ဖမ်းဆီးခံထားရသူများကို ပြန်မလွှတ်လျှင် ဟားမတ်စ်နှင့်ရရှိထားသည့် အပစ်ခတ်ရပ်စဲရေးအဆုံးသတ်မည်ဟု အစ္စရေးဝန်ကြီးချုပ် သတိပေး
![](/img/icon_eye.svg)
166
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67ac77f236fb3d46694e28fa/banner-67ac77f236fb3d46694e28fa-x800.JPG)
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၂
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့အနေဖြင့် ပြန်လွှတ်ပေးရန် ကျန်ရှိနေသော လူများကို ဖေဖော်ဝါရီ ၁၅ ရက်အထိ ပြန်မလွှတ်ပေးပါက အပစ်ခတ်ရပ်စဲရေးပျက်စီးသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အစ္စရေးနှင်ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့သည် အမေရိကန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့်ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူများကို အပြန်အလှန်ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။ပြီးခဲ့သောသီတင်းပတ်သုံးပတ်အတွင်း ဟားမတ်စ်အဖွဲ့က ဖမ်ဆီးထားသူ ၂၁ ဦးကို ပြန်လွှတ် ပေးခဲ့သလို အစ္စရေးအစိုးရကလည်း ဖမ်းဆီးထားသူ ပါလက်စတိုင်း လူမျိုးရာချီကို ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "ဟားမတ်စ်အဖွဲ့ရဲ့ကြေညာချက်က သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်။ ပြန်ပေးဆွဲခံရသူတွေကို ပြန်မလွှတ်ပေးဘူးဆိုရင် ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံတိုက်ခိုက်သွားမယ်"ဟု ပြောသည်။ နေတန်ရာဟုသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် လုံခြုံရေးအဖွဲ့စည်းများနှင့် လေးနာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဟားမတ်စ်အဖွဲ့ကို သတိပေးခဲ့ခြင်းဖြစ်သည်။ ဟားမတ်စ်အဖွဲ့က အစ္စရေးသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကိုကန့်သတ်ခဲ့သလို နေရပ်စွန့်ခွာသူများကို ပြန်ရန် တားဆီးခြင်းများရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
zawgyi version
ဖမ္းဆီးခံထားရသူမ်ားကို ျပန္မလႊတ္လွ်င္ ဟားမတ္စ္ႏွင့္ရရွိထားသည့္ အပစ္ခတ္ရပ္စဲေရးအဆုံးသတ္မည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ သတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၂
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕အေနျဖင့္ ျပန္လႊတ္ေပးရန္ က်န္ရွိေနေသာ လူမ်ားကို ေဖေဖာ္ဝါရီ ၁၅ ရက္အထိ ျပန္မလႊတ္ေပးပါက အပစ္ခတ္ရပ္စဲေရးပ်က္စီးသြားမည္ျဖစ္ေၾကာင္း သတိေပးခဲ့သည္။ အစၥေရးႏွင္ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တို႔သည္ အေမရိကန္ႏိုင္ငံ၏ ၾကားဝင္ေစ့စပ္ေပးမႈေၾကာင့္ယာယီအပစ္ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ၿပီး ဖမ္းဆီးထားသူမ်ားကို အျပန္အလွန္ျပန္လႊတ္ေပးရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။ၿပီးခဲ့ေသာသီတင္းပတ္သုံးပတ္အတြင္း ဟားမတ္စ္အဖြဲ႕က ဖမ္ဆီးထားသူ ၂၁ ဦးကို ျပန္လႊတ္ ေပးခဲ့သလို အစၥေရးအစိုးရကလည္း ဖမ္းဆီးထားသူ ပါလက္စတိုင္း လူမ်ိဳးရာခ်ီကို ျပန္လႊတ္ ေပးခဲ့ေၾကာင္း သိရသည္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက "ဟားမတ္စ္အဖြဲ႕ရဲ႕ေၾကညာခ်က္က သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တာျဖစ္တယ္။ ျပန္ေပးဆြဲခံရသူေတြကို ျပန္မလႊတ္ေပးဘူးဆိုရင္ ဂါဇာကမ္းေျမာင္ေဒသကို ဝန္းရံတိုက္ခိုက္သြားမယ္"ဟု ေျပာသည္။ ေနတန္ရာဟုသည္ ေဖေဖာ္ဝါရီ ၁၁ ရက္တြင္ လုံၿခဳံေရးအဖြဲ႕စည္းမ်ားႏွင့္ ေလးနာရီၾကာေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ဟားမတ္စ္အဖြဲ႕ကို သတိေပးခဲ့ျခင္းျဖစ္သည္။ ဟားမတ္စ္အဖြဲ႕က အစၥေရးသည္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားကိုကန႔္သတ္ခဲ့သလို ေနရပ္စြန႔္ခြာသူမ်ားကို ျပန္ရန္ တားဆီးျခင္းမ်ားရွိေနေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။