Chon Buri ပြည်နယ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ဝန်ကြီးချုပ်ဖြစ်ဖို့ ရေပန်းစားနေ

 609

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၉

ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ရဲ့သမီးဖြစ်တဲ့ Paetongtarn "Ung-Ing" Shinawatra ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဖြစ်ဖို့ Chon Buri ပြည်နယ်ရှိ မဲဆန္ဒရှင်များကြားထဲ ရေပန်းအစားဆုံးဖြစ်နေကြောင်း၊ Nida Poll အဖွဲ့ရဲ့မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Chon Buri ပြည်နယ်ရှိ ပြည်သူများဟာ ထိုင်းအမျိုးသားညီညွှတ်ရေးပါတီကိုယ်စားပြု ယှဉ်ပြိုင်မယ့် ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာ နဲ့ Move Forward Party ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Pita Limjaroenrat တို့လည်း ရေပန်းစားလျက်ရှိနေတယ်လို့ သိရပါတယ်။

စစ်တမ်းကောက်ယူတဲ့ Nida Poll ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၄ ရက်အထိ Chon Buri ပြည်နယ်ရှိ မဲပေးခွင့်ရှိသူပေါင်း ၁၁ဝဝ ကျော်ကို ဖုန်းဆက်ကာ စစ်တမ်းကောက်ယူခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပြည်နယ်ဟာ လူဦးရေများတဲ့ပြည်နယ်တစ်ခုဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၁ဝ ဦးအထိ ရရှိမယ့် ပြည်နယ်လည်းဖြစ်ပါတယ်။ Chon Buri ပြည်နယ်အတွင်း Nida Poll က မေးမြန်းစစ်တမ်းကောက်ယူသူအများစုရဲ့ ၃၁ ရာခိုင်နှုန်းက Paetongtarn "Ung-Ing" Shinawatra ကို လာမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ်တွေ့မြင်ရဖို့ လိုလားနေကြောင်း ဆန္ဒမဲပေးခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးလိုသူဦးရေက ၁၈ ဒသမ ၃၂ ရာခိုင်နှုန်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် Move Forward Party ပါတီရဲ့ Pita Limjaroenrat ဆိုသူက Chon Buri ပြည်နယ်အတွင်းရှိ ပြည်သူများကြား ဝန်ကြီးချုပ်ဖြစ်ဖို့ တွေ့မြင်လိုသူအရေအတွက်က ၁၇ ဒသမ ၃၆ ရာခိုင်နှုန်းရှိနေကြောင်း၊ Nida Poll ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Nakhon Ratchasima ပြည်နယ်မှာ ဖေဖော်ဝါရီလ အစောပိုင်းကပြုလုပ်ခဲ့တဲ့ Nida Poll ရဲ့ စစ်တမ်းမှာလည်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးဖြစ်သလို ယင်းလပ်ရဲ့တူမဖြစ်တဲ့ Paetongtarn Shinawatra ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
Chon Buri ျပည္နယ္မွာ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးျဖစ္သူ ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ ေရပန္းစားေန
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၉

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္သူ သက္ဆင္ရဲ႕သမီးျဖစ္တဲ့ Paetongtarn "Ung-Ing" Shinawatra ဟာ လာမယ့္ ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ Chon Buri ျပည္နယ္ရွိ မဲဆႏၵရွင္မ်ားၾကားထဲ ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း၊ Nida Poll အဖြဲ႕ရဲ႕မၾကာေသးမီကျပဳလုပ္ခဲ့တဲ့ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

Chon Buri ျပည္နယ္ရွိ ျပည္သူမ်ားဟာ ထိုင္းအမ်ိဳးသားညီၫႊတ္ေရးပါတီကိုယ္စားျပဳ ယွဥ္ၿပိဳင္မယ့္ ထိုင္းဝန္ႀကီး ခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာ နဲ႔ Move Forward Party ပါတီ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Pita Limjaroenrat တို႔လည္း ေရပန္းစားလ်က္ရွိေနတယ္လို႔ သိရပါတယ္။

စစ္တမ္းေကာက္ယူတဲ့ Nida Poll ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၇ ရက္ကေန ၁၄ ရက္အထိ Chon Buri ျပည္နယ္ရွိ မဲေပးခြင့္ရွိသူေပါင္း ၁၁ဝဝ ေက်ာ္ကို ဖုန္းဆက္ကာ စစ္တမ္းေကာက္ယူခဲ့ၿပီးေနာက္ သတင္းထုတ္ျပန္ခဲ့ျခင္း ျဖစ္ပါတယ္။ အဆိုပါျပည္နယ္ဟာ လူဦးေရမ်ားတဲ့ျပည္နယ္တစ္ခုျဖစ္ၿပီး လာမယ့္ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေရ ၁ဝ ဦးအထိ ရရွိမယ့္ ျပည္နယ္လည္းျဖစ္ပါတယ္။ Chon Buri ျပည္နယ္အတြင္း Nida Poll က ေမးျမန္းစစ္တမ္းေကာက္ယူသူအမ်ားစုရဲ႕ ၃၁ ရာခိုင္ႏႈန္းက Paetongtarn "Ung-Ing" Shinawatra ကို လာမယ့္ ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ေတြ႕ျမင္ရဖို႔ လိုလားေနေၾကာင္း ဆႏၵမဲေပးခဲ့ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာကို လာမယ့္ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေထာက္ခံမဲေပးလိုသူဦးေရက ၁၈ ဒသမ ၃၂ ရာခိုင္ႏႈန္း ရွိေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Move Forward Party ပါတီရဲ႕ Pita Limjaroenrat ဆိုသူက Chon Buri ျပည္နယ္အတြင္းရွိ ျပည္သူမ်ားၾကား ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ ေတြ႕ျမင္လိုသူအေရအတြက္က ၁၇ ဒသမ ၃၆ ရာခိုင္ႏႈန္းရွိေနေၾကာင္း၊ Nida Poll ရဲ႕ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

Nakhon Ratchasima ျပည္နယ္မွာ ေဖေဖာ္ဝါရီလ အေစာပိုင္းကျပဳလုပ္ခဲ့တဲ့ Nida Poll ရဲ႕ စစ္တမ္းမွာလည္း ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ရဲ႕သမီးျဖစ္သလို ယင္းလပ္ရဲ႕တူမျဖစ္တဲ့ Paetongtarn Shinawatra ဟာ ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.