပ်အတွက် ပင်မတံခါးကို ဖွင့်ပေးခဲ့ကြောင်း၊ ယင်းနောက် အုပ်စုတစ်စုလုံး ရဲစခန်းထဲဝင်ကာ ဝါရစ်ကို သူ့အချုပ်ခန်းကနေ ခေါ်ထုတ်ခဲ့ကြကြောင်း အယ်လ်ပါက ပြောပါတယ်။

“လူအုပ်ကြီးက ဝါရ်းကို မီးရှို့တော့မယ့် စဲစဲမှာ ရဲတွေ အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိလာခဲ့ပြီး တားဆီးနိုင်ခဲ့တယ်”လို့ ၎င်းက ဆိုပါတယ်။

ပါကစ္စတန်မှာ ဘာသာရေး စော်ကားမှုစွဲချက်တွေဟာ ဥပဒေအရ သေဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ ပါကစ္စတန်အစိုးရဟာ နိုင်ငံရဲ့ဘာသာရေး စော်ကားမှု ဥပဒေများကို ပြောင်းလဲရန် နိုင်ငံတကာမှ ကာလကြာရှည်စွာ ဖိအားပေးခံနေရသော်လည်း နိုင်ငံတွင်းရှိ အခြားနိုင်ငံရေး အင်အားစုများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ခြင်းကြောင့် ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး။

ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်က အဆိုပါဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး သံသယရှိသူကို ထိန်းသိမ်းထားစဉ် အကာအကွယ်မပေးနိုင်ခဲ့တဲ့ အရာရှိများကို အရေးယူပေးရန် ပန်ဂျပ်ရဲချုပ်ကို တောင်းဆိုခဲ့ပါတယ်။ ဝါရစ်ဟာ ဘာသာရေး စော်ကားမှုနဲ့ ၂ဝ၁၉ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး ၂ဝ၂၂ နှစ် နှစ်လယ်အထိ ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်လာပြီးနောက် စနေနေ့မနက်က ကုရ်အာန်ကျမ်းကို ထပ်မံရှုံ့ချခဲ့ရာ မြင်တဲ့လူက သူ့ကိုဖမ်းဆွဲကာ ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အချုပ်ထဲမှာ ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
ပါကစၥတန္မွာ ေဒါသထြက္ေနတဲ့ လူအုပ္ႀကီးက ဘာသာေရးေစာ္ကားမႈနဲ႔ အခ်ဳပ္က်ေနတဲ့ အမ်ိဳးသားကို အက်ဥ္းေထာင္ထဲမွထုတ္ကာ ႐ိုက္ႏွက္မႈျဖစ္ပြား
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၂

ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္း ပန္ဂ်ပ္ျပည္နယ္ရွိ ရဲစခန္းတစ္ခုမွာ ရာနဲ႔ခ်ီေသာ ေဒါသထြက္ေနတဲ့ မြတ္ဆလင္မ်ားက ရဲစခန္းသို႔ဝင္ေရာက္ကာ ဘာသာေရးေစာ္ကားမႈနဲ႔ အခ်ဳပ္က်ေနေန အမ်ိဳးသားတစ္ဦးကို အျပင္ေခၚထုတ္ကာ ႐ိုက္ႏွက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

အႀကီးတန္းရဲအရာရွိ ဘာဘာဆာဖာရက္ဇ္ အယ္လ္ပါက ဝါရစ္လို႔ အမည္ရတဲ့ အမ်ိဳးသားတစ္ဦးဟာ အစၥလာမ္ဘာသာရဲ႕ က်မ္းျမတ္ကုရ္အာန္ရဲ႕ စာမ်က္ႏွာေတြကို ရႈတ္ခ်တဲ့အတြက္ ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရတယ္လို႔ စေနေန႔(ေဖေဖာ္ဝါရီလ ၁၁ ရက္)က ေျပာပါတယ္။

ဝါရီဟာ ကုရ္အာန္ စာအုပ္ရဲ႕ စာမ်က္ႏွာမ်ားစြာမွာ သူ႔နဲ႔ သူ႔ဇနီး ပုံမ်ားကို ကူးထည့္ကာ နန္ကာနာ ေက်းလက္ေဒသမွာ ပစ္ခ်ခဲ့တာ ျဖစ္တယ္လို႔ ၎က ဆိုပါတယ္။ ယင္းအတြက္ ရာနဲ႔ခ်ီတဲ့ ေဒါသထြက္ေနတဲ့ လူအုပ္ဟာ ဝါဘာတြန္ ရဲစခန္းကို လာေရာက္ခဲ့ၿပီး အခ်ိဳ႕က ရဲစခန္း နံရံကိုတက္ရန္ သစ္သားေလွခါးကို အသုံးျပဳခဲ့ၾကျခင္းေၾကာင့္ ေဒါသထြက္ေနေသာ လူအုပ္အတြက္ ပင္မတံခါးကို ဖြင့္ေပးခဲ့ေၾကာင္း၊ ယင္းေနာက္ အုပ္စုတစ္စုလုံး ရဲစခန္းထဲဝင္ကာ ဝါရစ္ကို သူ႔အခ်ဳပ္ခန္းကေန ေခၚထုတ္ခဲ့ၾကေၾကာင္း အယ္လ္ပါက ေျပာပါတယ္။

“လူအုပ္ႀကီးက ဝါရ္းကို မီးရႈိ႕ေတာ့မယ့္ စဲစဲမွာ ရဲေတြ အခင္းျဖစ္ပြားရာ ေနရာကို ေရာက္ရွိလာခဲ့ၿပီး တားဆီးႏိုင္ခဲ့တယ္”လို႔ ၎က ဆိုပါတယ္။

ပါကစၥတန္မွာ ဘာသာေရး ေစာ္ကားမႈစြဲခ်က္ေတြဟာ ဥပေဒအရ ေသဒဏ္က်ခံရမွာ ျဖစ္ပါတယ္။ ပါကစၥတန္အစိုးရဟာ ႏိုင္ငံရဲ႕ဘာသာေရး ေစာ္ကားမႈ ဥပေဒမ်ားကို ေျပာင္းလဲရန္ ႏိုင္ငံတကာမွ ကာလၾကာရွည္စြာ ဖိအားေပးခံေနရေသာ္လည္း ႏိုင္ငံတြင္းရွိ အျခားႏိုင္ငံေရး အင္အားစုမ်ားက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့ျခင္းေၾကာင့္ ေျပာင္းလဲႏိုင္ျခင္း မရွိေသးပါဘူး။

ဝန္ႀကီးခ်ဳပ္ ရွာဘက္ရွရစ္ဖ္က အဆိုပါျဖစ္ရပ္ကို ရႈတ္ခ်ခဲ့ၿပီး သံသယရွိသူကို ထိန္းသိမ္းထားစဥ္ အကာအကြယ္မေပးႏိုင္ခဲ့တဲ့ အရာရွိမ်ားကို အေရးယူေပးရန္ ပန္ဂ်ပ္ရဲခ်ဳပ္ကို ေတာင္းဆိုခဲ့ပါတယ္။ ဝါရစ္ဟာ ဘာသာေရး ေစာ္ကားမႈနဲ႔ ၂ဝ၁၉ ခုႏွစ္မွာ ဖမ္းဆီးခံခဲ့ရၿပီး ၂ဝ၂၂ ႏွစ္ ႏွစ္လယ္အထိ ေထာင္က်ခဲ့ပါတယ္။ ေထာင္ကလြတ္လာၿပီးေနာက္ စေနေန႔မနက္က ကုရ္အာန္က်မ္းကို ထပ္မံရႈံ႕ခ်ခဲ့ရာ ျမင္တဲ့လူက သူ႔ကိုဖမ္းဆြဲကာ ႐ိုက္ႏွက္ခဲ့ၿပီး ရဲတပ္ဖြဲ႕က ဖမ္းဆီးကာ အခ်ဳပ္ထဲမွာ ထိန္းသိမ္းထားတာ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.