FBI ကို အမေရိကန်အစိုးရက လက်နက်သဖွယ်အသုံးချနေခြင်းကြောင့် FBI အပေါ် ပြည်သူများ ယုံကြည်မှုကျဆင်းနေကြောင်း အေဂျင့်ဟောင်းဖြစ်သူ ထုတ်ဖော်ပြောဆို

 664

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၃

အမေရိကန် နိုင်ငံသားအများစုဟာ တရားဥပဒေ စိုးမိုးရေးအေဂျင်စီများအပေါ် ယုံကြည်မှုမရှိကြကြောင်း၊ အမေရိကန်အစိုးရက တရားဥပဒေစိုးမိုးရေးအေဂျင်စီများနဲ့ FBI တို့ကို နိုင်ငံရေးလက်နက်သဖွယ်အသုံးချနေခြင်းကြောင့် ပြည်သူများယုံကြည်မှုကျဆင်းလာခြင်းဖြစ်ကြောင်း FBI အေးဂျင့်ဟောင်းတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်လွှတ်တော် စုံစမ်းရေးကော်မတီဟာ အစိုးရက တရားဥပဒေစိုးမိုးရေးအေဂျင်စီများကို လက်နက်သဖွယ်အသုံးချနေတယ်ဆိုတဲ့ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှုမလုပ်ခင် FBI အေးဂျင့်ဟောင်း နီကိုလီပါကာက အခုလိုမျိုးထုတ်ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

FBI အေးဂျင့်အဖြစ် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးတဲ့ ပါကာက" FBI ဟာ အမေရိကန်အစိုးရအဖွဲ့စည်းတွေထဲမှာ အစိုးရဲ့လက်နက်သဖွယ်အသုံးချခံနေရတဲ့ ထိပ်တန်းအဖွဲ့စည်းဖြစ်နေတယ်။ FBI ဟာ အောက်ခြေရုံးတွေအပေါ်မှာလည်း လှည့်စားမှုတွေရှိခဲ့တယ်။ အမေရိကန်နိုင်ငံသားအများစုဟာ FBI အဖွဲ့ နဲ့ FBI ဝန်ထမ်းများအပေါ် ယုံကြည်မှု ကျဆင်းလာနေတယ်" လို့ပြောပါတယ်။

၎င်းက FBI အေးဂျင့်များကို အမြင့်ဆုံးအဆင့်အတန်းမျိုးနဲ့ရပ်တည်လှုပ်ရှားခွင့်ရဖို့ မျှော်လင့်ကြောင်းတိုက်တွန်းတောင်းဆိုထားပါတယ်။ ၎င်းက"ကျွန်မတို့ရဲ့အဓိကအလုပ်က အမေရိကန်ပြည်သူတွေကို ခြိမ်းခြောက်မှုအမျိုးမျိုးကနေ ကာကွယ်ပေးဖို့ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားတဲ့အခွင့်အရေးတွေကိုအသုံးပြုပြီး ပြည်သူတွေအပေါ် ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ဖြစ်တယ်" လို့ပြောပါတယ်။

အမေရိကန် ရီပတ်ဘလီကန်ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျင်ဂျော်ဒန်ကလည်း အမေရိကန် တရားရေးဌာနနဲ့ FBI တို့ဟာ နိုင်ငံရေးရည် ရွယ်ချက်နဲ့ အသုံးချခံရခြင်းများရှိနေကြောင်း၊ FBI အတွင်းမှာ နိုင်ငံရေးဗိုင်းရပ်စ်ကူးစက်ခံထားရသူဒါဇင်ချီနဲ့ရှိနေပြီး ကွန်ဆာဗေးစ်အယူဆရှိသူများကိုပစ်မှတ်ထားနေခြင်းများရှိကြောင်းဆိုပါတယ်။

အမေရိကန်အောက်လွှတ်တော်ဟာ အစိုးရအဖွဲ့က ဝန်ကြီးဌာန ၊ အေဂျင်စီများကို နိုင်ငံရေးရည်ရွယ်ချက်အရ လက်နက်သဖွယ်အသုံးချနေခြင်းများရှိ၊ မရှိဆိုတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ဇန်နဝါရီလက ကော်မတီတစ်ခုဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ နိုင်ငံသားများရဲ့သတင်းအချက်လက်များကိုလေ့လာသုံးသပ်ခြင်း၊ စုဆောင်းခြင်းစတဲ့ကိစ္စရပ်များလုပ်ဆောင်နေခြင်းကိုလည်း လွှတ်တော်ကော်မတီက စုံစမ်းသွားဖွယ်ရှိနေကြောင်းသိရပါတယ်။

zawgyi version
FBI ကို အေမရိကန္အစိုးရက လက္နက္သဖြယ္အသုံးခ်ေနျခင္းေၾကာင့္ FBI အေပၚ ျပည္သူမ်ား ယုံၾကည္မႈက်ဆင္းေနေၾကာင္း ေအဂ်င့္ေဟာင္းျဖစ္သူ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၃

အေမရိကန္ ႏိုင္ငံသားအမ်ားစုဟာ တရားဥပေဒ စိုးမိုးေရးေအဂ်င္စီမ်ားအေပၚ ယုံၾကည္မႈမရွိၾကေၾကာင္း၊ အေမရိကန္အစိုးရက တရားဥပေဒစိုးမိုးေရးေအဂ်င္စီမ်ားနဲ႔ FBI တို႔ကို ႏိုင္ငံေရးလက္နက္သဖြယ္အသုံးခ်ေနျခင္းေၾကာင့္ ျပည္သူမ်ားယုံၾကည္မႈက်ဆင္းလာျခင္းျဖစ္ေၾကာင္း FBI ေအးဂ်င့္ေဟာင္းတစ္ဦးကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္လႊတ္ေတာ္ စုံစမ္းေရးေကာ္မတီဟာ အစိုးရက တရားဥပေဒစိုးမိုးေရးေအဂ်င္စီမ်ားကို လက္နက္သဖြယ္အသုံးခ်ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္မ်ားကို စုံစမ္းစစ္ေဆးမႈမလုပ္ခင္ FBI ေအးဂ်င့္ေဟာင္း နီကိုလီပါကာက အခုလိုမ်ိဳးထုတ္ေဖာ္ေျပာဆိုလိုက္တာလည္းျဖစ္ပါတယ္။

FBI ေအးဂ်င့္အျဖစ္ ၂ဝ၁၁ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးတဲ့ ပါကာက" FBI ဟာ အေမရိကန္အစိုးရအဖြဲ႕စည္းေတြထဲမွာ အစိုးရဲ႕လက္နက္သဖြယ္အသုံးခ်ခံေနရတဲ့ ထိပ္တန္းအဖြဲ႕စည္းျဖစ္ေနတယ္။ FBI ဟာ ေအာက္ေျခ႐ုံးေတြအေပၚမွာလည္း လွည့္စားမႈေတြရွိခဲ့တယ္။ အေမရိကန္ႏိုင္ငံသားအမ်ားစုဟာ FBI အဖြဲ႕ နဲ႔ FBI ဝန္ထမ္းမ်ားအေပၚ ယုံၾကည္မႈ က်ဆင္းလာေနတယ္" လို႔ေျပာပါတယ္။

၎က FBI ေအးဂ်င့္မ်ားကို အျမင့္ဆုံးအဆင့္အတန္းမ်ိဳးနဲ႔ရပ္တည္လႈပ္ရွားခြင့္ရဖို႔ ေမွ်ာ္လင့္ေၾကာင္းတိုက္တြန္းေတာင္းဆိုထားပါတယ္။ ၎က"ကြၽန္မတို႔ရဲ႕အဓိကအလုပ္က အေမရိကန္ျပည္သူေတြကို ၿခိမ္းေျခာက္မႈအမ်ိဳးမ်ိဳးကေန ကာကြယ္ေပးဖို႔ျဖစ္တယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ခြင့္ျပဳထားတဲ့အခြင့္အေရးေတြကိုအသုံးျပဳၿပီး ျပည္သူေတြအေပၚ ၿခိမ္းေျခာက္မႈေတြကေန ကာကြယ္ဖို႔ျဖစ္တယ္" လို႔ေျပာပါတယ္။

အေမရိကန္ ရီပတ္ဘလီကန္ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္သူ ဂ်င္ေဂ်ာ္ဒန္ကလည္း အေမရိကန္ တရားေရးဌာနနဲ႔ FBI တို႔ဟာ ႏိုင္ငံေရးရည္ ႐ြယ္ခ်က္နဲ႔ အသုံးခ်ခံရျခင္းမ်ားရွိေနေၾကာင္း၊ FBI အတြင္းမွာ ႏိုင္ငံေရးဗိုင္းရပ္စ္ကူးစက္ခံထားရသူဒါဇင္ခ်ီနဲ႔ရွိေနၿပီး ကြန္ဆာေဗးစ္အယူဆရွိသူမ်ားကိုပစ္မွတ္ထားေနျခင္းမ်ားရွိေၾကာင္းဆိုပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဟာ အစိုးရအဖြဲ႕က ဝန္ႀကီးဌာန ၊ ေအဂ်င္စီမ်ားကို ႏိုင္ငံေရးရည္႐ြယ္ခ်က္အရ လက္နက္သဖြယ္အသုံးခ်ေနျခင္းမ်ားရွိ၊ မရွိဆိုတဲ့ ကိစၥကို စုံစမ္းစစ္ေဆးဖို႔ ဇန္နဝါရီလက ေကာ္မတီတစ္ခုဖြဲ႕စည္းခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္အစိုးရဟာ ႏိုင္ငံသားမ်ားရဲ႕သတင္းအခ်က္လက္မ်ားကိုေလ့လာသုံးသပ္ျခင္း၊ စုေဆာင္းျခင္းစတဲ့ကိစၥရပ္မ်ားလုပ္ေဆာင္ေနျခင္းကိုလည္း လႊတ္ေတာ္ေကာ္မတီက စုံစမ္းသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.