ထောင်ပေါင်းများစွာသော မြောက်ကိုရီးယားလုပ်သားများကို ရုရှား ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ စေလွှတ်ခဲ့ဟု ဆိုးလ်ထောက်လှမ်းရေးပြော

 220

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၁

၂၀၂၄ ခုနှစ်အတွင်း မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံကို အလုပ်သမားနဲ့ တပ်ဖွဲ့ဝင်အများအပြားစေလွှတ်ခဲ့ကြောင်း ဆိုးလ်အမျိုးသားထောက်လှမ်းရေးဌာန (NIS) က ပြောတယ်လို့ “စထရိတ်တိုင်းမ်း”က ဖေဖော်ဝါရီလ ၁ဝ ရက်မှာရေးပါတယ်။

မြောက်ကိုရီးယားက ပြီးခဲ့တဲ့နှစ်မှာ ရုရှားနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အလုပ်သ မား ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ကြောင်း၊ အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ခန့်မှန်းချက်မှစတင်ပြီး တိုးမြင့်လာခြင်းဖြစ်တယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာ NIS က ပြောပါတယ်။ အဲဒီနောက်ပိုင်း ရုရှားမှာ မြောက်ကိုရီးယား အလုပ်သမား (၄,၀၀၀)ခန့်ရှိလိမ့်မယ်လို့ ယုံကြည်ရပြီး အလုပ်သမားတစ်ဦးလျှင် လစဉ်လုပ်ခလစာ အမေရိကန်ဒေါ်လာ (၈၀၀)ခန့် ပေးရ ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ယူကရိန်းအပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲက ကြာရှည်လာတာကြောင့် အလုပ်သမားရှားပါးသွားတဲ့ ဆောက်လုပ်ရေး အလုပ်အကိုင်တွေနေရာမှာ ကူညီပေးဖို့ မော်စကိုအနေနဲ့ မြောက်ကိုရီးယား အလုပ်သမားတွေကို ခေါ်ယူဖို့ ဖြစ်လာနိုင်တယ်လို့ ရုရှားနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ဟောင်း၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဝေဆန်လတ်က ဖေဖော်ဝါရီ ၉ ရက်မှာ “ကိုရီးယား ဟာရယ်” သတင်းစာကို ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း ရုရှားကို မြောက်ကိုရီးယားက အလုပ်သမား ထောင်နဲ့ချီ စေလွှတ်ခဲ့ပေမယ့် အဲဒီမတိုင်မီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မပြဌာန်းခင်တုန်းကနဲ့ဆို အရေအတွက်သောင်းချီရှိနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံရပ်ခြားသို့ အလုပ်သမားများ စေလွှတ်ခြင်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၃၇၅ ကို ချိုးဖောက်ရာ ရောက်ရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံသားများရဲ့ ပြည်ပအလုပ်ပါမစ်များကို တားမြစ်ထားတဲ့အတွက် လက်ရှိစေလွှတ်ထားတဲ့ အလုပ်သမားအားလုံးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး ပြန်လည်ခေါ်ယူရန် ကုလသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား ကျောင်းသားဗီဇာနဲ့ အခြားလစ်ကွက် ဟာကွက်များကို အသုံးချပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တားမြစ်ချက်ကို ကျော်ဖြတ်နေခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွန်းအားပေးနေပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားအနေနဲ့ စိတ်ဝင်စားခြင်း ရှိ-မရှိ၊ သူ့ဘက်က တစ်ခုခု ဆက်လုပ်မလားဆိုတာ မသိရသေးပေမယ့် နယ်ခြားနယ်နိမိတ် သတ်မှတ်ရေးနဲ့ပတ်သက်တဲ့ ကြိုတင်သတ်မှတ်ချက်တချို့တော့ ချမှတ်ဖွယ်ရှိတယ်လို့ သံအမတ်ကြီးဟောင်းက မှတ်ချက်ပေးပါတယ်။ အပစ်အခတ်ရပ်စဲပြီး လာမယ့် ဧပြီလ အီစတာပွဲတော်ကာလမတိုင်မီ စစ်ပွဲကို အဆုံးသတ်ရန် ဝါရှင်တန်က ရည် ရွယ်ထားပါတယ်။ ဒါပေမယ့် အခြေအနေအချို့ကို ရုရှားဘက်က ဖြည့်ဆည်းပေးနိုင်မှုနဲ့ ရလဒ် တိုးတက်မှု ရှိ-မရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။ မြောက်ကိုရီးယားစစ်သားတွေဟာ ယူကရိန်းနယ်စပ်အနီး ရုရှားနိုင်ငံ ကက်ရှ်ဒေသ ရှေ့တန်းစစ်မျက်နှာကို ပြန်လည်ရောက်ရှိလာကြောင်း ဖေဖော်ဝါရီ ၇ ရက်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယား ထောက်လှမ်းရေး(NIS) ကတော့ အဲဒီကိစ္စကို အတည်မပြုပါဘူး။ ကာ့ရှ်ဒေသမှာ အကျအဆုံးများပြားတဲ့အတွက် မြောက်ကိုရီးယားတပ်သားတွေ ဆုတ်ခွာသွားတာ ဇန်နဝါရီလကတည်းကလို့ပဲ သိထားပါတယ်။

ရုရှားအတွက် တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ဇန်နဝါရီလလယ်အထိ (၃၀၀)ထက်မနည်း သေဆုံးပြီး (၂၇၀၀)ခန့် ဒဏ်ရာရရှိခဲ့လိမ့်မယ်လို့ NIS က ခန့်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ မြောက်ကိုရီးယားက ရုရှားနိုင်ငံကို စစ်သား (၁၁,၀၀၀)ခန့်စေလွှတ်ခဲ့ပြီး အဲဒီ စစ်သားတစ်ဦးချင်းစီကို တစ်လလျှင် ဒေါ်လာ(၂၀၀၀)ခန့် ပေးဆောင်ရတယ်လို့ NIS က ပြောပါတယ်။

zawgyi version
ေထာင္ေပါင္းမ်ားစြာေသာ ေျမာက္ကိုရီးယားလုပ္သားမ်ားကို ႐ုရွား ေဆာက္လုပ္ေရး လုပ္ငန္း ခြင္မ်ားသို႔ ေစလႊတ္ခဲ့ဟု ဆိုးလ္ေထာက္လွမ္းေရးေျပာ
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၁

၂၀၂၄ ခုႏွစ္အတြင္း ေျမာက္ကိုရီးယားဟာ ႐ုရွားႏိုင္ငံကို အလုပ္သမားနဲ႔ တပ္ဖြဲ႕ဝင္အမ်ားအျပားေစလႊတ္ခဲ့ေၾကာင္း ဆိုးလ္အမ်ိဳးသားေထာက္လွမ္းေရးဌာန (NIS) က ေျပာတယ္လို႔ “စထရိတ္တိုင္းမ္း”က ေဖေဖာ္ဝါရီလ ၁ဝ ရက္မွာေရးပါတယ္။

ေျမာက္ကိုရီးယားက ၿပီးခဲ့တဲ့ႏွစ္မွာ ႐ုရွားႏိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားကို အလုပ္သ မား ေထာင္ေပါင္းမ်ားစြာ ေစလႊတ္ခဲ့ေၾကာင္း၊ အဲဒီ ပမာဏဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ခန႔္မွန္းခ်က္မွစတင္ၿပီး တိုးျမင့္လာျခင္းျဖစ္တယ္လို႔ ေဖေဖာ္ဝါရီ ၉ ရက္မွာ NIS က ေျပာပါတယ္။ အဲဒီေနာက္ပိုင္း ႐ုရွားမွာ ေျမာက္ကိုရီးယား အလုပ္သမား (၄,၀၀၀)ခန႔္ရွိလိမ့္မယ္လို႔ ယုံၾကည္ရၿပီး အလုပ္သမားတစ္ဦးလွ်င္ လစဥ္လုပ္ခလစာ အေမရိကန္ေဒၚလာ (၈၀၀)ခန႔္ ေပးရ ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ယူကရိန္းအေပၚ ဆင္ႏႊဲေနတဲ့ စစ္ပြဲက ၾကာရွည္လာတာေၾကာင့္ အလုပ္သမားရွားပါးသြားတဲ့ ေဆာက္လုပ္ေရး အလုပ္အကိုင္ေတြေနရာမွာ ကူညီေပးဖို႔ ေမာ္စကိုအေနနဲ႔ ေျမာက္ကိုရီးယား အလုပ္သမားေတြကို ေခၚယူဖို႔ ျဖစ္လာႏိုင္တယ္လို႔ ႐ုရွားႏိုင္ငံဆိုင္ရာ ေတာင္ကိုရီးယား သံအမတ္ေဟာင္း၊ ႏိုင္ငံေရးသမားတစ္ဦးျဖစ္သူ ေဝဆန္လတ္က ေဖေဖာ္ဝါရီ ၉ ရက္မွာ “ကိုရီးယား ဟာရယ္” သတင္းစာကို ေျပာပါတယ္။

လြန္ခဲ့တဲ့ႏွစ္အတြင္း ႐ုရွားကို ေျမာက္ကိုရီးယားက အလုပ္သမား ေထာင္နဲ႔ခ်ီ ေစလႊတ္ခဲ့ေပမယ့္ အဲဒီမတိုင္မီ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ မျပဌာန္းခင္တုန္းကနဲ႔ဆို အေရအတြက္ေသာင္းခ်ီရွိႏိုင္တယ္လို႔ ဆိုပါတယ္။ ႏိုင္ငံရပ္ျခားသို႔ အလုပ္သမားမ်ား ေစလႊတ္ျခင္းဟာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္အမွတ္ ၂၃၇၅ ကို ခ်ိဳးေဖာက္ရာ ေရာက္ရွိေၾကာင္း၊ ေျမာက္ကိုရီးယားႏိုင္ငံသားမ်ားရဲ႕ ျပည္ပအလုပ္ပါမစ္မ်ားကို တားျမစ္ထားတဲ့အတြက္ လက္ရွိေစလႊတ္ထားတဲ့ အလုပ္သမားအားလုံးကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္ ေနာက္ဆုံးထားၿပီး ျပန္လည္ေခၚယူရန္ ကုလသမဂၢက ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမဲ့ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားတို႔အၾကား ေက်ာင္းသားဗီဇာနဲ႔ အျခားလစ္ကြက္ ဟာကြက္မ်ားကို အသုံးခ်ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ တားျမစ္ခ်က္ကို ေက်ာ္ျဖတ္ေနခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။ ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က တြန္းအားေပးေနပါတယ္။ အပစ္အခတ္ရပ္စဲေရးအတြက္ ႐ုရွားအေနနဲ႔ စိတ္ဝင္စားျခင္း ရွိ-မရွိ၊ သူ႔ဘက္က တစ္ခုခု ဆက္လုပ္မလားဆိုတာ မသိရေသးေပမယ့္ နယ္ျခားနယ္နိမိတ္ သတ္မွတ္ေရးနဲ႔ပတ္သက္တဲ့ ႀကိဳတင္သတ္မွတ္ခ်က္တခ်ိဳ႕ေတာ့ ခ်မွတ္ဖြယ္ရွိတယ္လို႔ သံအမတ္ႀကီးေဟာင္းက မွတ္ခ်က္ေပးပါတယ္။ အပစ္အခတ္ရပ္စဲၿပီး လာမယ့္ ဧၿပီလ အီစတာပြဲေတာ္ကာလမတိုင္မီ စစ္ပြဲကို အဆုံးသတ္ရန္ ဝါရွင္တန္က ရည္ ႐ြယ္ထားပါတယ္။ ဒါေပမယ့္ အေျခအေနအခ်ိဳ႕ကို ႐ုရွားဘက္က ျဖည့္ဆည္းေပးႏိုင္မႈနဲ႔ ရလဒ္ တိုးတက္မႈ ရွိ-မရွိ ရွင္းလင္းစြာ မသိရေသးပါဘူး။ ေျမာက္ကိုရီးယားစစ္သားေတြဟာ ယူကရိန္းနယ္စပ္အနီး ႐ုရွားႏိုင္ငံ ကက္ရွ္ေဒသ ေရွ႕တန္းစစ္မ်က္ႏွာကို ျပန္လည္ေရာက္ရွိလာေၾကာင္း ေဖေဖာ္ဝါရီ ၇ ရက္မွာ ယူကရိန္းသမၼတ ဇီလန္စကီးက ေျပာပါတယ္။ ဒါေပမဲ့ ေတာင္ကိုရီးယား ေထာက္လွမ္းေရး(NIS) ကေတာ့ အဲဒီကိစၥကို အတည္မျပဳပါဘူး။ ကာ့ရွ္ေဒသမွာ အက်အဆုံးမ်ားျပားတဲ့အတြက္ ေျမာက္ကိုရီးယားတပ္သားေတြ ဆုတ္ခြာသြားတာ ဇန္နဝါရီလကတည္းကလို႔ပဲ သိထားပါတယ္။

႐ုရွားအတြက္ တိုက္ခိုက္ေပးေနတဲ့ ေျမာက္ကိုရီးယားစစ္သားေတြဟာ ဇန္နဝါရီလလယ္အထိ (၃၀၀)ထက္မနည္း ေသဆုံးၿပီး (၂၇၀၀)ခန႔္ ဒဏ္ရာရရွိခဲ့လိမ့္မယ္လို႔ NIS က ခန႔္မွန္းထားပါတယ္။ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလအထိ ေျမာက္ကိုရီးယားက ႐ုရွားႏိုင္ငံကို စစ္သား (၁၁,၀၀၀)ခန႔္ေစလႊတ္ခဲ့ၿပီး အဲဒီ စစ္သားတစ္ဦးခ်င္းစီကို တစ္လလွ်င္ ေဒၚလာ(၂၀၀၀)ခန႔္ ေပးေဆာင္ရတယ္လို႔ NIS က ေျပာပါတယ္။

Related news

© 2021. All rights reserved.