မင်္ဂလာတောင်ညွန့်မြို့နယ်၌ အထပ်မြင့်တိုက်ခန်း မီးလောင်မှုကြောင့် လူ(၆)ဦး အသက်ရှူမွန်းကြပ်မှုဖြစ်ပွား

 1096

Pearl (NP News) - ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု မီးလောင်မှုကြောင့် လူ (၆)ဦးခန့် အသက်ရှူမွန်းကြပ်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေး အသင်းများထံမှသိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၁၅ရက်)၊ နေ့လည် (၂)နာရီ၊ (၅ဝ)မိနစ်အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်းရှိ အထပ်မြင့်တိုက်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုကို Level1 အဆင့်သတ်မှတ်ကာ တာမွေမြို့နယ်မီးသတ်စခန်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နေ့လည် (၃)နာရီ၊ (၂၈)မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှဆိုသည်။

၎င်းမီးလောင်မှု ဖြစ်စဉ်အတွင်း အနီးပတ်ဝန်းကျင်ရှိတိုက်ခန်းများတွင် နေထိုင်သော လူများမှာ ရုတ်တရက်ဆင်းပြေးကာ မီးရှောင်ခဲ့ရသကဲ့သို့ တိုက်ခန်းဝရန်တာများမှတဆင့် တွယ်ဆင်းကာ မီးဘေးရှောင်ရှားခဲ့သူများလည်းရှိကြောင်း လူမှုကူညီရေးအသင်းများက ဆိုသည်။

ထို့ပြင် ၎င်းမီးလောင်မှုဖြစ်စဉ်ကြောင့် အသက်ရှူမွန်းကြပ်သည့် လူနာ(၆)ဦးခန့်ရှိခဲ့ပြီး (၃)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကာ ကျန်(၃)ဦးအား မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြောင်း လူမှုကူညီရေး အသင်းများကပြောဆိုထားသည်။

zawgyi version
မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၌ အထပ္ျမင့္တိုက္ခန္း မီးေလာင္မႈေၾကာင့္ လူ(၆)ဦး အသက္ရႉမြန္းၾကပ္မႈျဖစ္ပြား
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၅

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရွိ အထပ္ျမင့္တိုက္ခန္းတစ္ခု မီးေလာင္မႈေၾကာင့္ လူ (၆)ဦးခန႔္ အသက္ရႉမြန္းၾကပ္မႈျဖစ္ပြားခဲ့ေၾကာင္း လူမႈကူညီေရး အသင္းမ်ားထံမွသိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၁၅ရက္)၊ ေန႔လည္ (၂)နာရီ၊ (၅ဝ)မိနစ္အခ်ိန္ခန႔္တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ေရတြင္းကုန္းရပ္ကြက္၊ (၁၂၂)လမ္းရွိ အထပ္ျမင့္တိုက္ခန္းတြင္ မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ မီးေလာင္မႈကို Level1 အဆင့္သတ္မွတ္ကာ တာေမြၿမိဳ႕နယ္မီးသတ္စခန္းႏွင့္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ မီးသတ္စခန္းတို႔မွ မီးသတ္ယာဥ္မ်ားျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ၿပီး ေန႔လည္ (၃)နာရီ၊ (၂၈)မိနစ္ အခ်ိန္ခန႔္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕မွဆိုသည္။

၎မီးေလာင္မႈ ျဖစ္စဥ္အတြင္း အနီးပတ္ဝန္းက်င္ရွိတိုက္ခန္းမ်ားတြင္ ေနထိုင္ေသာ လူမ်ားမွာ ႐ုတ္တရက္ဆင္းေျပးကာ မီးေရွာင္ခဲ့ရသကဲ့သို႔ တိုက္ခန္းဝရန္တာမ်ားမွတဆင့္ တြယ္ဆင္းကာ မီးေဘးေရွာင္ရွားခဲ့သူမ်ားလည္းရွိေၾကာင္း လူမႈကူညီေရးအသင္းမ်ားက ဆိုသည္။

ထို႔ျပင္ ၎မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ အသက္ရႉမြန္းၾကပ္သည့္ လူနာ(၆)ဦးခန႔္ရွိခဲ့ၿပီး (၃)ဦးအား ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ကာ က်န္(၃)ဦးအား ေျမျပင္ကုသမႈမ်ားျပဳလုပ္ေပးခဲ့ေၾကာင္း လူမႈကူညီေရး အသင္းမ်ားကေျပာဆိုထားသည္။

Related news

© 2021. All rights reserved.